Sunday, August 30, 2009

Winamp 5.56 MediaPlayer (DOWNLOAD)


9.80MB (Freeware)
DESCRIPTION
Winamp is a skinnable, multi-format media player.
Winamp supports a wide variety of contemporary and specialized music file formats, including MIDI, MOD, MPEG-1 audio layers 1 and 2, AAC, M4A, FLAC, WAV, OGG Vorbis, and Windows Media Audio. It supports gapless playback for MP3 and AAC, and Replay Gain for volume leveling across tracks. In addition, Winamp can play and import music from audio CDs, optionally with CD-Text, and can also burn music to CDs. Winamp supports playback of Windows Media Video and Nullsoft Streaming Video, as well as most of the video formats supported by Windows Media Player. 5.1 Surround sound is supported where formats and decoders allow.

Winamp supports many types of streaming media: Internet radio, Internet telelvision, XM Satellite Radio, AOL video, Singingfish content, podcasts, and RSS media feeds. It also has extendable support for portable media players, and users can access their media libraries anywhere via internet connections.

TECHNICAL
Title: Winamp 5.56 Full
Filename: winamp556_full_emusic-7plus_en-us.exe
File size: 9.80MB (10,277,728 bytes)
Requirements: Windows 2000/XP/2003/Vista
License: Freeware

( မူရင်းစာသားအတိုင်းဖတ်စေချင်လို့ ပါ။
... မူရင်းစာကဖတ်ရတာပိုရှင်းတယ်
ကျနော် ဘာသာပြန်လိုက်ကာမှ ပိုရှုပ်သွားမှာစိုးလို့ ပါ။ ... ဟဲဟဲ ။)

VLC Media Player 1.0.1(DOWNLOAD)


17.18MB (Open Source)
DESCRIPTION
VLC media player is a highly portable multimedia player for various audio and video formats as well as DVDs, VCDs, and various streaming protocols without external codec or program.
It can also be used as a server to stream in unicast or multicast in IPv4 or IPv6 on a high-bandwidth network.
VLC can play:
* MPEG-1, MPEG-2 and MPEG-4 / DivX files from a hard disk, a CD-ROM drive, and so on
* DVDs, VCDs, and Audio CDs
* From satellite cards (DVB-S)
* Several types of network streams: UDP/RTP Unicast, UDP/RTP Multicast, HTTP, RTSP, MMS, etc.
* From acquisition or encoding cards (on GNU/Linux and Windows only)

TECHNICAL
Title: VLC Media Player 1.0.1
Filename: vlc-1.0.1-win32.exe
File size: 17.18MB (18,015,723 bytes)
Requirements: Windows 2000/XP/2003/Vista/XP64/Vista64
License: Open Source

( မူရင်းစာသားအတိုင်းဖတ်စေချင်လို့ _
မြန်မာလိုမပြန်ပေးတာပါ။... မူရင်းစာကဖတ်ရတာပိုရှင်းတယ်
ကျနော် ဘာသာပြန်လိုက်ကာမှ ပိုရှုပ်သွားမှာစိုးလို့ ပါ။ ... ဟဲဟဲ ။)

Saturday, August 29, 2009

Unlocker 1.8.7 (DOWNLOAD)


တစ်ခါတစ်ခါ ကိုယ့်စက်ထဲက Folderတစ်ခုခု Fileတစ်ခုခုကို ဖျက်ချင်တယ်... နာမည်ပြောင်းချင်တယ်... နေရာရွှေ့ချင်တယ်... ဒါပေမဲ့ ဘာမှလုပ်လို့မရဘူး...

# Cannot delete folder: It is being used by another person or program.
# Cannot delete file: Access is denied.
# There has been a sharing violation.
# The source or destination file may be in use.
# The file is in use by another program or user.
# Make sure the disk is not full or write-protected and that the file is not currently in use. စတဲ့ Errorမျိုးတွေပဲ ပေးနေတယ်ဆိုရင် ဒီUnlocker Freewareကို အသုံးပြုပြီး ဖြေရှင်းလို့ ရပါတယ်...

Unlocker Softwareကို installလုပ်ပြီး Lockဖြစ်နေတဲ့ Folderသို့မဟုတ် Fileမှာ Right Clickထောက် Context Menuထဲက Unlockerကို ရွေးပြီး ဖျက်တာ၊ နာမည်ပြောင်းတာ၊ နေရာရွှေ့တာတွေ လုပ်လို့ရပါတယ်...


ဘော်ဒါအပေါင်းအသင်းရောင်းရင်းများ အဆင်ပြေပါစေ။
#မသိသေးသူများအတွက်ပါ။#

Friday, August 28, 2009

ဆုံးဖြတ်ချက် ( DECISION )



စောင်းသမားလေးက နွမ်းနွမ်းလျလျ ခေါင်းခါလိုက်သည်။
( The harpist shook his head weariky.)
“မဖြစ်ပါဘူး... အရှင်ဘီလူးမင်းရယ်၊ အရှင့်ရဲ့ ဘီလူးသီချင်းနဲ့  ကျနော်ရဲ့
စောင်းညှင်းအတတ်ဟာ ဘယ်လိုမှမအပ်စပ်ပါဘူး”။
(“Impossible ! Lord of Ogre, Your song is totally incompatible with the art of my harp.”)
ဘီလူးကြီးက ထစ်ချုန်းအော်ဟစ်လိုက်၏။
(The Ogre thundered.)
“ဒါဖြင့် ဘယ်လိုလုပ်ရတော့မလဲ။”
(“How would you do it ?”)
စောင်းသမားလေးက သူ့ ညာလက်ကိုဆန့် တန်းပေးလိုက်ပြီး... ပြတ်သားစွာပြောလေသည်။
“ဒီလက်ကိုသာ ဖြတ်လိုက်ပါ။”
(The harpist stretched out his right hand and said, “ Cut my hand”.)

အလုပ်လက်မဲ့ ( JOBLESS )



“အမေရယ်_ သနားပါတယ်။ သူတို့ တွေအခုတော့ အလုပ်လက်မဲ့ ဖြစ်ကုန်ကြရပြီ။
(“Mama, I feel pitiful. They are now out of work.”)
အမေက သားငယ်၏စကားကို ဂရုတစိုက်တော့ နားထောင်ပါသည်။ ဒါပေမယ့်လည်း....
(Mother listened carefully to his kittle son's words.)
ထူးထူးခြားခြား ခံစားရဟန်တော့ မပြ။
(But, she didn't seen to be feel something.)
သားငယ်က ဆက်မပြောတော့ပဲ အိပ်ခန်းထဲသို့ ဝင်မည့်ဟန်ပြင်သည်။
(Without telling any more words, the child is going to bed.)
ထိုအခါကျမှ... အမေကလည်း သတင်းတစ်ခု ပြောပြလေသည်။
(At that time, Mother told him a piece of news.)
“အမေတို့  မီဖိုချောင်မှာ ဆန်အိုးဆီလာနေတဲ့ကြွက်ကလေးရှိတယ်၊ သား သိတယ်မဟုတ်လား။”
(“Do you know the mouse coming to the rice bowl in our kitchen, don't you?”)
“အဲ.....အဲဒါ ဘာဖြစ်လို့ လဲ”
(“Why ?”)
“မနက်ဖြန်ဆိုရင် သူလည်းအလုပ်လက်မဲ့ ဖြစ်တော့မယ် သားရဲ့။”
(“Tomorrow ! He will also be jobless, son.”)
သားအမိနှစ်ယောက်လည်း အသံတိတ်သွားကြလေတော့သည်။
(The mother and her son kept quiet.)

Tuesday, August 25, 2009

အလင်းခါးခါးတွေသေဆုံးတဲ့နေ့


နှင်းခဲညတွေမှာ
ငါကောင်းကင် ကြယ်တွေစုံခဲ့တယ်
လမရှိတော့ပေမယ့် ငါရင်ခွင်လင်းနေတယ်.........။
လာစဉ်တုန်းက
နင့်လက်ထဲက ကိုင်ထားခဲ့တာမီးအိမ်ဝါ
ဒီမီးအိမ်ကို ဘယ်သူညှိပေးခဲ့လဲ။
သုံးရာသီ ရင်ငွေ့မှာ
နင်ရောငါပါ
အတူတူခိုလူံဖို့
မီးအိမ်ညှိနေတုန်း
`ဟုတ်´ ကနဲမီးငြိမ်း
သိမ်းသွင်းလိုက်တဲ့ အမှောင်ထု
လောကတုထဲမှာ......နင်ရောငါပါ
သေဆုံးခဲ့ကြပြီပဲ......။
`သွားတော့´ လို့နင်တွန်းပို့
တွန့်ဆုတ်နေတဲ့ ခြေလှမ်းနာ
`နောက်လှည့်မကြည့်တမ်းနော်´ တဲ့
လက်သီဆုပ်ထားတဲ့ နင့်မျက်ဝန်း
အံကြိတ်ထားတဲ့ငါအပြုံး
တောင်ကုန်းတစ်ခုမှာ.......
အားလုံးမြုတ်နှံလိုက်ပြီ။ ။

“Mail ထဲကရတဲ့... ကဗျာလေးပါ။”

Monday, August 24, 2009

E-Learning အကြောင်း သိကောင်းစရာ။



E-Learning ဆိုတာမှာ "E" ဆိုတဲ့စကားလုံးဟာ "Electronic" ကိုရည်ညွန်းပါတယ် ။ e-learning နဲ့ပတ်သက်ပြီး အဓိပ္ပါယ်ဖွင့်ဆိုထားတဲ့ အမြောက်အမြားထဲက European e-learning Action Plan မှ e-learning ကို အောက်ပါအတိုင်းအဓိပ္ပါယ်ဖွင့်ဆိုထားပါတယ် ။

.. the use of new multimedia technologies and the internet to improve the quality of learning by facilitating access to resources and services as well as remote exchanges and collaboration (COM, 2001: 2)


လူတော်တော်များများက e-learning ကို online-learning နဲ့ထူးမခြားနားလို့ ကောက်ချက်ချတတ်ကြပါတယ်။ သူတို့ကောက်ချက်ချသလို အဲဒီသင်ကြားရေးပိုင်းနှစ်ခုဟာ အတော်လေးတူညီတာတွေရှိပါတယ်။ ဒါပေမယ့် သေချာခွဲခြားကြည့်မယ်ဆိုရင်တော့ ...

online-learning ဆိုတာ
- သင်ကြားသူနဲ့သင်ယူသူကြား မျက်နှာချင်းဆိုင်တွေ့ဆုံမှုမျိုးမရှိဘဲ ...(အဝေးရောက်သင်တန်း - distance learning - ဆန်ဆန်)
- အင်တာနက်တခုတည်းကိုသာကြားခံပြီး ...
- သင်ကြားရေးပိုင်းမှာအထောက်အကူဖြစ်စေမယ့် အီလက်ထရွန်းနစ်ပိုင်းဆိုင်ရာကိရိယာများ (electronic tools) ကိုအသုံးပြုပြီး ...
သင်ကြားပို့ချတာဖြစ်ပါတယ်။

e-learning ဆိုတာကတော့
- သင်ကြားသူနဲ့သင်ယူသူကြား မျက်နှာချင်းဆိုင်တွေ့ဆုံမှုမျိုးလည်း ရှိနိုင်သလို
- သင်ကြားရေးပိုင်းမှာအထောက်အကူဖြစ်စေမယ့် အီလက်ထရွန်းနစ်ပိုင်းဆိုင်ရာကိရိယာများ (electronic tools) နဲ့
- အင်တာနက်ကို သင်ကြားရေးပိုင်းအတွက် လိုအပ်သလိုအသုံးချပြီး ...
သင်ကြားပို့ချတာဖြစ်ပါတယ်။

ဒါကြောင့် e-learning မှာအဓိကပါဝင်တဲ့အရာတွေကတော့ အီလက်ထရွန်းနစ်ပိုင်းဆိုင်ရာကိရိယာတွေနဲ့ပတ်သက်တဲ့နည်းပညာ (technology) နဲ့ အင်တာနက် တို့ဖြစ်ပါတယ်။ (Technology လို့ဆိုရာမှာ hardware နဲ့ software ကို ဆိုလိုပါတယ်)

... အီလက်ထရွန်းနစ်ပိုင်းဆိုင်ရာကိရိယာတွေနဲ့ပတ်သက်တဲ့နည်းပညာ (technology) ဆိုတာ ဘာတွေပါဝင်ပါသလဲ ...

အင်တာနက်ပေါ်မှာသုံးတဲ့ အီလက်ထရွန်းနစ်ပိုင်းဆိုင်ရာကိရိယာများ (electronic tools) များကို web1.0 and web2.0 ဆိုပြီး ခွဲခြားနိုင်ပါတယ်။ e-learning အတွက် အဲဒီကိရိယာများကိုအသုံးချနိုင်ပါတယ်။ web1.0 ကို information web လို့ဆိုစမှတ်ပြုပါတယ်။ ဘာလို့လဲဆိုတော့ web1.0 tools တွေကို အဓိကအားဖြင့် အင်ဖော်မေးရှင်း (information) ဖြန့်ဝေဖို့အတွက် အသုံးပြုတာဖြစ်ပါတယ်။ ဥပမာ ... အွန်လိုင်းက ဆိုဒ်တခုမှာ အထောက်အကူပြုစာအုပ်စာတမ်းတွေကို ကျောင်းသားတွေအတွက်ထားတာမျိုး။ web2.0 ကိုတော့ social web လို့ ဆိုစမှတ်ပြုပါတယ်။ ဘာလို့လဲဆိုတော့ web2.0 tools တွေကိုအသုံးပြုကြသူတွေကြား နှီးနှောဖလှယ်တာမျိုးတွေ (interaction)၊ လူမှုဆက်ဆံရေးတွေ အများကြီး ပါဝင်နေလို့ဖြစ်ပါတယ်။ ဥပမာအဖြစ် ... ဘလောဂ့်တွေ၊ လူမှုဆက်ဆံရေးချိတ်ဆက်ခြင်း (social networking) အတွက်တည်ဆောက်ထားတဲ့ facebook လိုအရာတွေပါ။ e-learning အတွက် web1.0 & web2.0 tools ကို သုံးနိုင်ပေမယ့်၊ ခုခေတ်နောက်ပိုင်းမှာတော့ web2.0 tools တွေကိုပဲ သုံးလာကြပါတယ်။ ဒါကလည်း နည်းပညာပိုင်းအရတိုးတက်လာတဲ့အခါ လူတွေဟာ အင်တာနက်ပေါ်မှာ ပိုပြီးနှီးနှောဖလှယ်လာကြတာပေါ်မူတည်ပြီး ပြောင်းလဲလာတဲ့ ပြောင်းလဲမှုတခုပါ။ (e-learning မှာသုံးတဲ့ web2.0 tools တွေအကြောင်း နောက်ပိုင်းမှာ အသေးစိတ်ဖော်ပြပါမယ်)


... e-learning ကို ဘယ်နေရာတွေမှာ သုံးနိုင်ပါသလဲ ...

e-learning ကို ပညာရေးပိုင်းမှာသာမက၊ ပရောဖက်ရှင်နယ်ထရိန်နင် (professional training) ပိုင်းမှာလည်း အရင်တည်းက အသုံးပြုခဲ့ကြပါတယ်။ ပညာရေးပိုင်းမှာတော့ မျက်နှာချင်းဆိုင်တွေ့ဆုံတာမျိုးမရှိတဲ့ အဝေးရောက်သင်ကြားရေးပိုင်းမှာ ပိုပြီးအသုံးပြုခဲ့ကြတာကို တွေ့ရပါတယ်။ ခုချိန်မှာတော့ e-learning ကို ပညာရေးပိုင်းမှာ တွင်ကျယ်စွာအသုံးချလာကြပေမယ့် တချို့သောဘာသာရပ်များဖြစ်ကြတဲ့ ဘာသာစကားပိုင်း၊ စာပေနဲ့ပတ်သက်တဲ့ဘာသာရပ်တွေမှာ ပိုပြီးအသုံးပြုကြပါတယ်။


... e-learning ဟာ ပညာရေးပိုင်းမှာ အဘယ်ကြောင့် တွင်ကျယ်လာပါသလဲ ...

ကမ္ဘာကြီးမှာခေတ်သစ်နည်းပညာတွေထွန်းကားလာတာနဲ့အမျှ အီလက်ထရွန်းနစ်ပိုင်းဆိုင်ရာကိရိယာတွေလည်း ပိုမိုထွန်းကားလာပါတယ်။ အဲဒီကိရိယာတွေကိုအသုံးပြုပြီးလုပ်နိုင်တဲ့အရာတွေလည်း များပြားလာပါတယ်။ အလားတူပဲ kilobits per second လိုနှုန်းမျိုးနဲ့စတင်ခဲ့တဲ့အင်တာနက်ဟာလည်း ခုဆိုရင် အရမ်းပိုမြန်ဆန်တဲ့ megabits per second နှုန်းမျိုးကိုရောက်နေပါပြီ။ အဲလိုတိုးတက်လာတဲ့နည်းပညာတွေကိုသုံးပြီး တီထွင်ထားတဲ့အီလက်ထရွန်းနစ်ကိရိယာတွေကိုသုံးပြီး စာလုံး (text) တွေသာမက၊ အသံ (audio)၊ ရုပ် (video)၊ ဓါတ်ပုံ (image) စတာတွေနဲ့ မြန်ဆန်တဲ့အင်တာနက်ကိုသုံးပြီး ဆက်သွယ်နိုင်ကြ၊ အင်ဖော်မေးရှင်းကို ဖြန့်ဝေဖလှယ်နိုင်ကြပါတယ်။ အဲဒီအခါ technology နဲ့ internet ဆိုတာဟာ လူတွေရဲ့ဘ၀တွေထဲမှာ မရှိမဖြစ်ဆိုသလိုဖြစ်လာပါတယ်။

ထိုသို့ ဒီဂျစ်တယ်လ် (digital) ခေတ်ကိုဦးတည်သွားတဲ့အခြေအနေတွေကိုသုံးသပ်ပြီး Prensky (2001) ဆိုသူက ...

ခုခေတ်လူငယ်တွေကို "Digital Natives - native speakers of the digital language of the computer, video games and internet"

သင်ကြားသူ ဆရာဆရာမများကိုတော့ "Digital Immigrants - those of us who were not born into the digital world but have, at some later point in our lives, become fascinated by and adopted many or most aspects of the new technology" လို့ခေါ်ဝေါ်ခဲ့ပါတယ်။

Prensky (2001) ဆိုလိုတာကတော့ ခုခေတ်လူငယ်တွေဟာ ဒီဂျစ်တယ်လ်ခေတ်မှာမွေးဖွားကြီးပြင်းလာပြီး၊ ဒီဂျစ်တယ်လ်ပိုင်းဆိုင်ရာ technology တွေ၊ အင်တာနက်တွေနဲ့ နဂိုတည်းက အရောတ၀င်ယဉ်ပါးပြီးသားဖြစ်နေသူတွေပါ။ သင်ကြားသူဆရာဆရာမများကတော့ ဒီဂျစ်တယ်လ်ခေတ်မရောက်ခင်မှာ မွေးဖွားခဲ့ကြသူတွေဖြစ်တဲ့အတွက်၊ ဒီဂျစ်တယ်လ်ပိုင်းဆိုင်ရာကိရိယာတွေနဲ့ ထိတွေ့မှုများလာတဲ့အခါ အဲဒီအရာတွေကို တဖြည်းဖြည်းယဉ်ပါးလာပြီး သုံးတတ်လာတာဖြစ်ပါတယ်။

digital natives တွေဖြစ်တဲ့ ခုခေတ်လူငယ်တွေကို သူတို့နဲ့ရင်းနီးကျွမ်းဝင်တဲ့ technology and internet ကိုသုံးပြီးတော့ သင်ကြားရေးပိုင်းမှာအသုံးချမယ်ဆိုရင် ထိရောက်နိုင်မယ်လို့ ပညာရေးသုတေသီတွေက တွေ့ရှိလာကြပါတယ်။ အဲဒီတွေ့ရှိချက်နဲ့အတူ technology and internet ကို အသုံးချတဲ့ e-learning ဆိုတာဟာလည်း ပညာရေးနယ်ပယ်မှာ ပိုမိုတွင်ကျယ်လာပါတယ်။

... e-learning နဲ့ပတ်သက်၍အထင်မှားကြသောအချက်များ ...(E-language wiki)

e-learning ဆိုတာ စာသင်ကြားနည်းစနစ်တခုလို့ အထင်မှားတတ်ကြပါတယ်။ တကယ်ကတော့ e-learning ဆိုတာ နည်းပညာ (technology) နဲ့ပဲသက်ဆိုင်ပါတယ်။ ပညာရေးသုတေသီတွေက စာသင်နည်းစနစ် (pedagogy) ဆိုတာဟာ နည်းပညာပိုင်း (technology) ထက်အမြဲဦးစားပေးသင့်တယ်လို့ ဆိုစမှတ်ပြုကြပါတယ်။ အဲဒီအချက်နဲ့ပတ်သက်ပြီး ဥပမာတခုပေးရရင် ...

တချို့ကျောင်းတွေမှာ e-learning ကိုအသုံးပြုကြတဲ့အခါ၊ နည်းပညာပိုင်းကိုဦးစားပေးထားတဲ့ electronic tools တွေကိုသုံးဖို့ ဆရာဆရာမများက သူတို့ရဲ့သင်ခန်းစာတွေကို လိုက်ရောညီထွေဖြစ်အောင် ပြုပြင်ရပါတယ်။ အဲဒီအခါ စာသင်နည်းစနစ်ဟာ နည်းပညာပိုင်း (technology) ကိုလိုက်ပြီး ပြုပြင်ပြောင်းလဲပေးရတာမျိုး ဖြစ်သွားပါတယ်။ အဲလိုနည်းပညာပိုင်းကိုပဲဦးစားပေးတဲ့အခါ ကျောင်းသားတွေတတ်ကျွမ်းအောင်သင်လေ့ရှိတဲ့ စာသင်နည်းစနစ်တွေကို အသုံးပြုခွင့်မရတော့ပဲ ၊ ရှိနေတဲ့ electronic tools တွေကိုအဆင်ပြေအောင်သုံးဖို့ပဲ ဦးစားပေးလိုက်ရတဲ့အခါ စာသင်နည်းစနစ်တွေက ထိရောက်မှုသိပ်မရှိတော့ပါဖူး။

ဒါကြောင့် e-learning ကို အသုံးပြုတဲ့အခါမှာ အဓိက သတိထားရမယ့်အချက်က ဘယ် electronic tools ကို သုံးမယ်လို့ အရင်မဆုံးဖြတ်ပဲ၊ စာသင်နည်းစနစ် (pedagogy) ကိုအရင်ဆုံးဖြတ်ပြီးမှ အဲလိုစာသင်နည်းမျိုးရအောင် ဘယ်လို electronics tools ကို သုံးပြီးသင်ရင် ထိရောက်နိုင်မလဲလို့ တွေးရပါမယ်။

ဒုတိယ အများဆုံးအထင်မှားကြတဲ့အချက်ကတော့ e-learning ဆိုတာ “လူတိုင်းအတွက် ၊ နေရာတိုင်း ၊ အချိန်တိုင်း” မှာလုပ်ဆောင်နိုင်မယ်လို့ အထင်မှားတာပါ။ e-learning ကိုအသုံးပြုမယ်ဆိုရင် အဓိကလိုအပ်တာကတော့ အပေါ်မှာဖော်ပြထားတဲ့ နည်းပညာပိုင်း (technology) ဖြစ်တဲ့ ကွန်ပြူတာလိုအီလက်ထရွန်နစ်ကိရိယာနဲ့ အင်တာနက်ပါ။ အဲဒါတွေကိုမရရှိနိုင်တဲ့ (သို့မဟုတ်) အတိုင်းအတာတခုအထိလုံလောက်စွာအသုံးပြုခွင့်မရှိတဲ့နေရာတွေမှာ (အထူးသဖြင့် တိုးတက်ဖွံ့ဖြိုးမှုနည်းပါးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ ဆင်းရဲနွမ်းပါးတဲ့ပတ်ဝန်းကျင်မှာကျင်လည်နေသူတွေမှာ) e-learning အတွက် အခက်အခဲဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အင်တာနက်ဆိုတာ၊ နည်းပညာပိုင်းဆိုင်ရာတွေနဲ့ ရင်းနီးကျွမ်းဝင်မှုမရှိသူတွေအတွက်လည်း အခက်အခဲဖြစ်နိုင်ပါတယ်။ နောက်ပြီး အင်တာနက်နဲ့ နည်းပညာတွေဟာ အနောက်နိုင်ငံကဆင်းသက်လာတာဖြစ်တဲ့အတွက် အများအားဖြင့် အင်္ဂလိပ်လိုသာအသုံးအနှုံးတွေများပြီး အင်္ဂလိပ်ဘာသာစကားကို မကျွမ်းဝင်သူတွေအတွက်လည်း ကသိကအောက်ဖြစ်နိုင်ပါတယ်။ အဲလို အင်တာနက်နဲ့ နည်းပညာပိုင်းသုံးစွဲမှု မတူညီမှုတွေကို digital divide လို့ ခေါ်ဝေါ်ပါတယ်။

တတိယအများဆုံးအထင်မှားကြတဲ့အချက်ကတော့ e-learning ဆိုတာ ဆရာ ဆရာမတွေကို မလိုအပ်ဖူးဆိုတာပါပဲ။ အထောက်အကူစာအုပ်တွေ သင်ခန်းစာဖတ်စာအုပ်တွေကို ကိုယ့်ဘာသာဖတ်ပြီး “ဒါဆိုရင် ဒါလုပ်” ဆိုပြီး သင်ယူရတဲ့နေရာမျိုးမှာတော့ e-learning ကိုသုံးရင် ဆရာဆရာမတွေမလိုတော့တာ မှန်ကန်နိုင်ပါတယ်။ ဒါပေမယ့် ဆရာဆရာမတွေနဲ့ ကျောင်းသားတွေကြား သင်ခန်းစာတွေကိုပို့ချရာမှာ “ဒါဆိုရင် ဒါလုပ်” ဆိုတဲ့ တစ်လမ်းသွားမျိုးမဟုတ်ဘဲ ၊ အပြန်အလှန်ဆွေးနွေးတာမျိုးလုပ်တဲ့သင်ကြားနည်းစနစ်မျိုးမှာတော့၊ e-learning ဟာ အတန်းထဲမှာသင်နေတာအစား၊ အင်တာနက်ပေါ်မှာသင်တာမျိုးပဲ ပြောင်းလဲသွားတာပါ။ ဒါပေမယ့် သင်ကြားပေးနေတဲ့ (သို့မဟုတ်) ဂိုက် (guide) လုပ်ပေးနေတဲ့ ဆရာဆရာမတွေရှိနေမှ ကျောင်းသားတွေဟာ electronic tools တွေကို တန်ဖိုးရှိရှိ သူတို့စာသင်ယူရေးမှာ အသုံးချနိုင်မှာဖြစ်ပါတယ်။ နို့မဟုတ်ရင်တော့ ဘလောဂ့်တွေကို လူအများစုအသုံးပြုကြသလို လူမှုဆက်ဆံရေးချိတ်ဆက်ခြင်း (social networking) အတွက်ပဲ အများဆုံးသုံးတာမျိုးဖြစ်သွားနိုင်ပါတယ်။

နောက်ဆုံးအများဆုံးအထင်မှားကြတဲ့အချက်ကတော့ e-learning ရှိလာတဲ့အခါ မျက်နှာချင်းဆိုင်ပြီး စာသင်တာမျိုး (face-to-face learning) မလိုအပ်တော့ဖူး ဆိုတာပါပဲ။ e-learning ရော မျက်နှာချင်းဆိုင်စာသင်တာရော သူ့ဘာသာသူကောင်းတဲ့အချက်တွေရှိတဲ့အတွက် ခုနောက်ပိုင်းမှာ ပညာရေးသုတေသီတွေက အဲဒီနှစ်မျိုးလုံးကိုတချိန်တည်းအသုံးချနိုင်မယ့် blended learning ဆိုတာကို အားသန်လာကြပါတယ်။ Blended learning မှာ မျက်နှာချင်းဆိုင်သင်ကြားရေးမှာ မလုပ်နိုင်တဲ့အရာတွေကို e-learning အနေနဲ့ electronic tools တွေကိုသုံးပြီး သင်ပါတယ်။ အဲဒီအခါ နှစ်ခုလုံးကကောင်းကျိုးတွေကို ရရှိနိုင်ပါတယ်။

[ “educationinmyanmar_ မှတဆင့်ကူးယူဖေါ်ပြပါသည်။” ]