Thursday, October 14, 2010

“Window CD မှ ISO File ပြုလုပ်ခြင်း...။” <<< Download




ဒီနည်းကတော့ ကိုယ့် က သူများရဲ့ Window ခွေ တစ်ခု ကို ရပြီဆိုပါတော့၊အဲဒီ့ Window ခွေကို ပြန်ပြီးတော့ ကူးယူချင်တယ်ဆိုရင် အသုံးပြုတဲ့နည်းပါ။ နှစ်ဆင့်တော့ လုပ်ရ ပါတယ်။
၁။ Window ခွေမှ Iso file အဖြစ်ပြုလုပ်ခြင်း ။
၂။ Iso file မှ CD ပေါ်သို့ ကူးယူခြင်း ။ စသည့် အဆင့်(၂)ဆင့် ပြု့လုပ်ရပါမယ်။ ဒီတိုင်း CD to CD ကူး ရင်လည်း အဆင်ပြေပါတယ်။ Window CD ကို ယူပြီးတော့ ကူးတော့ ဒီတိုင်း Window CD ကိုထည့်၊ပြီးတော့ ကျတော့ ကူးပြီးတော့ file အဖြစ် ထား၊ နောက်တော့ ကျတော့ အဲဒီ့ file ကို CD ထဲကို တစ်ခါတည်း ကူးလိုက် တယ်။ စမ်းပြီးတင်ကြည့် တော့ အဆင်မပြေဘူး Press Any keys to boot from CD ဆိုတဲ့ စာတမ်းလည်းမ ပေါ်ဘူး Window ကိုတစ်ခါတည်းရောက်သွားတယ်။ Window ထဲကနေပြီးတော့ပဲ တင်လိုက်လည်းရပါတယ်။ အခု နည်းလေးနဲ့ဆို ရင် အဲဒီ့လိုလည်းမဖြစ်တော့ပါဘူး။ အဆင်ပြေပြေ Window တင်နိုင်သွားပါပြီ။
Magic ISO Maker software ကိုတော့ အရင် Download ဆွဲထားပါ။
Download ဆွဲပြီးသွားရင် Installation လုပ်ရပါမယ်။
၁။ Window ခွေမှ Iso file အဖြစ်ပြုလုပ်ခြင်း ။ ပထမဆုံး ကိုယ်ကူးမဲ့ Window ခွေကို CD/DVD drive ထဲကို ထည့်လိုက်ပါ။ ပြီးရင်တော့ My Computer ကို ဖွင့်ပြီးတော့ အဲဒီ့ CD drive ကို R-Click ထည့်လိုက်ပါ။ Magic Iso => Make Image file from H: ပေါ့။

အဲဒီ့ အဆင့်မှာတော့ နည်းနည်းလေး ရွေးပေး ရပါမယ်။
Output File ဆိုတဲ့နေရာမှာတော့ ကိုယ် Save မယ့် နေရာကလေးကို ရွေးပေးရပါ့မယ်။ Desktop ပေါ်လား Drive တွေထဲလားပေါ့။ Output Format ဆိုတဲ့ နေရာမှာတော့ Standard ISO image file (ISO) ဆိုတာကိုရွေးပေးလိုက်ပါ။ အဲဒါကလေးတွေ ရွေးပြီးသွားပြီဆိုရင်တော့ OK ပေးလိုက်ရင် သူ့ဘာသာသူ အလုပ်လုပ်သွားပါလိမ့်မယ်။

100% ပြည့်သွားပြီဆိုရင်တော့ Successfully ဆိုပြီးတော့ ပေါ်လာပါလိမ့်မယ်။ အဲဒါဆိုရင် Iso file တစ်ခုကို တည်ဆောက်လို့ ပြီးသွားပြီ ဖြစ်ပါတယ်။

၂။ Iso file မှ CD ပေါ်သို့ ကူးယူခြင်း။ အခုအဆင့်ကတော့ စောစောက ရခဲ့တဲ့ Iso file ကို ပြန်ပြီးတော့ CD ခွေပေါ်ကို Burn တာပါ။ CD / DVD ခွေ အလွတ်ကို ထည့်လိုက်ပါ။ Start Menu => All Programs => Magic Iso => Magic CD & DVD Driver ဆိုပြီးတော့ သွားလိုက်ပါ။

Box တစ်ခု ပေါ်လာပါ့မယ်။ အဲဒီ့မှာမှ CD/DVD Image File မှာ စောစောက ကိုယ်လုပ်ထားတဲ့ Iso file ကို ရွေးပေးလိုက်ပါ။ ပြီးရင် Writing Speed ဆိုတာမှာတော့ ကိုယ် ကြိုက်တာကို ရွေးလို့ရပါတယ်။ နည်းလေ ကောင်းလေ ပါပဲ။ ပြီးရင်တော့ Burn it ဆိုတာကလေးကို နှိပ်ပေးလိုက်ပါ။ သူဘာသာအလုပ်လုပ်သွားပါလိမ့် မယ်။ ပြီးသွားပြီဆိုရင် CD ခွေက သူ့အလိုလို ထွက်လာပါလိမ့်မယ်။ အဲဒါဆိုရင် Windows CD ခွေ တစ်ခုကို ပိုင်ဆိုင်သွားပါပြီ။


အားလုံး အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက်…။

No comments: