Saturday, April 30, 2011

ကမ္ဘာ ၅ မျိုး

၁။ ဘုရားတစ်ဆူပွင့်တဲ့ ကမ္ဘာက သာရကမ္ဘာ။
၂။ ဘုရားနှစ်ဆူပွင့်တဲ့ ကမ္ဘာက မဏ္ဍကမ္ဘာ။
၃။ ဘုရားသုံးဆူပွင့်တဲ့ ကမ္ဘာက ဝရကမ္ဘာ။
၎။ ဘုရားလေးဆူပွင့်တဲ့ ကမ္ဘာက သာရမဏ္ဍကမ္ဘာ။
၅။ ဘုရားငါးဆူပွင့်တဲ့ ကမ္ဘာက ဘဒ္ဒကမ္ဘာ။
ဘုရားလုံးဝ မပွင့်တဲ့ ကမ္ဘာက သုညကပ်ကမ္ဘာ။

အရိမေတ္တေယျဘုရားရှင်ဟာ ဘုရားဖြစ်ပြီးတဲ့ အချိန်က စပြီးတော့ ကုဋေခုနှစ်ရာသော ပရိတ်သတ်တို့ကို
ချေချွတ်တော်မူပြီးလျှင် အနှစ်ရှစ်သောင်းပြည့်တဲ့အချိန်မှာ ပရိနိဗ္ဗာန် စံလိမ့်မယ်။
အရိမေတ္တေယျဘုရား ထားခဲ့တဲ့ သာသနာ သုံးသိန်းခြောက်သောင်းပြည့်တဲ့အခါ ဤဘဒ္ဒကမ္ဘာကြီးသည်
အချိန်တန်လျှင်သာသနာပျက်ပြီးတော့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဘုရားမပွင့်တော့ပါ။

ဘုရားမပွင့်တဲ့ ကမ္ဘာတစ်သိန်းကျော်လွန်တဲ့အခါ မဏ္ဍကမ္ဘာ ဖြစ်ပြီးတော့
ဥတ္တရာမမင်းသည် ရာမသမ္ဗုဒ္ဓဘုရား ဖြစ်လိမ့်မယ်။
ပသေနဒီကောသလမင်းက ဓမ္မရာဇာဘုရား ဖြစ်လိမ့်မယ်။

No comments: