Saturday, February 13, 2010

Gmail To IP, IP To Location




Gmail address တစ်ခုကို သိရုံနဲ့ သူဟာ ဘယ်နိုင်ငံကလဲဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ သူ့ဆီကို Mail တစ်စောင်ပို့တဲ့အခါ သူဟာ အဲဒီ မေးလ်ကို ဖတ်လား မဖတ်လား ဆိုတာကိုလည်း သိနိုင်ပါတယ်။ Website နှစ်ခုကို အသုံးပြုပြီး လုပ်နိုင်ပါတယ်။ ပထမဆုံးတစ်ခုက Spypig ပါ။

1.Browser ကနေ New Windows တစ်ခုကို ဖွင့်လိုက်ပါ။ http://www.spypig.com/ ကိုသွားလိုက်ပါ။

2.နောက် Windows တစ်ခု ထပ်ဖွင့်ပြီး ကိုယ့် Gmail ကိုဖွင့်ထားပါ။ Compose Mail ကိုနှိပ်ထားပါ။

3.Spypig ရဲ့ Step1 Text box မှာ ကိုယ့် email ကိုရိုက်ပါ။ Step2 မှာ Subject ထည့်ပါ။ Step3 မှာပေးထားတဲ့ ပုံတွေထဲက ကိုယ်ကြိုက်တာကို ရွေးပါ။ Step4 မှာ 3 ကိုရွေးပါ။

4.ပြီးရင် Click to Activate My Spypig ဆိုတဲ့ button လေးကို နှိပ်လိုက်ပါ။ အဲဒီအခါ အောက်မှာ စက္ကန့်တွေပါတဲ့ ပုံလေးတစ်ပုံ ပေါ်လာပါလိမ့်မယ်။

5.အဲဒီပုံလေးကို နှိပ်ဆွဲပြီး Gmail ရဲ့ Body ထဲမှာ လွှတ်ချလိုက်ပါ။

6.ပြီးရင် တခြားစာလေးဘာလေးစသည်ဖြင့် ရိုက်ထည့်ပြီး Send ကိုနှိပ်လိုက်ပါ။

ကိုယ်ပို့လိုက်တဲ့သူက ကိုယ့် Mail ကိုဖတ်လိုက်တဲ့အခါမှာ Spypig ဟာ Mail ဖတ်ပြီးတဲ့အကြောင်း သတိပေးစာကို ကိုယ့် Gmail ဆီပြန်ပို့ပေးပါလိမ့်မယ်။ အဲဒီထဲမှာ ဖတ်တဲ့သူရဲ့ IP လည်း ပါပါတယ်။
ဒါဆို သူ့ရဲ့ IP သိသွားပါပြီ။ ဘယ်နိုင်ငံကလဲ ဆိုတာကိုတော့http://www.ip2location.com/free.asp ကိုဖွင့်ပြီး အစောက IP ကို ရိုက်ထည့်ပေးလိုက်ရင် ဘယ်နိုင်ငံကလည်းဆိုတော ပေါ်လာပါလိမ့်မယ်။
အင်တာနက်မှာ ဆိတ်ကွယ်ရာမရှိပါဘူး။

Last Account Activity At Gmail

Gmail မှာ Last Account Activity ဆိုတဲ့ Feature တစ်ခု ပါလာပါပြီ။ Gmail Page ရဲ့ အောက်ဆုံးနားမှာ Gmail သုံးခဲ့တဲ့ နောက်ဆုံးအချိန်ကို ဖော်ပြပေးပါတယ်။ အောက်ကပုံကို ကြည့်ပါ။



ဘေးက Details ကို နှိပ်လိုက်မယ်ဆိုရင်တော့ ဒီ Gmail Account ကို ဘယ်အချိန်တုန်းက ဘယ် IP ကနေ ဘယ်လို Browser ကို သုံးပြီး Access လုပ်ခဲ့ပါတယ်ဆိုပြီး အသေးစိတ်ဖော်ပြထားပေးပါတယ်။

ဒါကြောင့် အခုဆိုရင် ကျွန်တော်တို့ Gmail ကို တစ်ယောက်ယောက်က ခိုးကြည့်နေသလား ဆိုတာ စစ်ဆေးနိုင်သွားပါပြီ။ Last Account Activity ရဲ့ Details မှာ ပေါ်နေတာက ကိုယ့် IP မဟုတ်ဘူး၊ ဒါမှမဟုတ် ကိုယ်သုံးခဲ့ဖူးတဲ့ အချိန်မဟုတ်ဘူးဆိုရင် တစ်ယောက်ယောက်က ကျွန်တော်တို့ Gmail ကို ခိုးသုံးနေတာ သေချာပြီပေါ့။ Password ကိုသာ ချက်ချင်း ပြောင်းပစ်လိုက်တော့ပေါ့။

ကိုယ့် Gmail ကို နေရာမျိုးစုံကနေ သုံးခဲ့ဖူးမယ်ဆိုပါစို့။ တခါတလေမှာ မေ့သွားတာမျိုးကြောင့် Sign Out မလုပ်ခဲ့ရဖူးဆိုရင်လည်း Detail Page မှာ Sign Out All Other Sessions Button ကို နှိပ်ပြီး Sign Out လုပ်လို့ ရပါတယ်။ တကယ်လို့များ အဲဒီလို Button လေး မပါဘူးဆိုရင်တော့ Sign Out လုပ်ဖို့ မမေ့ခဲ့ဘူးလို့ပါ။ Concurrent Sessions လို့ပေါ်နေရင်တော့ ဒီ Gmail Account ကို တချိန်တည်းမှာ နှစ်ယောက်သုံးနေလို့ပါ။

Gmail ကို ဖွင့်ပြီး အောက်ဆုံးနားမှာပါတဲ့ Last Account Activity ကို ကြည့်လိုက်ပါဦး။
ဘယ်သူတွေ ကိုယ့်အကောင့်ကို ခိုးသုံးနေသလဲလို့ ပေါ့...။

Gmail Inbox preview - ဘယ်လိုပြုလုပ်မလဲ...။

gmail သုံးတဲ့ လူတိုင်း mail ဖွင့်လိုက်တာနဲ့ ကိုယ့် ဆီ ကို ဘယ်သူတွေ ဘာတွေပို့ထားမလဲ လို့ သိချင်ကြမှာပေါ။့ ဒါပေမယ့် mail က တော်တော်နဲ့မပွင့်နိုင်။ ဒီတော့ ကျွန်တော်ကတော့ google Lab ထဲက inbox preview ဆိုတာကို enable လုပ်ပေးထားလိုက်တယ်။ ဖွင့်ကြည့်လို့ မရပေမယ့် ဘယ်သူတွေ ဘာတွေပို့ထားတယ် ဆိုတာလောက်တော့ သိရတာပေါ့။
လုပ်ပုံလုပ်နည်းက
gmail ရဲ့ setting ထဲက Labs ကိုသွား ပြီး Inbox preview မှာ Enable လုပ်ပေးထားလိုက်ရုံပါပဲ။
နောက်တစ်ကြိမ် gmail ဖွင့်တဲံ အချိန် ကြရင် ပုံမှာအတိုင်း ပေါ်လာပါလိမ့်မယ်။

gmail နှစ်ခုပြိုင်ဖွင့်ကြမယ်..

mozilla firefox ရဲ့ add-ons တစ်ခုနဲ့ မိတ်ဆက်ပေးပါမယ် IE Tab ဆိုတာလေးပါ။ IE ရဲ့ rendering engine ကို Tab တစ်ခု အနေနဲ့ သုံးနိုင်စေပါတယ် ဒီတော့ gmail ပြိုင် သုံးလို့ရသွားတာပေါ့ နောက်ပြီး firefox နဲ့ ဖွင့်ထားတဲ့ tab ပေါ်မှာ right click နှိပ် ပြီးတော့လဲ rending engine ကို ပြောင်းလို့ရပါသေးတယ်။
IE Tab add-ons ကို ဒီနေရာကနေ https://addons.mozilla.org/en-US/firefox/addon/1419 ယူ၍ install လုပ်လိုက်ပါ နောက်ပြီး Navigation Toolbar ပေါ် right click နှိပ် customize ရွေးပြီး icon လေး ဆွဲတင်ပေးလိုက်ပါအုံး icon လေးက သူ့ပေါ်ကို left click နှိပ် ရင် လက်ရှိ firefox နဲ့ ပွင့်နေတဲ့ tab ကို IE နဲ့ပြောင်းပေးမယ် middle click ဆို နောက်ထပ် tab တစ်ခုနဲ့ ပြောင်းပြီး ပွင့်လာပါမယ် right click ဆိုရင်တော့ option dialog box ပေါ်လာမှာပါ။



gmail account နှစ်ခုပြိုင်ဖွင့်ဖို့ အတွက် tab နှစ်ခု နဲ့ https://mail.google.com ကို အရင်ဖွင့်လိုက်ပါ IE tab iconပေါ်ကို left click နှိပ်လိုက်ပါ ဒါဆို ရပါပြီ username password တွေဖြည့်ပြီး ပြိုင်သုံးလို့ရပါပြီ...။

Friday, February 12, 2010

G-Talk Idle လုပ်ဖို့ ... ( DOWNLOAD )

ကွန်ပျူတာနားမှာ မရှိဘူးပေါ့...။ အဲ့လိုမျိုး မီးအ၀ါရောင်ဟာ ကီးဘုတ်နှင့် မောက်စ်ကို မထိဘဲ အကြာကြီးဖြစ်မှ မီးက၀ါတာပါ။ မဟုတ်ရင် စိမ်းနေပါတယ်...။ အဲ့ဒါကို ကွန်ပျူတာကို သုံးနေရင်းနှင့် မီးကို ၀ါခိုင်းဖို့ (တနည်းအားဖြင့် idle လုပ်ဖို့) အတွက်ပါ။ လိုချင်သူများ Download လုပ်ယူလိုက်ပါ...။

လုပ်နည်းကလွယ်ပါတယ်...
အခုပုံလေးအတိုင်းပေါ့...။ Task Bar ညာဖက်အခြမ်းမှာ gtalk ကို သုံးထားရင် သူ့ရဲ့ icon လေး ရှိပါတယ်။အဲဒီ့ Icon လေးကို rightclick ပေးလိုက်ပြီးတော့ Always Idle ကို အမှန်ခြစ်ပေးလိုက်ပါ မီးဝါသွားပါလိမ့်မယ်။ အဆင်ပြေပါစေဗျာ...

*သိပြီးတဲ့လူတွေများအတွက်မရည်ရွယ်ပါဘူး...။ *

Thursday, February 11, 2010

Driver CD ပျောက်ဆုံးနေသူများအတွက် Driver Updater Pro 2.2.8.0



အကြောင်း အမျိုးမျိုးကြောင့် window 7 ကို မသုံးနိုင်သူများ၊ window xp ကို သံယောဇဉ် မပြတ်သူများ အနေဖြင့်တော့ Driver ဆိုတာ လိုအပ်နေဦးမှာပါ...။ အဲ့တော့ window xp ကိုလဲ သုံးချင်တယ် Driver ကလဲ ပျောက်သွားပြီ ဆိုရင် ဘယ်လိုလုပ်မလဲ။ ကိစ္စ မရှိပါဘူး...။ Driver Updater ဆိုတဲ့ program ရှိပါတယ်...။ သူက Driver မရှိလျှင် ရှာပေးပြီးတော့...Driver ရှိသူများအတွက် ကိုတော့ Driver များကို update လုပ်ပေးနိုင် ပါတယ်။ အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်။ လိုအပ်ရင် Download လုပ်လိုက်ပါ...။

Wednesday, February 10, 2010

USB Security Tool (DOWNLOAD)



ကျွန်တော်တို့ USB ပေါက်တွေနဲ့ သုံးနေတဲ့ Memory stick ကိစ္စပါ။ ဗိုင်းရပ်စ် ပိုးများစွာကို သယ်ဆောင်တဲ့ နေရာမှာ နံပါတ်(၁)လို့ ပြောလို့ ရတဲ့ Memory Stick တွေပါ။ သူက ပြိုင်ဘက် မရှိပါ။ ဖိုင်တွေကို ဟိုပို့ ဒီပို့ လုပ်ရာမှာ လွယ်ကူစွာ လုပ်နိုင်တာ သူတစ်ခုထဲဆိုတော့လဲ သူက နံပါတ်(၁) ရတာပေါ့။ ;)

ယနေ့ခေတ်မှာ Memory Stick ကို မသုံးလို့ကလဲ မရပါဘူး။ သုံးရင်လဲ ဗိုင်းရပ်စ်က ၀င်နိုင်သေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သုံးနေကြရတာပဲ ဆိုတော့ ကိုယ်စက်ထဲကို ဗိုင်းရပ်စ် အလွယ်တကူ မ၀င်နိုင်အောင် ယခု ဖော်ပြတဲ့ ဆော့ဝဲလ်လေးကို သုံးစွဲစေချင်ပါတယ်။ USB Security Tool လေးပါ။ မိမိစက်ထဲ USB Memory Stick ထိုးလိုက်တာနဲ့ ဗိုင်းရပ်စ် ရှိမရှိကို စစ်ပေးပါတယ်။ အကယ်၍ မိမိစက်မှာ ကောင်းမွန်းတဲ့ Anti Virus ဆော့ဝဲလ် တစ်ခုခုတင်ထားရင် တစ်ခါတည်း ဗိုင်းရပ်စ်ကို ရှင်းပစ်နိုင်ပါတယ်။ လိုအပ်ရင်တော့ Download ဆွဲယူလိုက်ပါ။ အဆင်ပြေစေချင်တဲ့ ...။