Sunday, March 13, 2011

Folder နဲ့  Drive ကို D_Click နှိပ်လို့  Open နဲ့ မပွင့်ရင် ဖြေရှင်းနည်း။

File Folder ကိုရော၊ Drive ကိုရော icon ပြောင်းလိုက်လို့ D-Click နိုပ်ရင် Open မဖြစ်တော့ပါ search ဆိုပြီး ဖြစ်နေပါတယ်။
Folder ကို အောက်ပါနည်းအတိုင်း ပြန်ပြင်နိုင်ပါတယ်။
Run မှာ regedit လို့ ရေးပြီး Registry Editor ကို ၀င်ပါတယ်။ အောက်ပါ D Tree အတိုင်းသွားပါတယ်။
HKEY_CLASSES_ROOT\ Directory\ shell
shell ကို click ပြီး ညာဘက်ကပေါ်လာတဲ့ သူ့ရဲ့ Default ဆိုတဲ့ item လေးကို D-Click ပေးပြီး Value ကို none လို့ရေးပေးလိုက်ပါတယ်။ ဒါဆို Folder က အဆင်ပြေသွားပါပြီ။

Drive ကို ပြောင်းမိလို့ search နဲ့ ပွင့်နေရင် Run မှာ အောက်ပါအတိုင်း ရိုက်ထည့်လိုက်ပါ။
regsvr32 /i shell32.dll
အဲလိုရေးလိုက်ရင် အောက်ပါအတိုင်း Alert ပေါ်လာပါမယ် ။ Ok ပေးလိုက်ပါ။
Drive က Open(explorer) နဲ့ ပြန်ဖွင့်လို့ ရသွားပါလိမ့်မယ်။

အဆင်ပြေပါစေ...။

No comments: