Saturday, August 8, 2009

မျက်စိဖွင့်ပြီး အိပ်ကြသူများ...


နေမင်းက ခေါင်းပြူကြည့်

နံနက်ခင်း ဆိုတာကိုပေးသိပေမယ့်

အိပ်မက်တွေတခမ်းတနားနဲ့

ငါ တို့တွေ မနိုးတမ်းအိပ်ခဲ့ကြတယ် …။


နောက်မကျဖို့အရေးကြီးတယ်တဲ့

အော်ခေါ်သံအဟောင်းတွေကြားမှာ

နာရီတွေပြောင်းပြန်လည်

ငါတို့ ဘယ်အချိန်ထရမလဲကွယ် …။


နံနက်ခင်းမပါတဲ့ နေ့ရက်တွေထဲက

ကျနေဆဲနေရောင်မှာ

ဘာဒဏ်ရာတွေ ပါလာဦးမှာလဲ

လျှောက်နေကြလမ်းတွေကရော

ဘယ်လို မာယာတွေထဲမျောဦးမှာလဲ …။


အဲဒါတွေထားလိုက်ပါ...

မရှိခြင်းတွေက မွေးဖွားတဲ့

မသိခြင်းတွေများစွာနဲ့ အိပ်

ငါတို့ရဲ့ ညတွေကတော့ …

အလင်းတွေကို ဘေးချပြီး တိတ်ဆိတ်လို့ …။

No comments:

FurMark2 <<< Download

  Geeks3D FurMark GPU Stress Test OpenGL and Vulkan Graphics Benchmark Windows - Linux Download Link>>> https://geeks3d.com/dl/show...