
Android ဖုန်းတွေမှာ မြန်မာဖောင့် (ဇော်ဂျီ) သွင်းပုံသွင်းနည်းလေးပါ။ ဘာမှမခက်ခဲပါဘူး။ လွယ်လွယ်ကူကူပဲ မြန်မာဖောင့်ကို သွင်းလိုရပါတယ်။
ပထမဆုံး အနေနဲ့  ဖုန်းကို WiFi နဲ့  အရင်ချိတ်လိုက်ပါ။ ပြီးရင် Android ရဲ့ Market မှာ Fontomizer SP ဆိုတာကို ရှာလိုက် ပါ တွေ့ ပြီဆိုရင် ဖုန်းထဲကို install လုပ်လိုက်ပါ။

ပုံလေးမှာလည်းပြထားပါတယ်။ ဖုန်းထဲကို Fotomizer SP လေးရောက်လာပြီဆိုရင် open လိုက်ပါ။ ပြီးရင် font အမျိုးအစားတွေအ များကြီးထဲက အောက်ဆုံးမှာ Zawgyi -One ဆိုတာလေးကို ရွေးပြီး install လုပ်လိုက်ပါ။
install လုပ်ပြီးသွားပြီဆိုရင်တော့ ဖုန်းရဲ့ setting ထဲကိုဝင်ပါ။ ပြီးရင် Display ->Font style မှာ Zawgyi One TTF ဆိုတာလေးကို ရွေးလိုက်ရင် မြန်မာစာကို မြင်ရပြီဖြစ်ပါတယ်။
Samsung Galaxy S , Galaxy SPlus , Glaxy S2 မှာ အပေါ်ကအတိုင်းလုပ်တာ အဆင်ပြေပါတယ်။ Gtalk , Gmail , Facebook,... တွေမှာ မြန်မာစာ(ဇော်ဂျီ) ကို ကောင်းမွန်စွာ မြင်ရပါတယ်

မြန်မာစာကို ရိုက်ဖို့ အတွက်ကတော့ Android ရဲ့ Market iTextMM2 Keyboard ကို ရှာပြီးအင်စတောသွင်းလိုက်ပါ။ ပြီးသွားတာနဲ့  ဖုန်းရဲ့ settings ထဲကိုဝင်ပါ ..
ပြီးရင် Locale and text မှာ iTextMM2 Keyboard ကို အမှတ်ခြစ်လေး လုပ်ပေးလိုက်ပါ။
နောက်တဆင့်က settings-> Locale and text ထဲက Select input method ထဲကို ၀င်ပါ။ ပြီးရင် iTextmm2 Keyboard လေးကိုရွေးပေးလိုက်ရင် မြန်မာလိုရိုက်ဖို့ အတွက် အဆင်ပြေသွားပါပြီ။ ရိုက်ရတာလည်း အဆင်ပြေလွယ်ကူပါတယ်။
အခု စမ်းထားတာ Samsung Galaxy SPlus မှာပါ။ တချို့  Android ဖုန်းအမျိုးအစားတွေအတွက် setting ပိုင်းမှာ လုပ်ပုံ လုပ်နည်း ကွဲလွဲနိုင်ပါတယ်...။
No comments:
Post a Comment