Desktop ပေါ်တွင် Right Click နှိပ်ပြီး New ထဲမှ Shortcut ကိုနှိပ်ပါ။
Shortcut Box ပေါ်လာပါလိမ့်မယ်။ Shortcut Box မှာ rundll32.exe user32.dll,LockWorkStation လို့ ရိုက် ထည့်ပါ။
ပြီးရင် Shortcut name ထည့်ပါ။ တို့ နောက် Finish ကိုနှိပ်လိုက်ပါ။ Desktop ပေါ်မှာ Shortcut တစ်ခုကို မြင်ရမှာဖြစ်ပါတယ်။
Screen ကို Lock ပြုလုပ်လိုတဲ့အခါမှာ အဲ့ဒီဖန်တီးထားတဲ့ Shortcut လေးကို နှိပ်လိုက်ခြင်းဖြင့် Screen ကို လျှင်မြန်စွာ Lock လုပ်နိုင်မှာဖြစ်ပါတယ်။
Thanks!!!
Hbone Kyaw ( July 20,2010)
“စိတ္တေန နိယတိ လောကေ” လောကော - လောကကြီးတွင် စိတ္တေန - စိတ်သည် နိယတိ - ဦးဆောင်သည်။ {လောကကြီးတစ်ခုလုံးကို စိတ်ကသာလျှင် ဦးဆောင်သည်။ “မြတ်ဗုဒ္ဓ”} ဒီ Blog လေးကို August1,2009(Sat) ကစတင်တည်ဆောက်ခဲ့တယ်။
Tuesday, July 20, 2010
Monday, June 7, 2010
Pen Drive ကို virus မ၀င်အောင် ဘယ်လိုလုပ်မလဲ။

ပထမဦးဆုံးအနေနဲ.=>
Pen drive ထဲက DATA တွေကို တနေရာမှာ Backup လုပ်ပြီး Format ရိုက်လိုက်ပါ။ Format ရိုက်တာက တော့ သိပ်ထွေထွေထူးထူး ပြောစရာမလိုပါဘူး။ My computer ဖွင့်ပြီး ကိုယ် Pen Drive ပေါ်မှာ ညာဘက်က လစ် လုပ်ပြီး Format ပေါ့။ ပြီးရင် start ။ Data တွေပျောက် ကုန်မယ်လို. သူက သတိပေးရင် ok လုပ်လိုက်။ သူ.ဘာသာ Format ရိုက်သွားလိမ့်မယ်။ Format complate လို.ပြောရင် ok လို့ ပြောလိုက်။
start => run > cmd လို့ ရိုက်ပြီး Enter ။ command box လေး ပေါ်လာပြီဆိုရင် convert e:/fs:ntfs ဆိုပြီး Enter ခေါက်၊ e: ဆိုတဲ့နေ ရာမှာ ကိုယ့်ရဲ့ Pen Drive Latter ကိုရေးပေးရမှာနော်။ ပြီးရင် သူ. ဘာသာ NTFS File system ပြောင်းသွားလိမ့်မယ်။ ပြီးရင် ကိုယ့်ထည့် ချင်တဲ့ DATA တွေကို ကိုယ် Pen Drive ထဲကို ပြောင်း ထည့်လို.ရပါပြီ။ ပြီးရင် My computer ထဲမှာ Tools ထဲက Folder Option ကိုဖွင့် ပါ။ View Tab ထဲမှာ အောက်ဆုံးက Use simple file sharing ဆိုတာကို အမှန်ခြစ် ဖြုတ်ပေးပါ။ ပြီးရင် Apply , OK ပေါ့။ ပြီးရင် My computer ထဲက ကိုယ်ရဲ့ Pen Drive ပေါ်မှာ ညာဘက်ကလစ်လုပ်ပြီး Properties ပေါ့။ security Tab ထဲမှာ ပုံမှန်အားဖြင့် Full control ဖြစ်နေလိမ့်မယ်။ အဲဒီမှာ Full Control ဆိုတာရယ်။ Modify ဆိုတာရယ်။ write ဆိုတာရယ်ကို အမှန်ခြစ် ဖြုတ်ပေးရပါမယ်။ ပြီးရင် Apply , Ok ပေါ့။ အားလုံးပြီးသွားရင်တော့ Full Control ပြန်မလုပ်သရွေ. ဖိုင်တွေ ထပ်ထည့်လို့ မရတော့ပါဘူး။ အထဲက ဖိုင်တွေကိုတော့ ပုံမှန်
ယူသုံးလို့ ရနေမှာပါ။ Full Control ပြန်မလုပ်သရွေ့  ဗိုင်းရပ်တွေကလည်း Pen Drive ထဲကိုဝင်လာနိုင်စရာမ ရှိတော့ပါဘူး ။

Thanks !!!
Hbone Kyaw

Show Hidden File and Folder
Show Hidden File and Folder

Show Hidden File and Folder လို့ ပြောလိုက်တိုင်း Apply တောင် မလုပ်ရသေးဘူး Do not Show Hidden File and Folder ဆိုပြီးပြန်ပြန် ဖြစ်နေတာ တစ်ချို့ ကြုံဖူးကြပါလိမ့်မယ်။
အဲဒါဆိုရင်တော့…
Run > Regedit လိုက်ပြီး Registry Editor ပေါ်လာရင် ဘယ်ဘက်ခြမ်းမှာ HKEY_CURRENT_USER
အောက်က Software အောက်က Microsoft အောက်က Windows အောက်က CurruntVersion
အောက်က Explorer အောက်က Advanced ဆိုတဲ့ ဖိုဒါပေါ်မှာ select မှက် လိုက်ရင် ညာဘက်ခြမ်းမှာ Hidden ဆိုတာလေးကို တွေ့ လိမ့်မယ်။
Hidden ဆိုတာလေးပေါ်မှာ ကလစ်နှစ်ချက်နှိပ်လိုက်ရင်။ Value Data အောက်မှာ 1 ဆိုရင် show hidden file and folder ပါ။ 2 တို့  0 တို့  ဖြစ်နေရင် ဖိုဒါတွေ ဖိုင်တွေ မှိန်ပြီး Do not show hidden file and folder ဖြစ် နေပါလိမ့်မယ်။
အဲဒါမှမပေါ်သေးဘူးဆိုရင်။ Virus ကို မရမ်းအောင်လုပ်ရပါမယ်။ startup ထဲမှာ ဗိုင်းရပ်ကို ပိတ်ထားတာမျိုး။ Bat ဖိုင်တွေနဲ.သတ်တာမျိုး အရင်လုပ်ပေးပါ။ ဗိုင်းရပ် နဲနဲ ငြိမ်သွားပြီဆိုရင်…
Registry Editor ထဲမှာ အောက်ကလမ်းကြောင်းအတိုင်း ဘယ်ဘက်ခြမ်းမှာ ဖိုဒါတွေကို ဖွင့်ပေးပါ။
HKEY_LOCAL_MACHINE \ software \ Mirosoft \ windows\ Currentversion \Explorer \ Folder \ Hidden \ Showall ဆိုတဲ့ ဖိုဒါပေါ်မှာ select မှက်ပြီး ညာဘက်ခြမ်းမှာ ကြည့်ပါ။
Checkedvalue ဆိုတာကို တွေ.ပါလိမ့်မယ်။ ကလစ်နှစ်ချက်နှိပ် ပေးလိုက်ပါ။ Value Data ကို 0 တို. 2 တို. ဖြစ်နေတယ်ဆိုရင် 1 ကို ပြန်ထားပေးရပါမယ်။ ဒါဆိုရင်တော့ show Hidden file and Folder လုပ်ရင် အဆင်ပြေသွားပါပြီ။

Autorun – Disable လုပ်ချင်ရင်။
Autorun – Disable
USB Drive မထိုးခင် သတိပြုစရာ
၁။ Auturun ကို disable လုပ်မယ်။ Run ထဲကနေ gpedit.msc ကိုသွားရမယ်။။ Local Computer Policy \ User Configuration \ Administrative Templates \ System \ Turn off Autoplay ဒါဆို autorun
ရန်က အတော်အသင့် လုံခြုံသွားပါပြီ။
၂။ Folder option မှ show hidden file and folder ကို ရွေး၊ hide protected operating system file ကို
ဖြုတ်ထားသင့်ပါတယ်။ (ဒါမှ Autorun.inf ဖိုင်ကို မြင်ရမှာပါ။)
၃။Drive ထဲကို ၀င်တဲ့အခါ Explorer ရဲ့ address ကနေ သူ့ရဲ့ drive root (eg. E:, F:) စသည်ဖြင့် ရိုက်ပြီးမှ ၀င်သင့်ပါတယ်။ (ဒါမှ Autorun မတက်မှာပါ။။)
၎။ အရင်ဆုံး Autorun.inf ဖိုင်ကို ရှာပါ။ သင်ဟာ virus ကိုသိလိုတယ်ဆိုရင်တော့ ၄င်း Auturun.inf ကို notepad နဲ့ဖွင့်ပြီးဖတ်ကြည့်နိုင်ပါတယ်။ open = \*any* လို့ ရေးထားတာ တွေ့ရလိမ့်မယ်။ ၄င်းဖိုင် ကို ရှာပြီးဖျက်ပစ်နိုင်ပါတယ်။ တချို့ virus များဟာ folder ယောင်ဆောင်နေတာကိုလဲ သတိပြုရပါမယ်။ ဒါကို သိဖို့ က explorer မှာ detail view နဲ့ ကြည့်ရင် မြင်နိုင်ပါမယ်။ သင်ရဲ့ folder အမှန်ဟာ hidden ဖြစ်နေပြီး folder ယောင်ဆောင် virus ဟာ file type – Application ဖြစ်နေမှာပါ။ သေချာချင်ရင်တော့ ၄င်း folder ပုံစံ တစ်ဖြစ် လဲ virus ပေါ်မှာ R-Click \ Property ၀င်ပြီး ကြည့်နိုင်ပါတယ်။ (တချို့ မျက်စိ လျှင်သူများကတော့ folder ယောင်ဆောင် virus ဟာ တစ်ကယ့် folder icon ထက် resolution နည်းတဲ့ (graphic ကိုပြောတာ) ပုံစံဖြစ် နေတာ တွေ့နိုင်ပါတယ်။)
Thumbs.db, Desktop.ini တို့ဟာ system file များဖြစ်တာကိုတော့ သိကြမယ်ထင်ပါတယ်။
ဥမာပေးလိုတဲ့ virus ပုံစံတွေက- KillVBS, thG, 911(folder), Updater(folder), chrome စတဲ့ အမည်တွေ ပါ။
*(တကယ်လို့ AntiVirus တခုခု တင်မထားဘူး၊ ဒါမှမဟုတ် AntiVirus ဟာ out of date ဖြစ်နေမယ်ဆိုရင် ဒါ ဟာအသုံးဝင်မှာပါ။)*

Tuesday, May 25, 2010
တို့ဗမာသီချင်းစာသား နှင့် ဖြစ်ပေါ်ပုံ

တို့ဗမာ သီချင်း ဖွင့်ပွဲကို ၁၉၃၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ ရွှေတိဂုံစေတီတော်ကြီး၏ ရာဟုထောင့်တွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် သခင်ဘသောင်းက တို့ဗမာသီချင်း၏ အနက်အဓိပါယ်ကို အကျယ်တ၀င့် ရှင်းပြ၏။ ရာဇ၀င်သမိုင်းနှင့် ခင်းကျင်း ဖော်ထုတ်၏။ ထို့နောက် ဂီတစာဆို သီချင်းရေးဆရာ ၀ိုင်-အမ်-ဘီ-အေ သခင်တင် က ခေတ်ပေါ်တူရိယာများနှင့် တွဲဖက်လျှက် ကိုယ်တိုင် ကိုယ်ကျ သီဆိုဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။ ပရိသတ်က အထူးနှစ်ခြိုက်သဖြင့် ထပ်မံပွဲတောင်းကြသည်။ ထပ်မံသီဆိုကြရပြန်သည်။ သီချင်းအဆုံးတွင်မူ “သခင်မျိုးဟေ့ - တို့ဗမာ” ဟူသော ကြွေးကြော်သံလွမ်းမိုးသွားတော့သည်။ ဂီတနယ်ပယ်မှ ရအပ်သည့် ဇာတိမာန်စိတ် ဖြစ်လေသည်။ တို့ဗမာသီချင်း စာသားမှာ ဖော်ပြပါအတိုင်းဖြစ်၏။ ဇာတိမာန် သီချင်း ကို ချင့်တွက် နိုင်ပါသည်။
တကောင်း အဘိရာဇာ၊ တို့ဗမာ သာကီမျိုးဟာမို့ မညှိုးဂုဏ်တေဇာ ၊ ယိုးဒယားနှင့် ကုလားကိုပါ၊ တိုက်ခိုက်ကာ အောင်ခဲ့တာ တို့ဗမာ ၊ စိန်မှန်ကင်းစစ် ၊ အဖြစ်ကြီးဖြစ်လျှက် ထင်းတလှည့်ကြုံရ ၊ ထုံးနှင့် မသွေ ၊ လောကဓမ္မတာပေ၊ ငါတို့ ကံခေပြန်ရသလေ ၊ သို့သော် အရင်းကို စစ်လျှင်၊ ဗမာပြေ ၊ ငါတို့ ငါတို့ပြေ။
နောင်ဥဒါန်း ဘယ်မကြေစရာ၊ ရာဇ၀င်တင်ထား ၊ မျိုးရိုးနွယ်လာ၊ ကမ္ဘာတစ်ခွင်မှာဖြင့် ဗမာ အထင်အရှား၊ တို့ ခေတ်တွင်မှ ညံ့ကြတော့မှာလား ။တို့ဗမာ ၊ တို့ဗမာမဟုတ်လေသလား။ (တို့ဗမာ ၊ငါတို့ဗမာ)၂(ဒါ- ငါတို့ဗမာ)၂ အားလုံးညီညီ၊ ယောင်္ကျားဘသား တို့ဗမာ၊ နောင်လာနောက်သား ကောင်းစားဖို့ရာ ၊ တို့ကိုယ်ကျိုး လုံးလုံးမပါ၊ ရဲရဲဗမာ ပီပီ ဗမာပြေ၊ တို့ဗမာတို့ပါ။ သခင်ကျင့် ကို ကျင့်ကြပါ။ သခင်မျိုးဟေ့ တို့ဗမာ၊ မိုးအောက် မြေပြင်မှာ ၊ အထက်တန်းနှင့် စာမရီသွေး ၊ တို့ဗမာ။
(သံပြိုင်) ကမ္ဘာမကြေ ၊ ဗမာတစ်တွေ ( ဒါတို့ပြေ ဒါတို့မြေ ဒါ ငါတို့ပြေ)၃ (တို့ဗမာ)၃ ကို တိုင်းရင်းသားအကုန်အစင် တို့ပြေလို့မှတ်ထင် ၊တို့ဝတ္တရားပင် တို့ဗမာ သခင်။
အမျိုးသားရေး ကြိုးပမ်းကြပါ၊ တို့ဗမာဟေ့ ...တို့ဗမာ ၊ သြော် အမျိုးသားရေး ကို ကြိုးပမ်းကြပါ။ တို့ဗမာ ၊အရှေ့က နေ၀န်းထွက်သည့်ပမာ၊ တို့ ခေတ်ကိုတော့ ရောက်ရမည်မှာမလွဲပါ။ တို့ဗမာဟေ့ တို့ဗမာ၊ ဗမာပြည်တစ်ဝန်းအကုန် ၊ တို့အိမ်မှတ်ပါ ၊ တို့ယာမှတ်ပါ၊ အဲဒါ တို့ဗမာ။ ။
တို့ဗမာ သီချင်းသည် ထူးခြားပြောင်မြောက်သည့် သီချင်းဖြစ်သည်။ စကားလုံးရွေးချယ်မှု ပညာပါသည်။ စာသားအနေဖြင့် ဂုဏ်မြောက်သည်။လေးနက်သည့် အဓိပ္ပါယ်ဆောင်သည်။ သမိုင်းနောက်ခံ အကြောင်းအရာ ရှိသည်။ အားမာန်ပါသည်။ ခေတ်အမြင် ခေတ်အတွေးပါသည်။ နိုင်ငံ နှင့် လူမျိုးအတွက် ရေရည် မျှော်မှန်းချက်တွေထားသည်။ စည်းဝါးကာရံကောင်းသည် နှင့် အမျှ ဆိုရာတွင် အားမာန်ပြည့်စေ သည်။ သံပြိုင်များ ထည့်ထားသဖြင့် အများပြည်သူများ ပါဝင်သည်။ မြန်မာ တမျိုးသားလုံးနှင့် သက်ဆိုင်ကြောင်း ညွန်ပြနေသည်။
နိုးကြားခြင်း ၊ တက်ကြွခြင်း၊ ပြင်းထန်ခြင်း ၊ တစ်သွေးတည်း တစ်သားတည်း စိတ်ရှိုခြင်း ၊ ဇာတိမာန်သွေးတို့ သည် ဟူးဟူးပြောင်ပြောင် တောက်လောင်သည်နှင့် တူလာ၏။ မီးခဲပြာဖုံးစိတ်ဓါတ်များ နိုးကြားလာသည်။ ထို့ကြောင့် နယ်ချဲ့တို့ တုန်လှုပ်လာရသည်။ သီချင်းက ပေးလိုက်သော မြန်မာ့သမိုင်း ၊ မြန်မာဇာတိ၊ မြန်မာ့ အစဉ်အလာ၊ မြန်မာ့စိတ်ဓါတ်၊ မြန်မာ့အားမာန် ကို သိရှိသွားကြသည်။ အောင်မြင်သော ဇာတိမာန်တေး အဖြစ်သမိုင်းတွင်ရစ်ပေသည်။
သီချင်းဖြစ်ပေါ်ပုံမှာ လည်း စိတ်ဝင်စားဖွယ်ကောင်းသည်။ ရေးစပ်တီးကွက်ရှာသူမှာ မန္တလေးဂီတလောက မှ ရန်ကုန်သို့ ဆင်းလာသော ၀ိုင်- အမ် -ဘီ-အေ ဆရာတင်ဖြစ်သည်။ ရန်ကုန်ရောက်သောအခါ သခင်ဘသောင်း ၊ သခင်လှဘော်တို့ နှင့်ပေါင်းမိသည်။ ၀ိုင် - အမ်-ဘီ -အေ ဆရာတင်မှ သခင်တင် ဘ၀သို့ ကူးပြောင်းသွား၏။ သခင်ပုဂ္ဂိုလ်များနှင့် စာသားညှိနိုင်း ရယူပြီးမှ ဥဒါန်းတွင်ရစ်သည့် တို့ဗမာသီချင်းကို ပြောင်မြောက်အောင်မြင်စွာ ရေးဖွဲ့ခဲ့ကြ ခြင်းဖြစ်ပေတော့သည်။
Monday, May 24, 2010
နာဂစ်ဗိုင်းရပ်စ်ကို ဘယ်လိုသတ်မလဲ...<<< Download Now
Subscribe to:
Posts (Atom)