Wednesday, September 8, 2010

HACKING INFORMATION

Hacking နဲ့ ဆိုင်တဲ့ အခြေခံအတွေးအခေါ်လေးတွေကို ဖော်ပြထားတာဖြစ်ပါတယ်။ ဒါတွေကို ဘယ်လိုဆင့်ပွား ပြီး အသုံးချရမယ်ဆိုတာကတော့ ကိုယ့်ကိုကိုယ် အားကိုးရပါလိမ့်မယ်။
နောက်ခံအခြေအနေ
Hack တဲ့ နည်းလမ်းတွေကို Windows 98 ဒီဇိုင်းပြုလုပ်ပြီးကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။ Hacking ဆို တာ အခြေခံအားဖြင့်တော့ ပျော့ကွက်၊ဟာကွက် ကွင်းဆက်တွေကို ရှာဖွေပြီး ၄င်းတို့ထဲကမှာ အချို့ယိုစိမ့် နိုင် တဲ့ hole တွေကနေ information တွေထွက်လာအောင် ကြိုးစားတာဖြစ်ပြီး၊သင့်အတွက် အရေးပါနိုင်တဲ့ Password များ၊ Credit Card နဲ့သက်ဆိုင်တဲ့ အသေးစိတ်အချက်အလက်များကို ရယူချင် ရယူနိုင်ပါတယ်။ တစ်ခါတစ်ရံမှာတော့ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုတွေအတွက် အသုံးပြုကြပါတယ်။

သတိပြုရန်အကြောင်းအရာ
အကြံပေးချင်တာကတော့ ကောင်းမွန်တဲ့ Site တွေကနေ ဆောင်းပါးတွေ၊ ပို့ချချက်တွေကို သေချာဖတ်ရှုလေ့ လာဖို့လိုပါတယ်။ ဒါဟာ Hacking ကို လေ့လာခြင်းမှာ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။

မိတ်ဆက်
အဓိကကျတဲ့ အချက်တွေကိုပဲ ဖော်ပြပြီး hacking နည်းလမ်း အချို့ကို အကျဉ်းချုပ်ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ Hacking မှာ အခြေခံအားဖြင့် အဓိကကျတဲ့ အပိုင်းနှစ်ပိုင်း ကွဲထွက်နေပါတယ်။ အဲဒါကတော့...
၁။ Email (သို့) User information
၂။ Web based hacking တို့ပဲဖြစ်ပါတယ်။

Email (သို့) User information
ယနေ့အချိန်မှာ အများဆုံးအသုံးပြုနေကျဖြစ်တဲ့၊ Email, Passwords, Credit Card details စတဲ့ user information များကို hack တဲ့အခါ ကျော်ကြားနေတဲ့ နည်းလမ်းတွေကတော့ အောက်ပါအတိုင်း ဖြစ် ပါတယ်။
(က) Phishing
( ခ ) Brute Forcing
( ဂ ) Keylogging
(ဃ) Trojans

(က)Phishing
Phishing ဆိုတာကတော့ ပုံမှန်အားဖြင့်ထူးခြားတဲ့တိုက်ခိုက်မှုတစ်ခုဖြစ်ပါတယ်။ Hacker တွေကအချို့website (သို့) gmail နဲ့ လုံးဝနီးပါးဆင်တူတဲ့ page တစ်ခုကို ဖန်တီးလိုက်ခြင်းဖြစ်ပါတယ်။ အဲ့ဒီ page တွေကို Hacker တွေက သူတို့ရဲ့ ကိုယ်ပိုင် server တွေမှာ upload လုပ်ကြပါတယ်။ အဲဒီနောက် User အသစ်တွေ ဆီကို အဲဒီ link တွေပေးပို့ပါတယ်။ User တွေက အဲဒီ link ကိုဖွင့်လိုက်တဲ့ အခါ User တွေ အနေနဲ့ သူတို့ ရောက်ချင်တဲ့ website (သို့) gmail လို့ထင်ပြီး သူတို့ရဲ့ username နဲ့ password တွေကိုရိုက်ထည့်ပြီး sign in (သို့) submit ကို click လိုက်ပြီဆိုရင်တော့… အဲဒီ user ရဲ့ information တွေကို hacker ကရရှိသွားပါပြီ။ ဒီနည်းလမ်းကို hacking လောကထဲကို ၀င်ရောက်ဖို့ကြိုးစားနေကြတဲ့ လူသစ်တွေကျယ်ကျယ်ပြန့်ပြန့် အသုံးပြု့နေတဲ့နည်းလမ်း တစ်ခုဖြစ်ပါတယ်။ဒီနည်းလမ်းကို အသုံးပြုပြီး အိန္ဒိယမှာ ရှိတဲ့ ICICI bank နဲ့ပတ်သတ်ပြီး ဖြစ်ခဲ့တဲ့သာဓက တစ်ခုရှိပါတယ်။ များစွာသော User info… တွေကို ဒီနည်းလမ်းကို အသုံးပြုပြီး အခိုးခံခဲ့ရတာဖြစ်ပါတယ်။

အားနည်းချက်
လူတော်တော်များများက ဒီနည်းလမ်းကို အသုံးပြုဖို့ကြိုးစားနေဆဲဖြစ်ပါတယ်။ဒါပေမယ့်…ဒီနည်းလမ်းမှာ အား နည်း ချက်တစ်ခုရှိနေပါတယ်။ အဲဒါကတော့ သားကောင်ဟာ Internet နဲ့ပတ်သတ်ပြီး ဗဟုသုတ အနည်း ငယ် ရှိရုံနဲ့ ဒီ Page ဟာ အစစ်မဟုတ်မှန်းသိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက URL ကို ဖတ်ကြည့်မယ် ဒါဆိုရင်မူရင်း website မဟုတ်ဘူးဆိုတာကို နားလည်သွားနိုင်ပါတယ်။

( ခ ) Brute Forcing
Brute Forcer ဆိုတာကတော့ အခြေခံအားဖြင့် cracker လို့ခေါ်ဆိုနိုင်တဲ့ program တစ်ခုဖြစ်ပါတယ်။ အဲဒီ Brute Forcer ထဲမှာသင်က သင် hack ချင်တဲ့ username ကို ထည့်သွင်းရပါမယ်။ ပြီးတော့ notepad file တစ်ခုကိုလည်း password တစ်ခုကဲ့သို့ထည့်သွင်းရမှာဖြစ်ပြီး အဲဒီ notepad ထဲမှာ ရှိသမျှ အားလုံးနီးပါး အင်္ဂ လိပ် ဘာသာစာလုံးတွေ ပါရှိရမှာဖြစ်ပါတယ်။ ၄င်းကဘယ်လိုအလုပ်လုပ်သလဲဆိုတော့ password မှာပါတဲ့ စာလုံးတစ်လုံးစီတိုင်းအတွက် notepad file ထဲမှာ ရှိသမျှ စာလုံးတိုင်းနဲ့ တိုက်ကြည့်ပါတယ်။ အားလုံးတူ ညီ သွားပြီ ဆိုရင်တော့ ပွဲသိမ်းပဲပေါ့။ တစ်ခြား Forum တွေမှာ " huge pass list" ဆိုတဲ့ ခေါင်းစဉ်ကို သတိပြုမိချင် ပြုမိပါလိမ့်မယ်။ ၄င်းတို့က ဘာမှတော့မဟုတ်ပါဘူး။ ဒါပေမယ့် သင့်ရဲ့ bruteforcer ထဲကို ထည့်သွင်းဖို့ password list ဖြစ်ပါတယ်။

အားနည်းချက်
၁။ တစ်ခါတစ်ရံမှာ brute forcing ဟာ အချိန်အလွန်ကြာမြင့်တတ်ပါတယ်။
၂။ ၄င်းဟာ အာမခံချက် မရှိပါဘူး
၃။ ယနေ့အချိန်ကာလမှာဆိုရင် လူတော်တော်များများဟာ alpha-numeric-symbol password တွေရှိနေကြ ပါပြီ။ brute forcer အတွက် detect လုပ်ဖို့ အလွန်ခက်ခဲပါတယ်။
၎။ ကျော်ကြားတဲ့ gmail ကဲ့သို့သော site တွေမှာ ပြုလုပ်ထားတဲ့ ဒီဇိုင်းတစ်ခုကတော့ login လုပ်တဲ့အခါ (၃) ခါထက်ကျော်ပြီး မှားယွင်းနေပြီးဆိုရင် ၄င်းတို့က "image captcha" ကိုထည့်လိုက်တဲ့အတွက် bruteforcer ကိုရပ်သွားစေပါတယ်။

( ဂ ) Keylogging
Keylogger ကတော့ "server" လို့ ခေါ်ဆိုနိုင်တဲ့ File သေးသေးလေးတွေကို ဖန်တီးဖို့အတွက် သင့်ကို ကူညီ ပေးပါလိမ့်မယ်။ သင်က သင့်ရဲ့ server ကို သားကောင် ဆီသို့ ပေးပို့ရမှာဖြစ်ပါတယ်။ သင့်ရဲ့ သားကောင်က အဲဒီအပေါ်မှာ Click လိုက်ရင်တော့ ကိစ္စပြီးပါပြီ။ ဒီနည်းလမ်းဟာ တစ်စုံတစ်ယောက်ကို hack ဖို့အတွက် အ ကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်နိုင်ပါတယ်။ Keylogger ဆိုတာကတော့ သင့်သားကောင်ရဲ့ computer ထဲမှာ သူဟာသူ install လုပ်နိုင်တဲ့ program တစ်ခုဖြစ်ပြီး၊ သင့်သားကောင်က သူ့ရဲ့ keyboard ပေါ်မှာ ရိုက်လိုက် သမျှ keystroke တိုင်းကို မှတ်တမ်းတင်ထားပါတယ်။ ပြီးရင် ၄င်းက မှတ်တမ်းတင်လို့ ရသမျှတွေကို Hacker ဆီသို့ပေးပို့ပါတယ်။ keystroke ( ဆိုလိုတာက FTP, Email , Messengers ) ကို လက်ခံရရှိဖို့ အများကြီးလမ်း ရှိပါတယ်။ ဒီနည်းလမ်း ဟာ သင့်ရဲ့သားကောင်ကို လှည့်စားပြီး သူတို့ရဲ့ Information တွေကို ရယူဖို့အတွက် အကောင်းဆုံးနည်းလမ်း တစ်ခုဖြစ်ပါတယ်။

အားနည်းချက်
၁။ သင့်ရဲ့ သားကောင်က Keylogger ကိုလက်ခံရရှိတဲ့ အခါ သူတို့ရဲ့ antivirus တွေက keylogger ကို အလို အလျှောက် delete လုပ်လိုက်ခြင်းဖြစ်ပါတယ်။ဒါကြောင့် သင်အနေနဲ့ တစ်စုံတစ်ရာ လှည့်ဖြားခြင်း အားဖြင့် antivirus ကို disable လုပ်ဖို့ စည်းရုံးသိမ်းသွင်းရမှာ ဖြစ်ပါတယ်။
၂။ တခါတရံမှာ Keylog တွေကို ပေးပို့နေတဲ့အချိန်မှာ Firewall က Block လုပ်လိုက်ခြင်းများပဲ ဖြစ်ပါတယ်။

အကြံပြုချက် - "crypters" လို့ခေါ်တဲ့ program တွေကို အသုံးပြုဖို့ပါပဲ။ ၄င်းက သင့်ရဲ့ server တွေကို ရှာဖွေမ တွေ့အောင် ပြုလုပ်နိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။ ဒါဆိုရင် သင့်သားကောင် ရဲ့ anti-virus တွေက ၄င်းတို့ကို detect မလုပ်နိုင်တော့ပါဘူး။

(ဃ) Trojans
Trojan တွေကတော့ Keylogger တွေရဲ့ ဖခင်နဲ့တူပါတယ်။Trojan တွေက အပေါ်မှာ ဖော်ပြခဲ့တဲ့ Keylogger တွေအတိုင်းပဲ သင့်ဆီကို Keylog တွေပေးပို့ပါတယ်။ ဒါ့အပြင် ၄င်းတို့က သင့်သားကောင်းရဲ့ computer ကို သင် ထိန်းချုပ်မှုရစေပါတယ်။ သင့်သားကောင်ရဲ့ computer မှာ သင့်စိတ်ကြိုက် File တွေကို Edit / Delete/ Upload/ Download လုပ်နိုင်ပါတယ်။ Trojan တွေမှာ Keyboard ကို ကောင်းကောင်း အလုပ်မလုပ်အောင် (Keyboard မှာ ကိုယ်နှိပ်လိုက်တဲ့ စာလုံးကတစ်ခု၊ ပေါ်နေတာကတစ်ခု ပေါ်ချင်တဲ့ စာလုံးလျှောက်ပေါ် နေတာ၊ တခါတလေ Keys တွေကို ရိုက်လို့ရတဲ့ အခါ ရတယ်၊ မရတဲ့အခါလည်းမရဘူး၊ အဲလိုမျိုးတွေပေါ့ )။CD ROM တွေ Eject လုပ်တဲ့ အခါ ထွက်မလာတာ၊ CD ပြန်ထည့်ပေးဖို့အတွက် တောင်းဆိုတာ စသဖြင့် အခြား အခြား သော Feature တွေလည်း ပါဝင်ပါသေးတယ်။

အားနည်းချက်
Keylogger တွေနဲ့ အတူတူပါပဲ။

အကြံပြုချက် - Keylogger မှာ အကြုံပြုခဲ့သလိုပါပဲ crypter တွေသုံးပါ။

No comments: