Monday, May 2, 2011

မိမိ Computer ထဲကို Virus မ၀င်အောင် ဘယ်လိုကာကွယ်ကြမလဲ....

မိမိ Computer ထဲကို Virus မ၀င်အောင် ဘယ်လိုကာကွယ်ကြမလဲ....

virus ကိုမိမိစက်ထဲကိုအလွယ်တကူမဝင်နိုင်အောင်၊ အလွယ်တကူပိတ်လို့ရပါတယ်။
virus တွေဟာများသောအားဖြင့် External Drives များဖြစ်ကြတဲ့
CD Rom,
Memory Stick,
External Hard Disk,
MP3/4 Players,
Hand Phone .... အစရှိတဲ့ External Drives များကနေဝင်လာတာများပါတယ်။
virus ရှိသော External Device တစ်ခုခု ကွန်ပျူတာထဲကိုတပ်လိုက်ပြီဆိုတာနဲ့ များသောအားဖြင့် မိမိစက်ထဲကိုဝင်တာများပါတယ်။
မိမိကွန်ပျူတာမှာ Anti-virus ကလည်းမရှိဘူး USB Disk security လို့ခေါ်တဲ့ USB ကနေလာတဲ့ Devices တွေကို virus စစ်ပေးတဲ့ software မှရှိဘူး။ CPE17 လို Auto run virus သတ်ပေးတဲ့ software လည်းမရှိခဲ့ရင် အဲဒီကွန်ပျူတာကို virus ရှိသော Thumb drive လို့ခေါ်တဲ့ Memory Stick
လေးပဲထိုးကြည့်ပါ။ (90%) ကတော့ virus ဝင်မှာသေချာပါတယ်။
အဲဒါဘာကြောင့်လည်းဆိုတော့...
virus ကိုစတင်ဖန်တီးတဲ့ programmer တွေက အလိုအလျောက် အလုပ်လုပ်စေတဲ့ autorun system ကိုထည့်သွင်းရေးထားကြလို့ပါပဲ။ များသောအားဖြင့်တော့အထက်ပါဖော်ပြသော ဆော့ဖ်ဝဲလေးနှစ်ခုနဲ့ anti-virus ကောင်းကောင်းလေးတစ်ခုဆိုရင်တော့ပြည့်စုံလုံလောက်နေပါပြီ။
ဒါပေမယ့်တစ်ချို့virus တွေက CPE 17 လိုမျိုး autorun killer ကိုတောင်မမှုတဲ့ virus တွေအများကြီးပါ။
ဒီလို virus တွေက မိမိ PC မှာ Install လုပ်ထားတဲ့ Guard Applications တွေကို အရင်ဆုံး Killed လုပ်ပြီးမှဝင်တာပါ။
အဲဒါကြောင့် CPE 17 တစ်ခုထဲနဲ့လည်းစိတ်မချရသေးပါဘူး။
အဲဒါဘာကြောင့်လည်းဆိုတော့ autorun ကြောင့်ပါ။ ဒီ autorun ကိုဘယ်လိုကာကွယ်ရမလဲဆိုတော့...
Windows (OS) ရဲ့ autorun system ကိုသွားပိတ်ပစ်ရပါမယ်။ ဒါဆိုရင်အနည်းဆုံးတော့ USB ထိုးတာနဲ့ virus မဝင်နိုင်တော့ဘူးပေါ့။
ပိတ်တဲ့နည်းလေးကလွယ်ပါတယ်...
Start-->run -->ကိုသွားပါ။
run ဘောက်စ်ကျလာရင် gpedit.msc လို့ရိုက်ထည့်ပြီး enter ခေါက်ပါ။
ပြီးရင် Computer Configuration အောက်က Administrative Templates -->system ကိုသွားပါ။
Expand လုပ်ပါ။ ညာဘက်ချမ်းဘက်မှာ Turn off autoplay ကိုရှာပါ။ Double click နှိပ်ပါ။ enable ပေးပါ။
အောက်တွင် Turn off autoplay on နေရာတွင် CD Rom Drive ဖြစ်နေပါမယ်။ all drives လို့ပြောင်းပေးပါ။
ပြီးရင် apply -->OKုလုပ်ပေးပါ။
စိတ်ချရအောင်နောက်တစ်ခုထပ်လုပ်ပါ...။
Computer configuration အောက်ကခေါင်းစဉ်နောက်တစ်ခုဖြစ်တဲ့
User Configuration ကိုသွားပါ။
Administrative Templates -->system Expand လုပ်ပါ။
ညာဘက်ချမ်းဘက်မှာ Turn off autoplay ကိုရှာပါ Double click နှိပ်ပါ။
enable ပေးပါ။ အောက်တွင် Turn off autoplay on နေရာတွင် CD Rom Drive ဖြစ်နေပါမယ်။all drives လို့ပြောင်းပေးပါ
ပြီးရင် apply -->OKုလုပ်ပေးပါ။
အဲ့ဒါဆိုရင် Windows (OS) ရဲ့ Aotorun ကိုပိတ်တာ အဆင်ပြေသွားပါပြီ။

အားလုံး Virus နဲ့ ကင်းဝေးပြီး... အဆင်ပြေပါစေ...။

No comments: