
စွန့် ပစ်ခဲ့တာ မဟုတ်ပါဘူး…
ငါတွဲထားတဲ့ လက်တစုံကြောင့်
နင်ပင်ပန်းနေတာ မကြည့်ရက်တော့လို့ 
စွန့် လွှတ်ခဲ့တာပါ…
မုန်းသွားတာ မဟုတ်ပါဘူး…
ငါပေးမိလိုက်တဲ့ အချစ်တွေကြောင့်
နင်စိတ်ညစ်နေတာ မကြည့်ရက်တော့လို့ 
မုန်းချင်ယောင်ဆောင်ခဲ့တာပါ…
လမ်းခွဲလိုက်တာ မဟုတ်ပါဘူး…
ငါ ပါနေတဲ့ နင့်ရဲ့လမ်းမှာ
နှောင့်နှေးမှုတွေ မဖြစ်စေချင်တော့လို့ 
နေရစ်ခဲ့လိုက်တာပါ…
သတိမရချင်ယောင်ဆောင်လိုက်…
ပျော်နေချင်ယောင်ဆောင်လိုက်…
မုန်းချင်ယောင်ဆောင်နေလိုက်နဲ. …
ခုမှ ငါသတိထားမိတယ်…
ငါတော်တော် မာယာများနေပါလား…
ဒါပေမဲ့ …
တခုတော့ သိထားပေးပါ…
ငိုနေပါတယ်…ငိုနေပါတယ်…
ငိုနေတဲ့ လူရွှင်တော် ငါ ဆိုတာ….
No comments:
Post a Comment