Saturday, April 30, 2011

မီးဖွားရလွယ်ကူစေမည့် သဘာဝနည်းလမ်းများ။

• ကလေးမွေးဖွားနိုင်အောင် လှုံ့ဆော်ပေး နိုင်တဲ့ အရိုးရှင်းဆုံးနည်းလမ်းတစ်ခုကတော့ လမ်းလျှောက်ခြင်းပါ။ လမ်းလျှောက်ခြင်းဟာ ကမ္ဘာမြေဆွဲအားနဲ့ လှုပ်ရှားမှုတွေကြောင့် မီးဖွားနိုင်အောင် ကူညီပေးတာဖြစ်ပါတယ်။ မတ်တတ်ရပ်ပြီး လမ်းလျှောက်ခြင်းပါ။ မတ်တတ်ရပ်ပြီး လမ်းလျှောက်တဲ့အခါ ကလေးရဲ့ခေါင်းဟာ သားအိမ်ခေါင်းပွင့်အောင် တွန်းအားပေးနိုင်ပါတယ်။ ခန္ဓာကိုယ်လှုပ်ရှားမှုကလည်း သားအိမ်ကျုံ့အောင် လှုံ့ဆော်ရာမှာကူညီပေးပါတယ်။

• ဘဝမှာ မလိုချင်တဲ့ ဖိစီးမှုတွေနဲ့ မလိုအပ်တဲ့ ဖိစီးမှုတွေ အားလုံးကို ဖယ်ရှားပစ်ပါ။ ကလေးမီးဖွားရလွယ်ကူစေဖို့အတွက် ကိုယ်ဝန်ဆောင်ချိန်ကတည်းက စိတ်အပန်းပြေ စေမယ့် ဖြေလျှော့တဲ့ နည်းလမ်းတွေကို မှန်မှန်လုပ်ဆောင်ပေးပါ။ စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုတွေက အများအပြားရှိပြီး ကြောက်ရွံ့မှု၊ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေက ကလေးမီးဖွားရာမှာ ခက်ခဲပြီး နှောင့်နှေးကြန့်ကြာစေနိုင်ပါတယ်။

• Evening Primrose Oil ဟာ သားအိမ်ခေါင်းပွင့်အောင် ကူညီပေးတဲ့ Prostaglandin အဆင့်ကို မြင့်စေနိုင်ပါတယ်။ ဒါပေမယ့် Evening Primrose Oil မသောက်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

• ကြက်ဆူဆီကတော့ မီးဖွားနိုင်အောင် ဟိုအရင်ကတည်းက သုံးခဲ့တဲ့နည်းလမ်းပါ။ ဒါပေမယ့် ဆရာဝန်ရဲ့ ကြီးကြပ်မှုနဲ့ နောက်ဆုံးအဆင့်မှသာသုံးသင့်ပါတယ်။ ကြက်ဆူဆီဟာ ကြွက်တက်တာနဲ့ ဝမ်းလျှောတာတွေကို ဖြစ်စေနိုင်ပါတယ်။

• လိင်ဆက်ဆံမှုကို မီးဖွားရလွယ်ကူစေတဲ့ နည်းလမ်း တစ်ခုအဖြစ် ကျွမ်းကျင်သူတွေကယူဆထားပါတယ်။ ဘာကြောင့်လဲဆိုတော့ သုက်ရည်မှာ သားအိမ်ခေါင်းနဲ့ကပ်ပြီး ကြာ ကြာတည်ရှိနေမယ့် သဘာဝ Prostaglandin တွေ ပါဝင်တာကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် ဆက်ဆံမှုအထွက်အထိပ်ရောက်စဉ်မှာ ထွက်လာတဲ့ ဟော်မုန်းက သားအိမ်ကျုံ့စေတဲ့ Oxytocin ဟော်မုန်းပဲဖြစ်ပါတယ်။

No comments: