Friday, August 7, 2009

အနုမြူဗုံး နဲ့  အနုမြူဓါတ်ပေါင်းဖိုတွေရဲ့ လမ်းစ..။


Albert Einstein ရဲ့ E=mc2 ဆိုတဲ့ညီမျှခြင်းကိုတော့ လူတော်တော်များများ သိကြ၊ မြင်ဘူးကြမှာပါ။
Einstein ရဲ့ဖွင့်ဆိုချက်တစ်ခုက…..
ဒြပ်ထု(mass) ဟာ စွမ်းအင်(Energy) ရဲ့အသွင်တစ်မျိုးသာလျှင်ဖြစ်တယ်။ အပြန်အလှန်အားဖြင့်… စွမ်းအင် (Energy) မှန်သမျှမှာ ဒြပ်ထု(mass) ရှိနေတယ်။
အရာဝတ္ထုတွေရဲ့ စွမ်းအင်(Energy) တိုးခြင်း နဲ့ လျော့ခြင်းဟာ ဒြပ်ထု(mass) တိုးခြင်း၊လျော့ခြင်းမည်တယ်။ Einstein ဟာဒီသဘောသဘာဝကို
E=mc2 ဆိုတဲ့ညီမျှခြင်း နဲ့ ဖေါ်ပြခဲ့တယ်။
C ဟာ အလင်းအလျင်တန်ဖိုးဖြစ်တယ်။ ဒီညီမျှခြင်းအရကြည့်မယ်ဆိုရင်…
အလင်းအလျင်ရဲ့ နှစ်ထပ်ကိန်း ( c2 )ဟာ အရေအတွက်အလွန်ကြီးမားတဲ့ ကိန်းတစ်ခုဖြစ်တာကြောင့် အရာဝတ္ထုတစ်ခုရဲ့ စွမ်းအင်(Energy) အတိုးအလျော့ ဖြစ်စဉ်မှာ ဒြပ်ထု(mass) ပမာဏအတိုးအလျော့ ဖြစ်မှူဟာ ထင်ရှားသိသာတဲ့ အတိုင်းအဆရှိဖို့  အလွန်ပဲခဲယဉ်းပါတယ်။ ဒီညီမျှခြင်းကတစ်ဆင့် ဒြပ်ထု(mass) ပမာဏနည်းနည်းမှာ အလွန်ကြီးမားတဲ့ စွမ်းအင်(Energy) ကိန်းအောင်း နေနိုင်ပါလားဆိုတာ ရိပ်စားမိလာကြရာကစပြီး…. အနုမြူဗုံး နဲ့  အနုမြူဓါတ်ပေါင်းဖိုတွေပေါ်ထွန်းလာဖို့  လမ်းစဖြစ်စေခဲ့တယ်…။


Ref : Uncertainty Principle ( E=mc2 ) , By Albert Einstein

No comments: