Friday, November 20, 2009

“မောင်လို့ခေါ်ရင်ပြောမယ်”

“မောင်လို့ခေါ်ရင်ပြောမယ်”

တစ်ခါက ဆယ်တန်းစာမေးပွဲ ဖြေတဲ့ အချိန်ပေါ့အခန်းတစ်ခန်းမှာ ကောင်လေးကနောက်ကခုံမှာ အရှေ့မှာကစာသိပ်ကြိုးစားတဲ့ကောင်မလေးတစ်ယောက်ထိုင်တယ် ခုံတစ်တန်းထဲ ကျကြတာ

ရှေ့နောက်ကိုယ့်စာကိုယ်ဖြေရင်း အချိန်စေ့ဖို့ ၄၅ မိနစ်လောက်အလို ခုနကပြောတဲ့နောက်ကကောင်လေးကစာရွက်ကြီးကိုင်ပြီးစာပြန်စစ်နေတဲ့ပုံစံနဲ့မိန့်မိန့်ကြီး

ကောင်မလေးက အဲဒီမှာ မေးခွန်းနံပါတ် (၅)ကိုမဖြေတတ်လို့ အခက်တွေ့နေတယ်ကောင်မလေးက ဂုဏ်ထူးတွေဘာတွေ မှန်းထားတာဒီတစ်ပုဒ်ပဲ ကျန်တာ ဖြေဖို့ အစ မေ့နေတယ် နာရီကြည့်တော့ မိနစ်

၄၀လောက်ပဲကျန်တော့တယ် အဲဒါနဲ့ ကြံရာမရတော့ အနီးဆုံးဖြစ်တဲ့နောက်ကကောင်လေးကို လှည့်ပြီး တိုးတိုးလေးမေးတယ်“ ဟေ့.....နံပါတ်(၅) ပြောပြကြည့်“

“အဲဒီမှာကောင်လေးက နောက်ကနေ တိုးတိုးလေးပြန်ပြောတယ်““

မောင်လို့ခေါ်ရင်ပြောမယ် ””ကောင်မလေး စိတ်အရမ်းဆိုးသွားတယ်””အဒါနဲ့သူ့ရှေ့က ကောင်မလေးကိုမေးတော့ မရဘူးပြောတယ် ဆရာမတွေကလဲမျက်စိတောက်ထောက်ကြည့်နေတာနာရီကြည့်တော့

မိနစ် ၃၀ လောက်ပဲကျန်တော့တယ် အဲဒါနဲ့ ကောင်မလေးကစိတ်ကိုလျှော့ပြီး အသံလေးချိုချိုသာသာနဲ့ နောက်ပြန်လှည့်ပြီး““ ဟေ့ ...ပြောပြလေဟာ နင်ကလဲ နော်

””ကောင်လေးကလည်းပြန်ပြောရှာပါတယ်““ မောင်လို့ခေါ်ရင်ပြောမယ် ””ကောင်မလေး တောက်တစ်ချက် တိုးတိုးလေးခေါက်လိုက်တယ် မပြောချင်နေကွာ

ဆိုပြီးတင်းခံပြီးစဉ်းစားနေတယ် မရဘူး

နာရီကိုတစ်ခေါက်ထပ်ကြည့်တော့ ၂၅ မိနစ် ပဲကျန်တော့တယ် အဲဒါနဲ့ကောင်မလေးကစဉ်းစားတယ် သူ့ကိုမောင်လို့တစ်ခါခေါ်လိုက်ရင် ကိုယ်ကဘာဖြစ်သွားမှာကျလို့

နောက်တွေ့မှာမှ မဟုတ်တာ ခေါ်လိုက်ရင် ငါ စာတစ်ပုဒ်ရမှာ တန်ပါတယ် ဆိုပြီး

နောက်လှည့် ပြီး

““ မောင်.............””လို့ခေါ်လိုက်တယ် ကောင်လေးကပြုံးပြီး တိုးတိုးလေးပြန်ပြောတယ်

““ သိပ်မကြားရဘူး ”” ကောင်မလေး နှုတ်ခမ်းတစ်ချက်ဆူသွားတယ် စိတ်ထဲမှာလဲကျိန်ဆဲနေပြီ ဒါပေမယ့်စာရဖို့က အရေးကြီးနေတော့အသံကိုမနဲချိုပြီး

““ မောင်.....ပြောပြပါနော် ......မောင်နော် ””

အဲဒီမှာကောင်လေးက အနောက်ကနေ ကပ်ပြီးပြန်ပြောလိုက်တာက

““ ဟဲဟဲ .....မောင်လည်းမင်းလိုပါပဲကွာ အဲတစ်ပုဒ်ကိုမရဘူး ””

:P
:P
:P

No comments:

OCCT Personal v17.1.7 <<< Download

OCCT, the free PC stability and stress testing software, available for PC and Linux systems. OCCT is free for personal use. Key Feature...