Saturday, December 18, 2010

Duplicate file remover <<< Download

ကွန်ပြူတာထဲမှာ ဖိုင်တွေ ဟိုနေရာသိမ်းထား၊ ဒီနေရာသိမ်းထားနဲ့
ဖိုင်နာမည်တွေ ထပ်နေတဲ့သူတွေအတွက် Duplicate file remover ကအကူအညီပေးနိုင်ပါလိမ့်မယ်။
ဆော့ဝဲကို အလုပ်လုပ်ခိုင်းပြီးနောက်မှာ အမည်တူ ထပ်နေတဲ့ ဖိုင်တွေကို ဖိုင်အရွယ်နဲ့ တကွဖော်ပြပါမယ်။
တူနေတဲ့ ဖိုင်တွေထဲက ဘယ်ဖိုင်တွေကို ဖျက်မှာလဲ …
ဘယ်ဖိုင်ကို မဖျက်ပစ်ဘဲ ချန်ထားမှာလဲ ဆိုတာကို ရွေးချယ်ပေးနိုင်ပါတယ်။

အသုံးပြုပုံကလည်း မခက်ပါဘူး။
Next, Next စသဖြင့် ကလစ်လုပ်သွားရုံလောက်ပါ။

1. ပထမ ပေါ်လာတာမှာ Next လုပ်။
2. ဒုတိယ ဖိုင်အမျိုးအစား ရွေး။
3. တတိယ ဘယ်ဖိုလ်ဒါကို ရှာမှာလဲရွေး။
4. နံပါတ် ၄ အနေနဲ့ Next သာလုပ်။
5. ဒါဆို ရှာနေတာ တွေ့ပါမယ်။ စောင့်ပါ။

နောက်ဆုံးကျရင် ထပ်နေတဲ့ဖိုင်တွေရဲ့ info တွေ ပေါ်လာပါမယ်။
ဖျက်တာတွေ၊ ရွေးချယ်တာတွေ ကိုယ့်ဘာသာကိုယ်လုပ်ရပါမယ်။

အားလုံးအဆင်ပြေကြပါစေ....။

No comments: