Friday, June 10, 2011

“ နားလည်မှူ ”

“ နားလည်မှူ ”

…..မြင်ပါရက်နှင့်
မျက်နှာလွဲသွားတဲ့....
……ရက်စက်သူလို့
စွဲချက်မတင်ပါနဲ့နော်...။

အပြုံးချိုချိုလေးတွေနှင့်
ဆုံလိုက်တိုင်း မသိသလိုနေတတ်ခဲ့လို့ 
ဥပေက္ခာ ပြုရက်သူလို့
မယူဆလိုက်ပါနဲ့နော်...။

…ပုံရိပ်လေးနဲ့ တွေ့လိုက်တိုင်း
တမင် သွေဖယ်သွားခဲ့တဲ့
…..မာနရှင်လို့
အပြစ်မဖွဲ့လိုက်ပါနဲ့နော်...။

တကယ်ဆို…………
ဖွင့်ဆိုခွင့် မရှိတဲ့
လူတစ်ယောက်ရဲ့
သိက္ခာ နဲ့ စည်းကို
လည်နိုင်မယ်ဆိုရင်
ဟန်ဆောင်မှုတွေကို…..ခ၀ါချပြီး
ပျော်ရွှင်မှု…နေ့ရက်တွေကိုလက်တွဲ
နားလည်မှု ရလဒ်တွေနှင့်
ရှေ့ဆက်ရမယ့်……အနာဂတ်ခရီးဟာ
သာယာလှပလာမှာပါ…………။

No comments: