Myanmar Virus Cleaner
မြန်မာနာမည် VIRUS များ ရှင်းလင်းရန်....
Magway FC Virus (or) mgy.exe Virus
ဒီ Virus ၀င်ရင် စက်ကလေးလံနေမယ်။ Start Menu Button က Magway FC
ဆိုပြီးပြောင်းနေမယ်။ File Icon တွေမှာ Magway FC ဘောလုံး Logo
တွေပေါ်နေမယ်။ msconfig ခေါ်လိုရင် Restart ကျသွားမယ်။ Task manager,
command, search, regedit, folder option တို့ပိတ်သွားမယ်။ Taskbar
ဘယ်ဘက်ထောင့်မှာ Magway FC logo တက်တက်လာမယ်။ Drive တွေထဲက Folder
တွေထဲမှာ ဖိုင်တွေ hidden ဖြစ်ပြီးပျောက်သွားမယ်။ နောက် Harddrive
partition အားလုံးမှာ 15MB ရှိတဲ့ Virus File တွေပွားပြီး Drive တွေ ကို
Disk space တွေပြည့်အောင်ပွားတယ်။ အဆိုးရွားဆုံးကတော့ Data Partation ထဲက
File တွေအားလုံး size တွေက 15MB လောက်ဖြစ်သွားအောင်ဖျက်ဆီးပါတယ်။
Chrome (or) Private_cam (or) gtalk Virus
ဒီ Virus ကတော့ စက်တွေ Memory stick တွေမှာ အများဆုံးဝင်တတ်တဲ့ Virus ပါ။
အင်တာနက်ကနေကော Memory Stick တွေကပါ ကူးစက်လေ့ရှိပါတယ်။ အင်တာနက်
တပ်ထားတဲ့ ကွန်ပျူတာ တွေမှာဆိုရင် gtalk သုံးတဲ့အခါ ကိုယ်မရိုက်ဘဲ
private_cam စတဲ့ စကားလုံးတွေပါဝင်တဲ့ Message တွေကို ကိုယ့်သူငယ်ချင်းတွေ
ဆီကိုပို့နေမယ်။ Messager Software တွေက သူ့ဘာသာပွင့်လာတယ်၊ စက်က
သုံးရတာ နှေးနေမယ်၊ Windows မရှိတဲ့ partition တိုင်းက Folder
တိုင်းလိုလိုထဲမှာ သူ့နဲ့နာမည်တူ exe ဖိုင်တွေ ပြန့်ပြီး မူရင်း folder
တွေကိုဖျောက်ထားမယ်။ Chrome virus ကမူကွဲတွေလည်းရှိပါတယ်။
Svchost Virus
ဒီ Virus
ဝင်ရင်တော့ Windows No Disk ဆိုပြီး Flash Drive တောင်းတဲ့ error
ပေါ်ပါတယ်။ Windows Folder က သူ့အလိုလိုပွင့်လာပါတယ်။ System အထဲမှာ
အလုပ်လုပ်နေတဲ့ File ပုံစံဖြစ်နေတဲ့အတွက် Antivirus အချို့နဲ့လည်း
ရှာလို့မတွေ့နိုင်ပါဘူး။
Loikaw Virus
ဒီ Virus
ဝင်ရင်တော့ Desktop ပေါ်မှာ Virus Information.txt ဆိုတဲ့
ဖိုင်တစ်ဖိုင်တွေ့ရမယ်။ ဖွင့်ကြည့်လိုက်ရင်တော့ “Hi Fri” နဲ့စတဲ့
Myanglish လိုရေးထားတဲ့ စာတွေတွေ့ရမယ်။ တစ်ခါတစ်ရံ Chit thu lay how are
you ဆိုတဲ့ message box ပေါ်လာမယ်။ ကိုယ်က စာတွေရိုက်ရင်း တစ်ခါတစ်ရံ
virus က message တွေပို့နေလိမ့်မယ်၊ My Computer က icon က ပြတင်ပေါက်
ပုံစံလေးပြောင်းသွားမယ်၊ Task manager ၊ Registry
စတာတွေကိုဖွင့်လို့မရတော့ဘူး။
Ati2avxx.exe virus
ဒီ Virus
ကစက်ထဲမှာ နဂိုကတည်းကရှိတဲ့ ဖိုင် ပုံစံလုပ်ထားတာပါ။ Memory Stick တွေက
ကူးစက်တာပါ။ Start>Run>msconfig>strartup ထဲမှာ ati2avxx
ဆိုပြီးရှိနေလိမ့်မယ်။ mburmh.exe ဆိုတဲံ jpeg icon နဲ့ဖိုင်လေးက Drive
တိုင်းမှာ Hidden file အနေနဲ့ရှိနေလိမ့်မယ်။ Folder option ကိုဖွင့်
ကြည့်လိုက်ရင် show Hidden files and folder နဲ့ hide protect operation
system file နှစ်ခုကို ဖျောက်ထားလိုက်ပေမယ့် Computer မှာ သုံးလိုက်တဲ့
Stick တွေထဲကိုပြန့်တယ်။
Tayat Myo Hacking day virus
ဒီ Virus က Desktop ပေါ်က Software တွေရဲ့ Short cut နေရာမှာ
ဝင်ရောက်နေရာယူပါတယ်။ File folder တွေကိုဖျောက်ပြီး zip file
ပုံစံပြောင်းလိုက်ပါတယ်။ သွားပြီးဖွင့်ကြည့်တဲ့အခါ “thayatmyo hacking
day” ဆိုပြီး စာကြောင်းတွေ လျှောက်ပြေးနေမယ်၊ Keyboard က Key
တွေကြောင်ကုန်တယ်၊ ဒါဆိုရင် (Task Manager, Registry,msconfig,gpedit.msc)
အဲဒါတွေ လုံးဝမခေါ်မိစေနဲ့ Thayatmyo hacking day cleaner
နဲ့ရှင်းလိုက်ပါ၊ အကယ်လို့ Task Manager , Registry
တို့သွားခေါ်မိမယ်ဆိုရင် ဗိုင်းရပ်စ် က Hal.dll ဆိုတဲ့ဖိုင်
ကိုတောင်းပါလိမ့်မယ်။ အခု Virus Cleaner နဲ့ရှင်းပြီးပြီ ဒါပေမယ့်
အခုနကဟာတွေ သွားနှိပ်မိထားတယ်ဆိုရင် Hal.dll ဆိုတဲ့ ဖိုင်ကို Windows ထဲက
System32 ဆိုတဲ့ Folder ထဲကို ကော်ပီ ကူးပေးလိုက်ပါ။
Global virus
ဒီ Virus
ဝင်ရင်တော့ Harddisk pertition တွေမှာ မူရင်း Folder တွေပျောက်ပြီး Virus
File တွေက နာမည်တူတွေရှိနေမယ်။ Task Manager ထဲမှာ
Global.exe/system.exe/svchesct.exe (user Account) နဲ့ပေါင်းနေမယ်။ Your
Computer is defeated ဆိုပြီး Box လေးတစ်ခု Screen မှာပေါ်ပေါ်လာပါတယ်။
msconfig ထဲက setup ထဲမှာ KeyBoard ဆိုပြီးရှိနေမယ်။ Webpage
တွေဖွင့်တဲ့အခါ error တက်လာမယ်။
Killvbs.vbs virus
ဒီ Virus
ဝင်ရင်တော့ Taskmanager ထဲက Process ထဲမှာ Killvbs ဆိုပြီး run နေမယ်။
Windows+R နှိပ်ပြီး msconfig ရိုက်လိုက်ရင် Startup ထဲမှာ Killvbs
ဆိုပြီးရှိနေမယ်။ Internet သုံးရင် IE နဲ့သုံးတဲ့အခါ တစ်ချို့ antivirus
တင်ထားတဲ့စက်တွေမှာ A နဲ့ စတဲ့ Virus ကိုတွေ့ပြီး အမြဲတမ်းလည်းသတ်နေရမယ်။
Funny Virus
ဒီ Virus
ဝင်ရင်တော့ Desktop နဲ့ My computer ထဲမှာ Funny ဆိုတဲ့ Delete
လုပ်လို့မရတဲ့ Folder တစ်ခုပေါ်နေမယ်။ စက်က သုံးရတာနှေးလာမယ်။ My computer
ထဲက C: ထဲမှာ ရှိတဲ့ Folder တွေကို ပျောက်နေမယ်။ ဒီ ဗိုင်းရပ်စ်
ဝင်နေပြီဆိုသိသိချင်း အမြန်ဆုံးရှင်းသင့်ပါတယ် ကြာရင် ဖိုင်
တွေပျက်စီးမှုတွေပိုများပါတယ်။
Kolay Virus
ဒီ Virus ၀င်ရင်
Process ထဲမှာ Kolay.vbs ဆိုပြီး Process တစ်ခုRun နေမယ်။ ကြာရင်တော့
Unserinit.exe file ကိုဖျက်သွားရင် Welcome Screen
ကနေဆက်ဝင်လို့မရတော့ပါဘူး။
Nargiz Virus
ဒီ Virus
ဝင်ရင်တော့ Hard Drive များကို Double Click ဖြင့် ၀င်မရခြင်း၊ Logon
ဝင်တဲ့အခါ Virus ကပေးထားတဲ့ ပြောင်းလဲထားတဲ့ Password ကြောင့် Logon
ဝင်မရဘဲဖြစ်နေတတ်တယ်။ ဒါဆိုရင်တော့ mMs, mMs0, mMs1, mMs2, mMs3,
mMs4,mMs5, mMs6,mMs7,mMs8,mMs9 ကိုမမှန်မခြင်း တစ် ခုခြင်းစီ
ရိုက်ထည့်ပြီး Logon ၀င်ပြီးပါက Nargiz Virus Cleaner
နှင့်ရှင်းလင်းနိုင်ပါတယ်။
Recycler Virus
Recycler
Virus ဆိုပြီး မူကွဲ အမျိုးမျိုးရှိတဲ့ထဲက ဒီမှာ အများဆုံးဝင်တတ်တဲ့
Recycler ကတော့ USB Drive တွေတပ်လိုက်ရင် Drive ထဲကို Recycler.exe
ဆိုပြီး ၀င်ရောက်ပျံ့နှံ့ ပြီး၊ ၀င်ရောက်ခံရတဲံ ကွန်ပျူတာမှာတော့
Process တွေမှာ 59ef4c, 9b023b, fdd23C, 7EB74E စတဲ့ Process တွေ Run
နေပြီး Run ကနေ msconfig ရိုက်ဖွင့်ကြည့်တဲ့အခါ Startup မှာ iiiiii,
59ef4c, 9b023b, fdd23C, 7EB74E စတဲ့ နာမည် တစ်ခုခုရှိနေပါတယ်။
Regsvr(or) NewFolder.exe Virus
ဒီ Virus ကတော့ Newfolder.exe နာမည်နဲ့ ကွန်ပျူတာရဲ့ နေရာအများအပြားမှာ
ပြန့်နှံ့နေတတ်ပါတယ်။ Regsvr.exe ဆိုတဲ့ ဖိုင်တွေလည်းတွေ့ရပါတယ်။ Process
မှာတော့ Svichossst.exe, regsvr.exe, New_folder.exe, newfolder.exe,
svchost.exe စတဲ့ Process အချို့လည်းတွေ့ရပါတယ်။ ဒီဗိုင်းရပ်ဝင်
ခံရရင်တော်တော်ကိုထိခိုက်ပါတယ်။
No comments:
Post a Comment