Tuesday, October 25, 2011

Advanced Uninstaller PRO 10.5.3 <<< Download





Advanced Uninstaller PRO Version လေးပါ။ ဒီကောင်လေးက applications တွေနဲ့ programs လေးတွေ ကို အလွယ်ကူဆုံး Uninstall လုပ်ပေးနိုင်ပါတယ်။ Control Panel ကနေဝင်ဖြုတ်နေရတာထက် စာရင်တော့ ပိုမြန်ပါတယ်။ Features လေးတွေ ကိုအသေးစိတ် ရှင်းပြပေးထားပါတယ်။

ဒီကောင်လေးမှာပါတဲ့ Features လေးတွေကို အသေးစိတ် ရှင်းပြပေးပါ့မယ်။ ပထမဆုံး General tools လေးမှာဆိုရင် Uninstall Program, Installation Monitor, StartUp Manager, Window Service,Quick Cleaner , Start Menu Cleaner, Start Menu Item Manager , Font Manager, Control Panel Manager နဲ့ Web Tools ဆိုပြီး Tools လေးတွေတော်တော်များများပါဝင်ပါတယ်။
အဲ့ဒါဆိုရင် ပထမဆုံး Uninstall Program မှာဆိုရင် Uninstall Program မှာ မပါတဲ့ applications တွေနဲ့ programs လေးတွေကိုပါဖြုတ်ပေးနိုင်ပါတယ်။ နောက်တစ်ခုက Installation Monitor ပေါ့ဗျာ။ အဲ့ဒီမှာဆိုရင် Monitor installation,Uninstall Monitored application နဲ့ Restore Monitored application ဆိုပြီး Tools လေးသုံးခုပါပါတယ်။
နာက်တစ်ခုက StartUp Manager ပါ။ ဒီကောင်လေးမှာတော့ System Configuration ကိုဖွင့်စရာမလိုပဲနဲ့ ဒီအထဲမှာတင်တစ်ခါတည်း မိမိတို့ ဝင်းဒိုးတက်တဲ့အချိန်မှာ မတက်စေချင်တဲ့ Program တွေနဲ့ Application လေးတွေကို ပိတ်ပေးထားနိုင်မှာဖြစ်ပါတယ်။
Window Service မှာလည်းအတူတူပါပဲ ။ System Configuration ကိုဖွင့်စရာမလိုတော့ဘူးပေါ့။
နောက်ထပ်ထူးခြားတဲ့ အချက်ကလေးက
Quick Cleaner လေးပါလာတာပါပဲ။ ဒီကောင်လေးက အသုံးပြုနေတဲ့ Web Browsersတွေရဲ့ History တွေ Cookies တွေ Temporary files တွေ စတဲ့ ကောင်လေးတွေအပြင် Other application တွေကနေပြီးဖြစ် လာတဲ့ Temp, Recent , History တွေ နဲ့ Log ဖိုင်တွေစတဲ့ ကောင်လေးတွေကအစရှင်းပေးနိုင်ပါတယ်။

Start Menu Cleaner ကတော့ Invaild ဖြစ်နေတဲ့ Shortcuts တွေ Folders တွေကိုရှင်းပေးနိုင်ပါတယ် ။ Start Menu Item Manager မှာတော့ဖြုတ်လိုတာဖြုတ်ဖျောက်ချင်တာသာဖျောက်ထားလိုက်ပါ။

နောက်တစ်ခုတော့ Font Manager တဲ့ မလိုချင်တဲ့ Font တွေကို Disable သာပေးထားလိုက်ပါ။

ဒီတစ်ခါ Control Panel Manager တဲ့ ၊ ဒီမှာလည်းဒီလိုပဲ မမြင်ချင်တဲ့ ဟာတွေမှန်သမျှ Disable သာပေးထားလိုက်ပါ။
နောက်ဆုံးတစ်ခုဖြစ်တဲ့ Web Tools မှာဆိုရင်တော့ မိမိတို့ရဲ့ Error တွေ၊ တခြားUninstaller တွေကိုဖေါ်ပြ ပေးထားတဲ့ ဆိုဒ်တွေရောက်သွားလိမ့်မယ်။
နောက်ထပ်ပါတဲ့ Tools တွေကတော့ Files & Folders tools, Internet Browser Tools, Registry tools နဲ့ Report & Extra Tools ဆိုပြီးပါဝင်ပါတယ်။
Files & Folders tools မှာဆိုရင် Dublicate files တွေ Window Temporary Files တွေကို ရှင်းလင်းပေးပါ တယ်။
Internet Browser Tools မှာဆိုရင် Firefox, Internet Explorer နဲ့ Google Chrome ဆိုတဲ့ Browsers သုံးမျိုးရဲ့ Temporary Internet Files တွေ Cookie Manager တွေနဲ့ History တွေကို ရှင်းလင်းပေးနိုင်ပါ တယ်။
Registry tools မှာဆိုရင် Registry Cleaner , Registry Optimizer နဲ့ Registry Backup &Restore ဆိုပြီး Tools လေးသုံးမျိုးပါဝင်ပါတယ်။
Report & Extra Tools မှာဆိုရင်တော့ စက်ထဲမှာရှိတဲ့ Programs တွေ Fonts တွေ Startup Programs တွေနဲ့ Window Service တွေကို မိမိတို့ အသုံးပြုနေတဲ့ Web Browser လေးတစ်ခုနဲ့ တက်ပြီးပြပေးပါတယ်။

General Setting မှာဆိုရင်တော့ ဒီကောင်လေးရဲ့ Themes လေးတွေပြောင်းတာ အသံလေးတွေပြောင်းတာ ကအစ မိမိတို့ စိတ်ကြိုက်ပြုပြင်လို့ရပါတယ်။

Patch ဖိုင်လေးကို Install လုပ်ထားတဲ့ ဖိုလ်ဒါလေးထဲကို ကူးထည့်ပေးလိုက်ရင် Full Version ဖြစ်ပါပြီ။ ဖိုင်ဆိုဒ် ကတော့ 21.77 MB ရှိပါတယ်။

No comments: