Thursday, January 28, 2010

BIOS password Bypass & Reset (CMOS password recovery tool 4.8-Download)

BIOS မှာ Password ထားရင်ကျော် ဖို့၊ Reset လုပ်ဖို့ နည်းလမ်းလေးပါ။ ဒီpost အတွက် BIOS, CMOS, နဲ့ IBM BIOS ဆိုတဲ့ အသုံးနှုန်းတွေ မြင်ရမှာပါ။ အသေးစိတ်တော့ ကျနော် မရေးနိုင်တော့ပါဘူး။ ကျော်တဲ့ နည်းပဲ ရေးမှာ မို့ပါ။
TOSHIBA laptop နဲ့ Desktop အများစု မှာ BIOS password ကို ကျော်ဖို့ အတွက် … Boot တတ်နေစဉ် အတွင်း ဘယ်ဘက်မှ Shift key(left Shift) ကို နိုပ်ထားပေးပါ။


IBM BIOS မှာဆိုရင် …. Boot တက်နေစဉ် mouse ရဲ့ Buttons ၂ ခု စလုံးကို တစ်ပြိုင်ထဲ ထပ်ခါ ထပ်ခါ နိုပ်ပေးပါ။

# BIOS password ကို သုံးခါထက် ပိုပြီး မှားရိုက်မိရင် locked ဖြစ်တတ်ပါတယ်။ #
PC Locked ဖြစ်သွားရင် BIOS password ကို crack or reset လုပ်ဖို့ software(CMOS password recovery tool 4.8) သုံးလို့ရပါတယ်။

Jumper ကို ဖြုတ်ရင်လည်း CMOS password ကို Clear ဖြစ်စေပါတယ်။ Jumper ကတော့ Motherboard အမျိုးအစားကို လိုက်ပြီး နေရာကွဲပြားတတ်ပါတယ်။ များသောအားဖြင့် Motherboard အစွန်းက CMOS Battery နဲ့ ကပ်လျက် ဒါမှမဟုတ် Processor နဲ့ ကပ်လျက်မှာ ရှိတတ်ပါတယ်။ ရေးထားတတ်တဲ့ အမည်တွေကတော့ CLEAR – CLEAR CMOS – CLR – CLRPWD – PASSWD – PASSWORD – PWD တို့ပဲ ဖြစ်ပါတယ်။(Laptop တွေမှာဆိုရင် jumper ဟာ keyboard ရဲ့ အောက် (သို့) laptop အောက်ခြေ မှာရှိတဲ့ အကန့်လေးတွေမှာ တွေ့နိုင်ပါတယ်။)



* ကွန်ပျူတာကို power ပိတ် plug ဖြုတ်ပြီးရင် jumper ကိုဖြုတ်ပါ။ ပြီးရင် ကွန်ပျူတာကို power ဖွင့်ပြီး ခဏထားပြီး ပြန်ပိတ်လိုက်ပါ။ ပြီးရင်တော့ jumper ကို ပြန်တပ်လိုက်ရင် password reset ဖြစ်သွားပါပြီ။ *

No comments:

OCCT Personal v17.1.7 <<< Download

OCCT, the free PC stability and stress testing software, available for PC and Linux systems. OCCT is free for personal use. Key Feature...