Thursday, May 5, 2011

Unicode To Zawgyi & Zawgyi To Unicode ပြောင်းဖတ်ဖို့

အခုနောက်ပိုင်း social network တစ်ချို့နဲ့ website တစ်ချို့မှာ font တွေကို unicode ပြောင်းသွားလို့ စာဖတ်ရတာအဆင်မပြေဖြစ်သွားတယ်။

Unicode to Zawgyi ပြောင်းဖို့ အောက်က စာလေးတွေကို Bookmark bar မှာ new bookmark ယူပြီး location မှာ ထည့်ပေးပါ။

Name ကိုတော့ Unicode to Zawgyi လို့ပေးလိုက်ပါ။ Bookmark bar မှာ add ထားပါ။

javascript:(function(){var%20s=document.createElement(‘script’);s.setAttribute(‘src’,'http://sawsan.googlecode.com/files/uni512zg1.js’);document.getElementsByTagName(‘body’)[0].appendChild(s);})();

Zawgyi To Unicode ပြောင်းဖို့က အောက်က စာလေးတွေကို Bookmark bar မှာ new bookmark ယူပြီး location မှာ ထည့်ပေးပါ။
Name ကိုတော့ Zawgyi To Unicode လို့ပေးလိုက်ပါ။ bookmark bar မှာ add ထားပါ။

javascript:(function(){var%20s=document.createElement(‘script’);s.setAttribute(‘src’,'http://sawsan.googlecode.com/files/zg12uni51.js’);document.getElementsByTagName(‘body’)[0].appendChild(s);})();

unicode ပြောင်းသုံးတဲ့ site တွေကိုတွေ့ရင် အဲ့ဒီ bookmark bar က Unicode To Zawgyi ဆိုတာလေးကို နှိပ်ပေးရုံပါပဲ။ အဲ့ဒါဆိုရင် ကိုယ်စက်မှာ သုံးထားတဲ့ zawgyi font ကို အလိုလိုပြောင်းသွားပြီး စာဖတ်ရအဆင်ပြေသွားပါမယ်။ ကိုယ်စက်က Unicode သုံးနေပြီး webpage က zawgyi သုံးထားရင် Zawgyi To Unicode ကိုနှိပ်လိုက်ရင် ရပါတယ်။
အများအားဖြင့် သုံးကြတာ zawgyi ဖြစ်မယ်ထင်ပါတယ်။
ဒီ font converter တွေနဲ့ ပါတ်သတ်လို့ စုံစုံလင်လင် လိုချင်ရင် သုံးချင်ရင်တော့....
http://bookmarklet.saturngod.net/ မှာ ယူသုံးနိုင်ပါတယ်ခင်ဗျာ။

ဘာမှန်းမသိလို့ နမူနာအနေနဲ့ကြည့်ချင်ရင် http://www.myanmaritpro.com/ ဒီကို တစ်ချက်လောက်သွားကြည့်လိုက်ပါ။
ကျနော်တို့ သုံးထား zawgyi ဆိုရင် font တွေက စာဖတ်လို့မရပါဘူး unicode ပြောင်းထားလို့ပါ။ အပေါ်က ရေးထားသလို ကျနော်တို့ သုံးနေတဲ့ zawgyi ကိုပြောင်းမှ စာဖတ်လို့ အဆင်ပြေသွားပါတယ်။ နောက်ပိုင်းတော့ unicode ပြောင်းသုံးတဲ့ site တွေကလည်း အားလုံး ဖတ်လို့အဆင်ပြေအောင်လုပ်သွားမယ်ထင်ပါတယ် အခုလို လုပ်စရာမလိုလောက်ဘူးထင်ပါတယ်။ လောလောဆယ်တော့ font ပြောင်းဖတ်မှ အဆင်ပြေပါတယ်။

အဆင်ပြေပါစေ..

No comments: