Thursday, January 13, 2011

အကယ်၍

မင်းအသိုင်းအ၀ိုင်းက တုန်လှုပ်ခြောက်ခြားပြီး......ဒါတွေဟာ...မင်းကြောင့်လို့ဝိုင်းဝန်းအပြစ်တင်ကြတဲ့အခါ.....

မင်းဟာတည်ငြိမ်စွာနဲ့...ရင်ဆိုင်နိုင်မယ်ဆိုရင်...

******** အကယ်၍********

အားလုံးကမင်းကို.....မယုံသင်္ကာဖြစ်လာတဲ့အခါ.......သူတို့ကိုနားလယ်စွာခွင့်လွတ်ရင်းနဲ့......

မင်းကိုမင်းယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်......

********* အကယ်၍********

စောင့်သင့်တဲ့အချိန်ကို....စောင့်နိုင်ပြီး.......အဲဒီအတွက်လည်း....မမောမပန်းနေနိုင်မယ်ဆိုရင်....

ဒါမှမဟုတ်

မင်းရဲ့ အကြောင်းမဟုတ်မတရား..မုသားစကားကြားရတဲ့အခါ....မင်းကလည်း...အလိမ်အညာတွေနဲ့...မတုန့်ပြန်ဘူးဆိုရင်......

ဒါမှမဟုတ်

မင်းကိုလူတကာက၀ိုင်းဝန်း...မုန်းတီးတဲ့အခါ........မင်းကလည်း....အမုန်းတွေပြန်...မပွားဘူးဆိုရင်...

********* အကယ်၍*********

စိတ်ကူးယဉ်အိမ်မက်တွေဟာ.......မင်းအပေါ်မလွမ်းမိုးစေဘဲ.........

စိတ်ကူးနိုင်မယ်ဆိုရင်.............

ပြီးတော့

အတွေးအခေါ်....စိတ်ကူးတွေဟာ...မျှော်မှန်းချက်....သက်သက်သာမဖြစ်စေဘဲ.....

တွေးခေါ်နိုင်မယ်ဆိုရင်.........

**********အကယ်၍**********

အောင်မြင်မှုသုခနဲ့....ဆုံးရှုံးမှုဒုက္ခ္ခ္ခ္ခ္ခ္ခတွေကြုံတွေ့ရတဲ့အခါ......

တူညီသောလောကဓံတရားတွေပါလားရယ်လို့....ခံယူထားနိုင်မယ်ဆိုရင်....

***********အကယ်၍***********

မင်းရဲ့အမှန်စကားတွေကို...လူလိမ်လူညာတွေက....လှည့်စားပြောင်းလဲပြီး....

မုသားအဖြစ်ထောင်ချောက်ဆင်ညစ်တဲ့အခါ..........

မင်းဟာတည်ငြိမ်စွာနဲ့...နားကြားနိုင်မယ်ဆိုရင်.....

********* အကယ်၍**********

မင်းဘ၀တခုလုံးပေးပြီး....အရိပ်တကြည့်ကြည့်နဲ့ဖြည့်ဆည်းခဲ့ရတဲ့အရာရာကို..

ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်...အင်မတန်သေးငယ်တဲ့တန်ဆာပလာအရာရာနဲ့....

ပြန်လည်ထူထောင်နိုင်မယ်ဆိုရင်......

***********အကယ်၍**********

မင်းနိုင်သမျှတွေအားလုံး....ကြွေတလှည့်...ကြက်တခုန်ပမာ.....

တလှည့်တခါတည်းနဲ့...ဆုံးရှုံးသွားခဲ့ရင်.....

ပြီးတော့

အစကနေပြန်စနိုင်မယ်ဆိုရင်......ပြီးတော့တခါ...ဆိုးလှတဲ့ ကံကြမ္မာရယ်လို့.....

ဘယ်တော့အခါမှ...ညည်းညူမနေဘူးဆိုရင်.....

*************အကယ်၍**********

သူများတကာတွေ.....လုပ်ပြီးသွားကြလို့.....အချိန်အတော်ကြာမှမင်းအလှည့်ရောက်လာတဲ့အခါ......

မင်းတယောက်တည်းနဲ့ ပဲ......အားနဲ့..မာန်နဲ့..ဇွဲသတ္တိရှိရှိ...ဆက်ကြိုးစားနိုင်မယ်ဆိုရင်.....

အဲလိုပဲ

မင်းမှာစိတ်အင်အားကလွဲလို့...ဘာဆိုဘာမှမရှိတော့တဲ့အခါ.......အဲဒီစိတ်အင်အားကိုခိုင်မာစွာနဲ့ပဲ....

လက်ဆုတ်လက်ကိုင်.....ထားနိုင်မယ်ဆိုရင်..........

*************အကယ်၍**********

လူတွေနဲ့ထိတွေ့ဆက်ဆံပြောဆိုတဲ့အခါ....ကိုယ်ကျင့်သိက္ခာစောင့်ထိန်းနိုင်မယ်ဆိုရင်....

ဒါမှမဟုတ်

မင်းဧကရာဇ်တွေနဲ့အတူ.....လမ်းလျှောက်နေရပေမဲ့....မာန်မာနသွေးမကြွဘူးဆိုရင်....

*************အကယ်၍**********

ရန်သူကဖြစ်စေ....မိတ်ဆွေကဖြစ်စေ.....မင်းကိုနာကျည်းအောင်...မလုပ်နိုင်စေရင်.....

*************အကယ်၍**********

လူတိုင်းကိုတန်ဖိုးထားလေးစားပေမဲ့.....စွဲလမ်းမှုသံယောဇဉ်တွေ....ထားမနေဘူးဆိုရင်....

*************အကယ်၍**********

တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့...တမိနစ်အတွင်းမှာ....အဓိပါယ်ရှိတဲ့...စက္က္က္က္က္က္က္က္က္ကန့်ခြောက်ဆယ်အဖြစ်.....

အသုံးချနိုင်မယ်ဆိုရင်...ငါသားရေ....မင်းဟာအရာရာရှိတဲ့...အရာရာဖြစ်တဲ့ကမ္ဘာကြီးကိုဆုတ်ကိုင်လို့.....

အရာရာ..ဘာမဆိုမင်းစွမ်းနိုင်ပြီပေါ့......

အဲဒီတော့..... မင်းဟာလည်းယောင်္ကျားကောင်းတယောက်ပေါ့...........

(အမေစု.... ဘာသာပြန်ဆိုထားသောကဗျာတပုဒ်)

No comments: