
(၁)....လူ့လောကထဲ သူနေခဲ့ရတာက
၃၂နှစ်၊၅လ၊၆ရက်ထဲရယ်ပါ။
၁၃.၂.၁၉၁၅ မှ ၁၉.၇.၁၉၄၇
နတ်မောက်ဦသောဘိတကျောင်း
ရေနံချောင်းအမျိုးသားကျောင်း
ရန်ကုန်တက္ကသိုလ်တွေမှ ပညာဆည်းပူးခဲ့
၁၉၄၃ ကျောင်းသားသမဂ္ဂဇင်းအမှုဆောင်နဲ့
နိုင်ငံရေးဘဝ စတင်
နိုင်ရေးလုပ်သက် ၁၃ နှစ်
မြန်မာ့လွတ်လပ်ရေး(သို့မဟုတ်)
စတုတ္ထမြန်မာနိုင်ငံတော်သို့။
(၂)အရပ်ပုပု
မျက်မှောင် ကုတ်ကုတ်
ပိုသီပတ်သီ အညာသား
ဘီအေကျောင်းသား
စကားမပြော
ပြောရင်မရပ်
ညှင်းသိုးသိုးအရိုးခံ
ခေါင်းအမာဆုံး
စိတ်ဓာတ်အပြင်းထန်ဆုံးလူသား။
(၃)သူမသိနားမလည်တာတွေက အများသား
ရေမကူးတတ်ဘူး
စက်ဘီးမစီးတတ်ဘူး
စန္ဒရားမတီးတတ်ဘူး
သီိချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး
မိန်းမ မပိုးတတ်ဘူး။
(၄)ဘိလပ်ပြန်သန်းကို မေရှင့်သီချင်းဆိုခိုင်းခဲ့သူ
ချစ်ရတဲ့ နာစ့်မလေးကြည်ကို လူဌားနဲ့ပိုးခိုင်းခဲ့သူ
ဗွီအိုင်ပီဆိုတဲ့ စာတန်းကိုအလွန်စက်ဆုပ်ရွံရှာသူ။
လမ်းဘေးမှာ........
ကျောက်ကျောရေသောက်တဲ့ ဝန်ကြီချုပ်
မင်္ဂလာဆောင်မှာ
ခဲဖိုးတောင်းတာနားမလည်တဲ့သူ
လွတ်လပ်းရေးကို စဉ်းစားရင်း
စစ်ဖိနပ်ကိုပြောင်းပြန်စီးတဲ့သူ
လွတ်လပ်းရေးကိုစဉ်းစားရင်း
ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ရွားသားတွေနဲ့
အတူလမ်းဘေးမှာ အကြော်စားတဲ့ဝန်ကြီးချုပ်
သူ့ကိုသူ ပြည်သူတစ်ယောက်အဖြစ်
ခံယူတဲ့ ဝန်ကြီးချုပ်။
(၅)“ကြည်...ပဲပြုတ်နဲ့ နံပြားရရင်စားချင်တယ်”
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ရဲ ကမ္ဘာကျော် စာ
ဗိုလ်ချုပ်ရဲ့ အဆင့်နဲ့ အမှားနဲ့
သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို
ကွဲကွဲပြားပြား သိတဲ့သူ
လူငယ်ဘဝ၊လူ့ဘဝရဲ့ စည်းစိမ်အရသာတွေ
ခံစားဖို့ အချိန်မရခဲ့တဲ့သူ
သူ့ဖြတ်သန်းမှုမှာ
လွတ်လပ်ရေးဆိုတာတစ်ခုတည်းနဲ့
ပကတိရိုးရှင်း သန့်စင်ခဲ့တဲ့သူ
သူ့ကို ဒဂုန်တာရာက ကင်ပွန်းတပ်
အောင်ဆန်း(သို့)အရိုင်းတဲ့။
(၆)င်္ဒီအောင်ဆန်းလက်ထောက်းလေးကို
ဘာကြောင့်
နေမဝင်အင်ပါယာကြီးက ဒူးထောက်ခဲ့ရပါသလဲ။
(၇)ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲမြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ ဆရာတွေ မှိုင်း၊မြ၊ချိုတို့ကအစ
“ငါတို့အားကိုးပါ့ရစေ”ဆိုလာကြ
ရှေးဘိုးဘွားမိဘပြည်သူတွေက
“ငါတို့ကိုကယ်မယ့် မင်းလောင်းပေါ်ပြီ”ပြုံးပျော်ကြ
လူငယ်သွေးသောက်မြန်မာတွေက..
“ငါတို့စွန့် ပါရစေ”ဆိုပြီး ရှေ့ထွက်လာကြ
စုကြ၊ရုံးကြ၊စည်းလုံးကြ တကယ့်ဗမာတွေ
အောင်ဆန်းနောက်က ပြည်သူ့ဒီလှိုင်းကြီးတွေရဲ့
တဝုန်းဝုန်းရိုက်ခက်သံဟာ ဝိဘိုရိယဘုရင်မကြီးကိုတောင်
အိမ်မက်တွေ အေးခဲစေခဲ့သပေါ့။
(၈)ဒီပြည်လုံးကျွတ် အားကိုစုဆည်းနိုင်ခဲ့လို့လည်း
အင်္ဂလိပ်တွေကလည်း ဒီအောင်ဆန်း
လက်တောက်လောက်နဲ့ တစ်စားပွဲထဲဝိုင်းခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ မတိုက်မီကရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့မတိုက်ဝံ့ကြ
မျက်နှာမပျက် အောင်မြင်စွာဆုတ်ခွာမယ့်လမ်းကို
သူတို့ရွေးခဲ့ကြ
အောင်ဆန်းနဲ့ အတွေ့မှာ...။
(၉)ယုံကြည်အားကိုးတဲ့ မျက်လုံးပေါင်း သန်း၆၀
အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့
နှလုံးသား သန်း၃၀ အောင်ဆန်မှာရှိတယ်
အောင်ဆန်း သေဆိုသေပြဝံ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိတယ် ဒီမျက်နှာ နှလုံးအသက်
ဗို့အားသိန်းသန်းချီပြီး မီဆလိုက်အားတွေနဲ့ နေမဝင်အင်ပါယာကို
ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ
အလုံးအရည်ပျော်သွားကြ။
(၁၀)ဘယ်ရာဇဝင်မှာ ခင်ဗျားတို့ တွေ့ဖူးသလဲ
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး
အင်္ဂလိပ်ဆိုတာကလည်း ဝေးလာဝေး
သူငယ်နှပ်စာမဟုတ်။
ဒင်းတို့တွေတောင် ရအောင်စည်းရုံးနိုင်တဲ့ အောင်ဆန်း
ဒီအောင်ဆန်းက စစ်ကိုမလို
ဒါပေမယ့် ရရင်ရ မရရင်ချဆိုတာ
အောင်ဆန်းဝါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့ တဦးတည်းသောကိုယ်စားလှယ်
ငါတို့ အောင်ဆန်းပေါ့။
(၁၁)အောင်ဆန်း ဒီအချိန်ဆို
၉၃ နှစ်ရှိပြီ
အောင်ဆန်းပြောမယ် အဘိုးရဲ့စကားနားထောင်..။
(၁၂)“မမေ့နဲ့..မင်းတို့ ဒီနေ့ရှူနေတဲ့လေဟာ”
ငါတို့...မနေ့က ချွေးစက်တွေဆိုတာ
“မမေ့နဲ့... မင်းတို့ “မြန်မာ”ဆိုတဲ့ စကားတခွန်းရဖို့
ငါတို့..ဗုံပေါလအော ကျဆုံးပေးခဲ့ရတာ
“မမေ့နဲ့...မင်းတို့ ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့...အလောင်းကောင်တွေဆင့်ပြီး
ထမ်းတင်ပေးခဲ့တာ မမေ့နဲ့။
(၁၃)မြန်မာလူမျိုးတိုင်မှာ အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က ကိုယ့်သွေးသား “အဖေ”
ကျန်တစ်ယောက်က မြန်မာလူမျိုးကို မွေးဖွားပေးခဲ့တဲ့“အဖေ”
မြန်မာလူမျိုးတို့ရဲ့ အဖေ
မြန်မာ့ အဖေ “အောင်ဆန်း”ပေါ့။
(၁၄)ကျွနပ်အဖေနဲ့အဘိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျွန်တော့်အဘိုး
ကျွန်တော့်သားက အောင်ဆန်းရဲ့မြစ်ပေါ့
သူ့အဘိုးကို သူလွမ်းတတ်နေပြီ
သူ့သားကျရင်လည်း သူ့အဘေးနဲ့
ပေးတွေ့နိုင်ဖို့ အခုကတည်းက အသေအချာ
မှထားရဦးမယ်...။
(၆၁)နှစ်မြောက်လွတ်လပ်းရေးနေ့ အမှတ်တရ
No comments:
Post a Comment