သက်ရောက် သီအိုရီ...။
ခံစားမှုတွေကို ရင်ဘတ်ထဲ ထည့်ပြီး...
လောကပေါ် ဘာများရမလဲ လို့ ရှာဖွေရင်း ခရီးတစ်ခု ဆန့်မိတဲ့ အခါ.....
ဟိုနားမှာ..... မျက်ရည်တွေ...
ဒီနားမှာ... သောကတွေ....
...
ဒီဘက်မှာ... အလိုမပြည့်ခြင်းတွေ...
ဟိုဘက်မှာ.... အချေအတင် ဖြစ်ခြင်းတွေ..
မရေမရာမှု ဆိုတာ ရည်ရွယ်ရာ ပျောက် ခရီးအတွက်ပဲ.....
ေ၀၀ါးမှု ဆိုတာ မပီသခြင်း ကြောင့်ပဲ.........
အဆုံးကို မမြင်နိုင်မှုဟာ... အမှောင်ဖုံး ကာလ တစ်ခုကြောင့်ပဲ.....
ဒါပေမယ့် ... ဘယ်အရာရာကို သုံးသပ်သည် ဖြစ်ပါစေ.......
အသွားရှိရင် အပြန်ရှိတယ်....။
ကောင်းကင်ရှိရင် မြေကြီးဆိုတာ ရှိတယ်....။
လမ်းရှိရင် ခရီးဆိုတာ ရှိတယ်....။
ဒီတော့
သွားနေတဲ့ ခရီးတစ်ခု မဆုံးခင်မှာပဲ .....
မေးခွန်းမှားတဲ့ အဖြေဟာ ....
သီအိုရီ ပုံပြယောင်မပါပဲ ခပ်အေးအေးလေး စကားတစ်ခွန်းကို ဆိုခဲ့ပါတယ်....
...
"အတ္တနဲ့ ချည်တဲ့ ကြိုးမှန်ရင် လွယ်လွယ် ပြတ်တတ်တာ သဘာဝ .." တဲ့ လေ ။ ။
No comments:
Post a Comment