Tuesday, August 4, 2009

“ထာဝရ အမေ”


ငါတို့ အမေ
ကိုးလလွယ်၍ ဆယ်လဖွားထိ
သန္ဓေလွယ်ထား ကြားကာလမှာ
ပူငန်စပ်ခါး အမြဲရှောင်ရှားပြီး
နားနေယုယ ပြုစုတာလည်း
“အမေ”ပါပဲ....။

နုနယ်စဉ်ခါ တွယ်တာမှုဖြင့်
နို့ချိုတိုက်ကျွေး ပိုက်ထွေးယုယ
တုမရအောင် ချစ်ရတာလည်း
“အမေ”ပါပဲ....။

ငယ်ရွယ်စဉ်ခါ ပညာရှာဖို့
သားတို့ကိစ္စ မနိမ့်ကျရအောင်
ဘဝအခါးမှာ မမှားငဲ့ကွက်
မပျက်ဇွဲမာန် စိတ်အားသန်စွာ
ကြိုးစားတာလည်း
“အမေ”ပါပဲ...။

လူ့ဘုံအလယ် တင့်တယ်ချိန်မို့
အတောင်လက်စုံ သိုက်မြုံမှ
ထွက်ကြတဲ့အခါ အမှာစကားနဲ့
ကြည့်ကာငေးလျှက် မျက်ရည်စက်ရယ်
အကွယ်မှာလုပ် တဘက်စုတ်နဲ့
သုတ်ရတာလဲ
“အမေ”ပါပဲ...။

ဘဝမှာ အမေ
မြင့်မိုရ်တောင်မက
ရှိလှကျေးဇူး
အထူးပြုတာ....အမေ
မေတ္တာအနန္တ
ထာဝရ တည်နေတာ.....အမေ
ဘဝအသင်္ချေ
လောကမှာ....အမေ
လူသားအားလုံးရဲ့ အမေ
ကမ္ဘာတည်နေသရွေ့တော့....ထာဝရအမေပါ။ ။

No comments:

FurMark2 <<< Download

  Geeks3D FurMark GPU Stress Test OpenGL and Vulkan Graphics Benchmark Windows - Linux Download Link>>> https://geeks3d.com/dl/show...