Monday, November 9, 2009

အင်တာနက်သုံးရင် သိထားသင့်တာလေးတွေ....။


(၁) မိမိမသိတဲ့မေးလ်ကို ဖွင့်ဖောက်မကြည့်မိပါစေနဲ့ . ဖွင့်ကြည့်မိသည့်တိုင်အောင် ဓါတ်ပုံနှင့် ပို့ပေးထားသည့် ဘာမှန်းမသိသည့် program ကို install မလုပ်ပါနှင့်..
မည်သည့် program ကိုမဆို rename ပြောင်းလို့ရပါတယ်...။
(၂) internet ကို အပြင်ဆိုင်များတွင် မဖြစ်မနေသုံးရင် keylogger ရှိမရှိ သေချာဆန်းစစ်ပြီးမှ သုံးပါ ..
(၃) firefox ကို သုံးပြီး email ၀င်တိုင်း remember this computer ကိုတာကို အမှန်ခြစ်မပေးမိပါစေနဲ့ ....။
မိမိရဲ့ password ဟာ firefox browser မှာ ကျန်ခဲ့သလား မကျန်ခဲ့သလား သိချင်ရင် Tools >> options >> security ကို သွားလိုက်ပါ...
ပြီးလျှင် saved passwords ကို နှိပ်ပါ . ပေါ်လာတဲ့ box ထဲက show password ကို ဆက်နှိပ်လိုက်ပါ . အဲ့မှာ ကျန်နေခဲ့လျှင် remove all ကို နှိပ်ပြီး ရှင်းလင်းခဲ့နိုင်ပါတယ်...
cookies တွေ ကျန်နေခဲ့မှာ စိုးရင်တော့ ccleaner လို program မျိုးနဲ့ ရှင်းခဲ့လျှင် ပိုစိတ်ချနိုင်ပါသည်.....။
(၄) keylogger ကို ဖျက်ပစ်နည်းကို အရင်ပို့စ်တွေမှာ ရေးခဲ့ပြီးသားပါ . အဲ့ဒီ့အတွက်တော့ နားလည်မယ်လို့ မျှော်လင့်ပါတယ်...။
နောက်တစ်ခုက keylogger မဟုတ်ဘဲ တစ်ခြား မိမိလုပ်ဆောင်ချင်ကို မှတ်သားပေးနိုင်တဲ့ recorder တွေလဲ ရှိပါသေးတယ်.......
(၅) နောက်တစ်ခုက flash drive တစ်ခုဆောင်ထားပြီး ဆိုင်က program တွေကို မသုံးပဲ လိုအပ်တဲ့ program တွေကို မိမိ flash drive ထဲမှာ portable အဖြစ် ယူလာပြီးသုံးတာ ပိုအဆင်ပြေစေပါတယ် .

No comments:

OCCT Personal v17.1.7 <<< Download

OCCT, the free PC stability and stress testing software, available for PC and Linux systems. OCCT is free for personal use. Key Feature...