Saturday, February 13, 2010

ClearType သုံးကြပါ...။

ကျွန်တော်တို့တွေ အင်တာနက်သုံးကြသည်။ မြန်မာဘလော့ခ်တွေ ကြည့်ကြသည်။ အိမ်မှာသုံးတဲ့သူကတော့ ထားပါတော့။ အင်တာနက်ဆိုင်မှာသုံးသူတွေတော့ သတိထားမိမလားမသိဘူး။ တချို့စက်ကိုင်ရင် မြန်မာစာလုံးလေးတွေကြည့်ရတာ ကြည်လင်ပြတ်သားနေပြီး တချို့စက်မှာကျတော့ စာလုံးတွေက ဖွာတာတာဖြစ်နေမျိုးကိုလေ။ အဲဒါဘာကြောင့်ပါလဲ။
...အဲဒါဘာကြောင့်လဲဆိုတော့ Windows XP မှာပါတဲ့ ClearType ကို သုံးထားတဲ့စက်နဲ့ သုံးမထားတဲ့စက်..ကွာခြားချက်ကတော့ အဲဒါပါပဲ။ အဲဒီတော့ မော်နီတာပေါ်တဲ့ စာလုံးတွေ ပြတ်သားရှင်းလင်းစွာပေါ်အောင် ClearType ကို အသုံးချလိုက်ပါ။ (မှတ်ချက်- LCD မော်နီတာသုံးပါက မဖြစ်မနေ လုပ်ဆောင်သင့်ပါသည်။)

ClearType ကို Apply လုပ်နည်း

၁။ Desktop ပေါ်တွင် Right Click လုပ်ပြီး Properties ကိုရွေးပါ။

၂။ Apperance Tab ပေါ်တွင် တစ်ချက်နှိပ်ပါ။

၃။ ပြီးရင် Effect button ပေါ်တွင်နှိပ်ပါ။

၎။ Use the following method to smooth..... က အမှန်ခြစ်ပြုတ်နေရင် ထည့်လိုက်ပါ။

၅။ ပြီးရင် သူ့အောက်က drop-down list box မှာ ClearType ကိုရွေးလိုက်ပါ။

၆။ OK တွေ နှိပ်ပြီး ထွက်လိုက်ပါ။ မော်နီတာပေါ်က စာလုံးတွေ ချက်ချင်းပဲ ကြည်လင်ပြတ်သားသွားပါလိမ့်မယ်။

No comments:

FurMark2 <<< Download

  Geeks3D FurMark GPU Stress Test OpenGL and Vulkan Graphics Benchmark Windows - Linux Download Link>>> https://geeks3d.com/dl/show...