Friday, August 7, 2009

ACADEMIC (ပညာရှင်)



_ တစ်ခါက သင်္ချာပညာရှင်ကြီး “ယူကလစ်” ကို သူ့ တပည့်တစ်ယောက်က အခုလိုမေးသတဲ့..
“ဆရာကြီးခင်ဗျာ… ဆရာကြီးသင်ပေးတဲ့ ဂျီသြမေတြီ ပညာဟာ လက်တွေ့  မှာဘာအသုံးကျမှာလည်းခင်ဗျာ ။”
“ယူကလစ”်က ဘာမှပြန်မပြောပါဘူး…အစေခံတစ်ယောက်ကိုခေါ်ပြီး အခုလိုအမိန့် ပေးလိုက်ပါတယ် ။
“ဒီသူငယ်ကို အသပြာနည်းနည်း မ,စလိုက်ပါကွယ်။”
“ယူကလစ”လိုလူမျိုးကို “ပညာရှင်(Academic)” လို့ ခေါ်ပါသည်။ သူ့ တပည့်လို လူမျိုးဟာ “ပညာရှင်”မဟုတ်ပါဘူး… အလွန်ဆုံးဖြစ်မှ “ပညာသည်(Technician)” လို့  သာသတ်မှတ်နိုင်ပါလိမ့်မယ်…။
“ပညာရှင်” ရဲ့စိတ်ဓါတ်ဟာ “အကျိုးစီးပွား”နဲ့  မယှဉ်ပါဘူး။ “ပညာ” ကိုသာတရှိုက်မက်မက်ရှာဖွေနေလိုသူဖြစ်တယ်။ သူရဲ့ ကိုယ်၊စိတ၊်နှလုံး သုံးပါးလုံးကို အဆက်မပြတ် လှုံ့ ဆော်နေတာဟာ ငွေကြေးမဟုတ်ပါဘူး။ ဂုဏ်ပကာသနလဲ မဟုတ်ပါဘူး။ လုပ်ပိုင်ခွင့်အာဏာတွေလည်း မဟုတ်ပါဘူး။ သူ့ အသွေးအသားထဲမှာ ကိန်းဝပ်နေတဲ့ “ကိုယ်ပိုင်အဟုန်”က သူ့ ကိုမောင်းနှင်နေတယ်။ သူ့ ဘ၀ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ဟာ ပညာရှာဖို့ ပါပဲ။ “ပညာ” ဟာသူ့ အတွက် အလုပ်ဖြစ်သလို သူ့  ရဲ့ပျော်ရွှင်မှူလဲဖြစ်ပါတယ်။
“ပညာသည် ပညာအတွက် (Knowledge for the sake of Knowledge)” ဆိုတာ ပညာရှင်တွေရဲ့ မကြေငြာတဲ့ မူဝါဒလို့ ဆိုနိုင်ပါတယ်။“ဘာအတွက်၊ ညာအတွက်”ဆိုပြီး လက်ရုံးဆန့် တန်းလေ့ရှိသူများအတွက်ကတော့… ဒီသဘောကို ဘ၀င်ကျ လှမယ်မထင်ပါဘူး။
“ပညာသည်၊ ပညာအတွက်”ဆိုတာ ခေါမ ဒသ၁နဆရာတွေရဲ့ လုပ်ထုံး၊လုပ်နည်းပါ။ အထူးသဖြင့် သင်္ချာပညာရှင်တွေဖြစ်ပါတယ်။ သိပြီးသား ပညာတစ်ခုကိုအခြေခံပြီး မသိသေးတဲ့ပညာကို ဆက်ရှာတယ်။ သိပြီဆိုတာနဲ့  အဲဒီပညာကို အခြေခံပြီး နောက် မသိသေးတဲ့ပညာကိုဆက်ရှာတယ်။ ဒီလိုနဲ့  ပညာခရီးသည်ဟာ “အကြွင်းမဲ့သိခြင်း(Absolute True)” ဆီကိုဦးတည်ပြီး မမောမပန်းခရီးဆက်နေပါလိမ့်မယ်။
လောကီမှာ“အကြွင်းမဲ့”ဆိုတဲ့ပြည့်စုံမှူမျိုးမရနိုင်လေတော့ ပညာခရီးဟာလည်း ဘယ်တော့မှမဆုံးနိုင်တော့ဘူးပေါ့။ ဒါကြောင့် ပညာရှင်တွေဟာ အ၀ိဇ္ဇာကနေ ၀ိဇ္ဇာဆီကို မနားတမ်းခရီးဆက်နေတဲ့ “စဉ်ဆက်မပြတ် လေ့လာနေကြသူများ (Continual Learners)” ဖြစ်ပါတယ်။



(Ref: Word Power, by Edward Debono)

No comments:

OCCT Personal v17.1.7 <<< Download

OCCT, the free PC stability and stress testing software, available for PC and Linux systems. OCCT is free for personal use. Key Feature...