Tuesday, August 11, 2009

ဖျတ်မိသွားတာတွေကို အလွယ်တကူ Recovery ယူမယ်

Delete လုပ်မိသွားတဲ့ ဖိုင်တွေကို အလွယ်တကူ ပြန်ရှာလို့ ရတဲ့ ပေါ့ပေါ့ပါးပါး software လေးတစ်ခ်ုပါ်။ ကြာတယ် လေးတယ်၊ သာမာန်ဖိုင်လေးတစ်ခု မှားဖျတ်မိလို့ ချက်ချင်းပြန်လိုချင်ပါတယ်ဆို သူ့ software က လေးနေတာနဲ့ စိတ်ဓါတ်ကျသွားတယ်။ ပြန်ကို မရှာချင်တော့ဘူးဖြစ်သွားတယ်။အခုsoftwareလေးက တော်တော်လေးကောင်းတယ်။မြန်တယ် လွယ်တယ်၊ လှတယ်၊ တကယ်လည်း ချက်ခြင်းကို ပြန်ရှာပေးနိုင်တယ်။ ဒါပေမယ့် NTFS format အတွက်ပဲ ရှာလို့ရမှာဖြစ်ပါတယ်။ အခု ခေတ်မှာတော့ windows သုံးတဲ့ လူတိုင်း NTFS ဖြစ်နေမှာပါ။ အဲဒီအတွက် အရမ်း အသုံးဝင်ပါတယ်။ ပိုအဆင်ပြေတာက portable ဗျ ။ ဆိုဒ်ကလည်း 2 Mb ထဲ ရှိတာဆိုတော့ သိမ်းထားရ အဆင်ပြေတယ်လေ။ Shift+Delete နှိပ်ပြီး မှားဖြတ်မိတာပဲ ဖြစ်ဖြစ်၊ recycle bin ကို clear လုပ်မိတာပဲ ဖြစ်ဖြစ်ပေါ့၊ ပြန်လိုချင်တယ်ဆိုရင် အောက်က .. အတိုင်းလေး အလွယ်တကူ ပြန်ယူရုံပဲဗျ။ အရမ်းအဆင်ပြေပါတယ်။


smart.NTFS.Recovery_4.1

သူက Portable ပဲ ဖြစ်လို့ .exe ဖိုင်တစ်ခုထဲပါပါတယ်။ အဲဒါလေးကို run လိုက်တာနဲ့ အပေါ်ပုံမှာ ပြခဲ့သလို မြင်ရမှာပါ။ မိမိမှာ ခွဲထားသမျှ partitions တွေကို ပြပေးမှာပါ။ ဘယ်အပိုင်းက ဖျတ်မိတာကို ပြန်ယူမလဲပေါ့။ အဲဒါလေးကို ရွေးပေးနိုင်ပါတယ်။



နောက်တစ်ခုက ဘာဖိုင်အမျိုးအစားကို ပြန်ရှာချင်တာလဲပေါ့။ အားလုံးရှာမယ်ဆိုရင်တော့ အပေါ်ဆုံးက All files ကိုပဲ ရွေးပေးလိုက်လို့ရပါတယ်။



အားလုံးရွေးပြီးပြီဆိုရင် Find ကို နှိပ်ပြီး ရှာလိုက်ရုံပါပဲ။



အရမ်းမြန်ပါတယ်။ သူရှာလို့ ပြီးတာနဲ့ အောက်ပါအတိုင်း တွေ့ထားတာတွေကို box ကြီးနဲ့ လာပြပါတယ်။



Restore မိမိ ပြန်ယူမယ့် ဖိုင်တွေကို check ပေးပြီး Restore ကို ပြန်နှိပ်ပေးရုံပါပဲ။ Desktop ပေါ်မှာ Files နာမည်နဲ့ ဖိုဒါတစ်ခု ထဲ ရောက်နေမှာ ဖြစ်ပါတယ်။



တကယ်လို့ Recovery Tool တွေနဲ့ပါ ရှာလို့ မရစေချင်ဘူး ဆိုရင်တော့ Wipe ကို နှိပ်ပြီး ထပ်ဆင့် ဖျတ်ပေးလိုက်ပေါ့ဗျာ။ ဒါဆို တကယ် ရှာမတွေ့နိုင်တဲ့ ဖိုင်တွေဖြစ်သွားပါပြီ။



အသုံးဝင်ကြမယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တကယ်ကို ကြိုက်လို့ အသုံးတည့်တာမို့လို့ တင်ပေးတာ ဖြစ်ပါတယ်။ ကွန်ပျူတာ အသုံးပြုသူတိုင်း မှားဖျတ်တတ်ကြတာဖြစ်လို့ ၊ ခဲတံနောက်မှာ ခဲဖျတ် တပ်ထားသလို ၊ မိမိကွန်ပျူတာမှာလည်း Smart.NTFS.Recovery လေး သိမ်းထားသင့်ပါတယ်။ သုံးကြည့်လိုက်ကြပါဦး။

No comments:

FurMark2 <<< Download

  Geeks3D FurMark GPU Stress Test OpenGL and Vulkan Graphics Benchmark Windows - Linux Download Link>>> https://geeks3d.com/dl/show...