Thursday, December 10, 2009

G-mail ခိုးခံရတယ်ဆိုတာ..


ဂျီမေးလ်ခိုးခံရတယ်ဆိုတာ တော်တော်ကိုကြားလာရပြီ..ဒါဟာ ဘာလို့လဲဆိုရင်တော့ ဖြေစရာ အဖြေက နှစ်ချက်ပဲရှိတယ်….

(၁) PACမှာ အင်တာနက်သုံးသူအများစုဟာ မေးလ်စစ်ရင် ကိုယ့်အကောင့်ကိုကိုယ်ကောင်းကောင်းမထိန်းသိမ်းတတ်ြ ကလို့..
(၂) မတောက်တခေါက် လူငယ်ပညာရှင်(ဖျက်ဆီးရေးသမားဆိုပိုမှန်မယ်ထင်တယ်)များရဲ့ ဒုက္ခပေးမှု

ဆိုပြီးတော့ပါ….

မြန်မာနိုင်ငံမှာ ဂျီမေးလ်သုံးတဲ့ ယူဇာတွေများပါတယ်..သူတို့အားလုံးဟာ ဒီမေးလ်ကို အလကားရပြီး မြန်ဆန်တာကြောင့်သုံးတာပါ..အလကားရတဲ့အတွက်တန်ဖိုးထား လေ့မရှိပါဘူး….အကောင့်တစ်ခုပျက်ရင် နောက်တစ်ခုလုပ်ပါတယ်.
ပြီးတော့သူတို့ဟာ မေးလ်ကိုဘယ်လိုကာကွယ်ရမယ်ဆိုတာလဲ သိရှိထားခြင်းမရှိပါဘူး…
ဥပမာ… ယူဇာနိမ်းနဲ့ ပက်စ်ဝက်ဒ်ကို ရိုက်ထည့်လိုက်ပြီးရင် browser က မေးပါတယ်…Password ကို Remember လုပ်မလား.. Never For This Site လုပ်မလား.. ဒါမှမဟုတ် Not Now (အခုမလုပ်သေးဘူး) ဆိုပြီးတော့ပေါ့.. ဒါကို Remember ပေးထားလိုက်မိရင်တော့ သွားပြီသာမှတ်လိုက်ပါ..နောက်လူက မလိုချင်တောင်မှ သူ့ရဲ့ ယူဇာနိမ်းနဲ့ ပက်စ်ဝက်ဒ်က ဂျီမေးလ်ကို auto fill လုပ်ပါတယ်.. ဒီတော့…..
ပြီးတော့ ကိုယ့်မေးလ်ကိုတန်ဖိုးမထားမှုအပိုင်းပါ….
ကျွန်တော်အပေါ်မှာပြောခဲ့သလိုပဲ.. ကောင်မလေးတစ်ယောက် သူ့အကောင့်ကို Remember လုပ်ပြီး ထွက်သွားပါတယ်.. ကျွန်တော်ကသူပြီးတော့ထိုင်တော့ မေးလ် ယူဇာနိမ်းနဲ့ ပက်စ်ဝက်ဒ်က သူ့အလိုလိုပေါ်လာပါတယ်.. ဒါနဲ့ ကျွန်တော်လဲဝင်လိုက်ပါတယ်.. (ခိုးတာဟုတ်သေးဘူးနော်.. စပ်စုကြည့်တာ ) ပြီးတော့ ပြန်ထွက်ပါတယ်..ပြန်ပေါ်လာပါတယ်..ဒါနဲ့ ပြန်ဝင်ပြီး Password ပြောင်းလိုက်ပါတယ်.. အလွယ်တကူပဲပြောင်းလို့ရသွားပါတယ်..
ဒါနဲ့ ကျွန်တော် password ပြောင်းပြီး ယူထားလိုက်ပါတယ်.. ပြီးတော့ remember မလုပ်ထားတဲ့ အတွက် သူ့အကောင့်ကို သူရော တခြားသူပါ ၀င်မရတော့ပါဘူး (ကျွန်တော်ကလွဲပြီးတော့ပေါ့ ) ဒါပေမယ့် သူ့အကောင့်ကို မလိုချင်တဲ့အတွက် သူ့သူငယ်ချင်းကို မေးလ်ပို့ပြီး ပက်စ်ဝဒ်ပြောင်းထားလိုက်ပြီ… သိချင်ရင် ဒီမေးလ်ကိုဆက်သွယ်ပြီး ပြန်တောင်းပါလို့ပြောပါတယ်.. ဒါပေမယ့် အခုထက်ထိ သုံးပတ်ကျော်ပါပြီ..ဘာမေးလ်မှ ရောက်မလာပါဘူး… ဒါကိုကြည့်ရင် မြန်မာပြည်က လူတွေက ကိုယ့်အကောင့်ကို ကိုယ်ကောင်းကောင်းမထိန်းသိမ်းဘူး..အကောင့်ဟက်ခံရရင်လဲ..အကောင့်ကိုပြန်ယူဖို့မကြိုးစားဘဲ နောက်တစ်ခုကို ဖွင့်တတ်ကြတယ်ဆိုတာရှင်းနေပါတယ်.. ပြန်ပေးပါမယ်ဆိုတာတောင် မယူတာကို အံ့သြလို့မဆုံးပါဘူး…

No comments:

FurMark2 <<< Download

  Geeks3D FurMark GPU Stress Test OpenGL and Vulkan Graphics Benchmark Windows - Linux Download Link>>> https://geeks3d.com/dl/show...