Friday, May 18, 2012

Firefox Bookmark မှာမှတ်ထားတာတွေပျောက် မသွားအောင် ....



Firefox ကိုအသုံးပြုသူတိုင်း မိမိတို့စိတ်ကြိုက် Website ကိုအလွယ်တကူ ရှာဖွေရလွယ်အောင် Firefox မှာပါဝင်တဲ့ Bookmark လေးကို သုံးပြီး အလွယ်တကူ မှတ်သားတက်ကြတာ ကိုတွေ့ရပါတယ်။ အဲ့ဒီမှာ Firefox မှာပါဝင်တဲ့ Bookmark လေးဟာကျွန်တော်တို့ Windows အသစ်တင်ရင်ပဲဖြစ်ဖြစ်၊ အကြောင်းတစ်ခုခုကြောင့် Firefox  ကိုအသစ်ပြန်တင်တဲ့ အခါမှာပဲဖြစ်ဖြစ် မိမိတို့အချိန်ပေးပြီး စိတ်ကြိုက် မှတ်သားထားတဲ့ Bookmark ထဲကလင့်တွေဟာလဲ အလွယ်တကူ ပျောက်ဆုံးသွားမှာဖြစ်ပါတယ်။ အဲ့ဒီလိုမဖြစ်ရအောင် Bookmark လေးကိုဘယ်လို Export လုပ်ထားရပါမယ်။
Bookmark လေးကိုဘယ်လို Export လုပ်ရမယ်ဆိုတာ ရယ် Export လုပ်ထားတဲ့ Bookmark လေးကို Firefox မှာဘယ်လိုပြန်သွင်းရမယ်ဆို တာတွေကိုရှင်းပြပေးပါမယ်။

အရင်ဆုံး Firefox ကိုဖွင့်လိုက်ပါ။ (စောစော ကလိုပါဘဲ....)

Bookmarks Menu ထဲက Show All Bookmarks (Ctr+Shift+B) ဆိုတာကိုနှိပ်လိုက်ပါ။
{Firefox 3.6 မှာဆိုရင်..Bookmarks Menu ထဲက Organize Bookmarks (Ctr+Shift+B)}

ပြီးရင်... Inport and Backup ထဲက Export HTML ကိုနှိပ်ပါ။ အဲ့ဒီမှာတော့... ဘယ်နေရာမှာ သိမ်းမလဲဆိုတာမေးပါလိမ့်မယ်။ အဆင်ပြေတဲ့နေရာတစ်နေရာရာမှာ သိမ်းလိုက်ပါ။ (ဥပမာ... Desktop ပေါ့)

အပေါ်ကအတိုင်း Firefox Bookmark လေးကို  Download လုပ်ပြီးသွားပြီဆိုရင်တော့ ....
ဆက်ပြီးတော့ Export လုပ်ထားတဲ့ကောင်လေးကို ဘယ်လို Import လုပ်ရမယ်ဆိုတာကို ပြောပြပေးပါမယ်။

Bookmarks Menu ထဲက Show All Bookmarks (Ctr+Shift+B) ဆိုတာကိုနှိပ်လိုက်ပါ။
{Firefox 3.6 မှာဆိုရင်..Bookmarks Menu ထဲက Organize Bookmarks (Ctr+Shift+B)}

ပြီးရင်... Inport and Backup ထဲက Inport HTML ကိုနှိပ်ပါ။

အဲ့ဒီမှာ  From and HTML File ဆိုတာကိုရွေးပြီး၊ Next ကိုနှိပ်လိုက်ပါ။

ပြီးရင်တော့.... စောစောက သိမ်းထားခဲ့တဲ့  Export file လေးကို ရွေးပြီး Open လုပ်ပေးလိုက်ပါ။

ဒီလောက်ဆိုရင်တော့ Firefox Bookmark လေးကိုဘယ်လို Export လုပ်ပြီး ဘယ်လို Import ပြန်လုပ်ပေး ရမလဲဆိုတာကိုသိသွားပြီလို့ ထင်ပါတယ်။

No comments:

Windows Password Recovery Tool Ultimate 2026 Free Download

  Windows Password Recovery Tool Ultimate 2026 Free Download Windows Password Recovery Tool Ultimate 2026 Technical Setup Details Prior to s...