Saturday, October 13, 2012

Huawei U8661 Root


အရင်ဆုံး 20120724huawei8661sonic + + U8661.zip  လေးကို ဒေါင်းလုပ်ဆွဲလိုက်ပါ။
ပြီးရင် zip ဖိုင်လေးကို extract ဖြေလိုက်ပါ။ install-superrecovery-windows.bat လေးကို Run ပေးထားပါ သူကတော့ Waiting For Device လိုပြောပါလိမ့်မယ်။ ကိစ္စမရှိပါဘူး Phone ကိုမှ ကြိုးမထိုးရသေးတာ...
Phbone ကို Setting ထဲ ၀င်ပါ System Settings — Applications – Development –  ထဲက USB debugging ကို အမှန်ခြစ်ပေးပါ။
ပြီးရင် System Settings — Applications – ထဲက Unknown Sources ကို အမှန်ခြစ်ပေးပါအားလုံးပြီးရင်တော့ ဖုန်းကို ကွန်ပြုတာဖြင့် အရင်ချိတ်ပါ Driver သိအောင်လုပ်ပြီး Driver အားလုံး အိုကေတယ် ဆိုရင် ကြိုးပြန်ဖြုတ်ပါ… ဘတ်ထရီဖြုတ်ပြီး ငါးစက္ကန့်ထားပါ။ ပြီးရင်တော့ ဘတ်ထရီပြန်ထည့်ကာ Vol Down Key + Power Key ကို တွဲနှိပ်ပြီး Huawei Logo မှာ ရပ်နေသည့် အထိ ဆက်နှိပ်ထားပါ။ Huawei Logo မှာ ရပ်နေတယ်ဆိုတာ သေချာရင်တော့ Key တွေကိုလွှတ်ပြီးတော့ ကွန်ပြုတာဖြင့် ဖုန်းအား စတင် ချိတ်ဆက်ပါ။ ပထမပိုင်းက Run ထားတဲ့ install-superrecovery-windows.bat လေးဟာ သူ့အလိုလို စာတွေရေးသွားပါလိမ့်မယ်။ ပြီးရင် Box လေးပျောက်သွားရင် ဖုန်းကို ကြိုးဖြုတ် ဘတ်ထရီဖြုတ်ပါ။ ငါးစက္ကန့်ကြာမြင့်လျင် ဘတ်ထရီပြန်ထည့်ပါ။ Vol Up Key + Power Key ကို တွဲနှိပ်ထားပါ။ စက်ရုပ်လိုဂိုလေး ပေါ်လာရင် လက်ကိုလွှတ်လိုက်ပါ။ Reboot System Now ကို နှိပ်ပါ။ (Boot Menu တွင် တစ်ခုနှင့် တစ်ခု ရွှေလိုလျင် Vol Up + Vol Down Key တိုဖြင့် အပေါ်အောက်သွားနိုင်ပြီး Enter လုပ်လိုလျင် Power Key ဖြင့် ပြုလုပ်နိုင်သည်။) ဖုန်း Reset ကျသွားပြီး ပြန်တက်လာလျင် Super Su ပုံလေး ပေါ်လာပါမည်။
လွယ်ကူ အဆင်ပြေနိုင်ကြပါစေ…

No comments: