Wednesday, February 10, 2010

Clusapi.dll ပြဿနာ

Local Area Connection Status ကို ဖွင့်လို့ရတယ်။ Properties ရယ် Disable ခလုပ်တွေကို နှိပ်လို့ မရဘူး။
အဲ့ဒါကတော့ Clusapi.dll ဖိုင်ပျောက်နေတာ ။ ဒါကြောင့် Network ပြဿာနာ တက်တာ။ အင်တာနက်မှာ ရိုက်ရှာလိုက်ရင်လည်း Clusapi.dll ဖိုင်ကို တွေ့ရမှာပါ။ ဒေါင်းလုပ်ယူလိုက်ပါ။ ဘယ်ကို ထည့်ရမှန်း မသိ ဖြစ်နေရင်... Microsoft ဆိုက်မှာ သွားရှာလိုက်ရင်လည်းရတယ်။ လမ်းကြောင်းပြထားတယ်တယ်။ System 32 ထဲမှာ ထည့်ရမှာ။

System 32 ထဲပြန်ထည့်ပေးလိုက်ရင် ပျောက်နေတဲ့ Properties ရော Disable ရော ပြန်လုပ်လို့ ရသွားတယ်။ သိတော့လဲ လွယ်လွယ်လေးပဲနော်။ မသိရခင်လေးပဲ ခက်နေတာပါ...။

Photo to Change from Folder

Folder တွေမှာ မိမိပြု့လုပ်ထားတဲ့ ဓါတ်ပုံလေးနဲ့ အစားထိုးချင်ရင်...

အဆင့်(၁)

၁) Start က All Programs ကနေ Paint ကို ဖွင့်ပါ။
၂) Paint ပေါ်လာရင် Open ကနေ မိမိတို့ လုပ်ချင်တဲ့ ဓါတ်ပုံကို ဖွင့်လိုက်။
၃) ဓါတ်ပုံပေါ်လာရင် Save As လုပ်။ Save As Box ပေါ်လာရင် File name မှာ ပေးချင်ရာပေး။ နောက်က ico လေး ထည့်ပေး။ (ဥပမာ - myphoto.ico ပေါ့)
၎) Save as type မှာ 24-bit Bitmap (*bmp,*dib) ကိုရွေးပြီး မိမိနှစ်သက်ရာမှာ Save လိုက်ပါ။

အဆင့်(၂)

၁) မိမိတို့ ပြောင်းချင်တဲ့ Folder ကို Right Click လုပ်ပါ။ Properties ကို ရွေး။
၂) Box ကျလာရင် Costoumize ကို ရွေး။ Change Icon ကို နှိပ်။ Brown ထဲမှာ ပထမက မိမိတို့လုပ်ထားတဲ့ ပုံကို ရွေးလိုက်။
၃) Ok ။ Apply ။ Ok ပေါ့။ ဒါဆို ပြီးပြီ။

Saturday, February 6, 2010

Copy & Paste , Ctrl + C / V ကိုသတိထားရန်

ကျွန်တော်တို့တွေ Ctrl + C/ Copy လုပ်တယ် ပြီးရင် past လုပ်ပါတယ်။ ဒီတော့ ဒီလိုလုပ်လိုက်တဲ့ဟာ အားလုံးကို clipboard မှာယာယီသိမ်းပေးသွားတယ်။
ဒါကိုအင်တာနက်ကနေပြီးတော့ အလွယ်တကွယ် Javascripts & ASP တွေနဲ့ပေါင်းပြီး ကြည့်လို့ရပါတယ်။

ဥပမာအနေနဲ့ကြည့်မယ်ဆိုရင်
1) Copy any text by ctrl+c
2) Click the Link: www.friendlycanadian.com/applications/clipboard.htm
3) ဒါဆိုရင် မိမိ copy ကူးထားလိုက်တဲ့ စာသားကို ၄င်း webpage မှာမြင်ရပါလိမ့်မယ်။

ဒါကြောင့် မိမိရဲ့ password, creditcard numbers, pin စသည်တို့ကို မိမိအင်တာနက် သုံးနေစဉ် copy မလုပ်ပါနဲ့။ မိမိရဲ့ clipboard မှ အလွယ်တကူ ခိုးယူနိုင်တယ်ဆိုတာ သိစေချင်လို့ပါ။
ဒါကလည်း အခုအချိန်မှာ firefox မှ လွဲပြီး အခြား browser တွေမှာ ဖြစ်တာများပါတယ်။ Browser တိုင်းမှာ လုံခြုံရေးဆိုင်ရာ script တွေကို access လုပ်မယ် မလုပ်ဘူးဆိုတာ Inform လုပ်ပေမဲ့ user တိုင်းက message ကိုတော်တော်နဲ့ မဖတ်တတ်ပါဘူး။ yes or no ဆိုရင် " yes" လိုက်တာပဲ။ allow or disallow ဆိုရင် "allow" လိုက်တာပဲ။

ဒါကိုကာကွယ်ဖို့ IE မှာဆိုရင်
အောက်ပါအပိုင်း setting လုပ်မယ်။

1. Go to internet options->security



2. Press custom level



3.Inthesecuritysettings,selectdisable under Allow paste operations via script.
ဒါဆိုရင် လုံခြုံသွားပါပြီ။

Supper Hidden Folder

အရင် Windows 98 တွေကို ကိုင်တုန်းက Folder တွေ နာမည်ပေးတဲ့အခါ Alt key ကိုဖိထားပြီး 0255 လို့ရိုက်၊ Enter ခေါက်လိုက်ရင် Folder ဟာ နာမည်မပေါ်ပဲနဲ့ တည်ဆောက်လို့ရသွားပါတယ်။ windows xp စပေါ်တော့ အဲဒီလို စမ်းကြည့်သေးတယ်။ မရဘူး။ 0255 လို့ မရိုက်ဘဲ 255 ရိုက်ရင် ရတယ်ဆိုတာသိသွားတယ်။ အဲဒီနည်းလမ်းလေးကို သုံးပြီး Folder တွေကို Program မသုံးဘဲ ဖျောက်နည်းလေးတစ်ခုကို တင်ပြလိုက်ပါတယ်။

၁။ ပထမဆုံး Folder အသစ်တစ်ခု ဖန်တီးပါ။ Folder အမည်ပေးတဲ့အချိန်မှာ Alt ကိုဖိထားပြီး Numeric Keypad ကနေ 255 လို့ ရိုက်ပြီး Enter ခေါက်ပါ။ ဒါဆိုရင် Folder နာမည်မပေါ်ပဲ Folder တစ်ခုဖန်တီးပြီးသား ဖြစ်သွားပါပြီ။

၂။ ပြီးရင် Folder ပေါ် Right Click နှိပ်ပြီး Properties ကိုနှိပ်ပါ။ Customize Tab ကိုဆက်နှိပ်ပါ။

၃။ Change Icon button ကိုနှိပ်ပါ။

၎။ Icon ပုံလေးတွေ ရွေးတဲ့အခါကျရင် blank icon ကိုရွေးပေးပါ။ အောက်ပါပြထားတဲ့ပုံအတိုင်းလိုပေါ့။



၅။ OK နှိပ်ပါ။ OK ထပ်နှိပ်ပါ။ ပြီးရင် ကိုယ့် Folder လေးကို ကြည့်လိုက်ပါဦး။ အောက်ကပုံလေးလို ဖြစ်သွားပါပြီ။



ပုံမှာ ပေါ်နေတဲ့ အပြာရောင်တုံးလေးက Folder ပေါ် တစ်ချက်နှိပ်ထားလို့။ နိုမို့ဆို ဘာမှမမြင်ရဘူး။ နောက်တစ်ခါ ဖွင့်ချင်ရင် Folder ရှိမဲ့နေရာကိုသာမှန်းပြီး Double click နှိပ် ဖွင့်နိုင်ပါပြီ။ တစ်ခုသတိပြုရမှာက အဲဒီ Folder လေးကို ကြိုက်တဲ့နေရာမှာ ထားနိုင်ဖို့ Folder Windows ရဲ့ လွတ်တဲ့နေရာမှာ Right Click နှိပ်ပြီး Arrang Icons By> Auto Arrange အမှန်ခြစ်ကို ဖြုတ်ထားလိုက်ပါ…။

Friday, February 5, 2010

ကွန်ပျူတာအမြန်နှုန်းမြင့်စေဖို့ လုပ်ဆောင်သင့်သောအချက်များ



၁။ File Indexing ကို Disable လုပ်ထားပါ
ဖိုင်တွေရှာဖွေတဲ့အခါမှာ ပိုပြီး မြန်ဆန်စေဖို့ သုံးတဲ့ windows xp ရဲ့ component တစ်ခုဖြစ်ပါတယ်။ ဖိုင်ရှာဖွေတဲ့အလုပ်ကို ခဏခဏမလုပ်ဘူးဆိုရင်တော့ ပိတ်ထားတာက သင့်တော်ပါလိမ့်မယ်။ Disable လုပ်တဲ့နည်းကတော့ Control Panel>Add/Remove Windows Components မှာ Indexing Service ရှေ့က အမှန်ခြစ် ကလေးကို ဖြုတ်ရုံပါပဲ။

၂။ Start up program တွေကို ဖြုတ်ပစ်ပါ
Start up program ဆိုတာက Windows တက်တက်ချင်း run တဲ့ program ပါ။ အများအားဖြင့် မလိုအပ်တာတွေပဲများပြီး စောင့်နေရတာပဲ ပိုပါတယ်။ အဲဒါတွေကို Disable လုပ်မယ်ဆိုရင်တော့…Start>Run မှာ msconfig လို့ရိုက်ပါ။ ပြီးရင် startup tab ကို နှိပ်ပြီး Disable All ကို နှိပ်ပါ။ တစ်လက်စတည်း Service tab ကိုလည်း နှိပ်ပါ။ Hide All Microsoft Service ရှေ့မှာ အမှန်ခြစ်ပေးပါ။ ကျန်နေတဲ့ service တွေရဲ့ ရှေ့က အမှန်ခြစ်တွေကို ဖြူတ်ပစ်ပါ။ Antivirus service တွေကိုတော့ မဖြုတ်မိပါစနေဲ့။

၃။ Temp Folder ကို အလိုအလျောက်ဖျက်စေဖို့
Temporary ဖိုင်တွေဟာ program တွေက လိုအပ်လို့ ဖန်တီးလိုက်ပြီးတဲ့နောက်ပိုင်း ကျန်နေခဲ့တဲ့ မလိုအပ်တဲ့ဖိုင်တွေပဲ ဖြစ်ပါတယ်။ ဒီဖိုင်တွေကို အလိုအလျောက်ရှင်းစေချင်ရင်တော့…Start>Run ကနေ gpedit.msc လို့ ရိုက်ပြီး Enter ခေါက်ပါ။ ပြီးရင် Computer configuration> Administrative Templates> Windows Components> Terminal Services> Temporary Folder အတိုင်း သွားပါ။ ပြီးရင် ညာဘက်မှာ Do Not Delete Temp Folder Upon Exit ပေါ်မှာ Double Click နှိပ်ပြီး Disable ကို ရွေးပါ။ ပြီးရင် OK နှိပ်ပြီး ထွက်လိုက်ပါတော့။

၎။ Virtual Memory တိုးပေးပါ
Virtual Memory ဆိုတာက RAM မလုံလောက်တဲ့အခါ Hard disk ထဲမှာ နေရာတစ်ခုသတ်မှတ်ပြီး Memory အတုအဖြစ် သတ်မှတ်သုံးစွဲတာဖြစ်ပါတယ်။ သင့်ကွန်ပျူတာက RAM ပမာဏများနေရင်တော့ ကိစ္စမရှိပေမဲ့ RAM နည်းနေရင်တော့ Virtual Memory ကို တိုးပေးပါ။ တိုးနည်းကတော့...Start>Run ကနေ sysdm.cpl လို့ရိုက်ပြီး Enter ခေါက်ပါ။ Advanced tab ကို နှိပ်ပါ။ အပေါ်ဆုံးက Setting button ကို နှိပ်ပါ။ Advanced ကို နှိပ်ပါ။ Change ကို နှိပ်ပါ။ initial size text box ထဲမှာ လက်ရှိ RAM ပမာဏရဲ့ ၁.၅ ဆရိုက်ထည့်ပါ။ Maximum size text box ထဲမှာတော့ လက်ရှိ RAM ပမာဏရဲ့ ၃ဆ ရိုက်ထည့်ပါ။ ပြီးရင် Set ကို နှိပ်ပါ။ OK နှိပ်ပြီး ထွက်လိုက်ပါ။

၅။ မလိုအပ်တဲ့Font တွေကို ဖျက်ပစ်ပါ
Program တစ်ခုတင်လိုက်တိုင်း Font တွေ တိုးတိုးသွားတာကို သင်သတိပြုမိရဲ့လား။ Fonts တွေ အများကြီးရှိနေရင် Windows တက်တာကအစ Program တွေ ဖွင့်တာအဆုံး ကြာနေတတ်ပါတယ်။ ဒါကြောင့် မသုံးတဲ့ font တွေကို ဖျက်ပစ်ပါ။ ဖျက်နည်းကတော့ Start>Run ကနေ fonts လို့ရိုက်ပြီး Enter ခေါက်ပါ။ Fonts တွေ ပေါ်လာပါလိမ့်မယ်။ မသုံးတဲ့ font ကို select လုပ်ပြီး Delete Key ကိုသာ နှိပ်လိုက်ပါ။ Windows က သုံးတဲ့ Font တွေ မဖျက်မိတော့ သတိထားပါ။

၆။ Visual Effect တွေကို လျှော့ချပါ
Windows XP မှာ အမြင်လှပအောင်လုပ်ပေးနေတဲ့ Visual Effect တွေကို လျော့ချပေးပါ။ လုပ်နည်းကတော့…Start>Run မှာ sysdm.cpl လို့ရိုက်ပြီး Enter ခေါက်ပါ။ Advaned ကိုနှိပ် အပေါ်ဆုံးက Setting ဆီ သွားပြီး Adjust for best performance ကို ရွေးပေးပါ။

ပြီးရင် OK နှိပ်ပြီး ထွက်လိုက်ပါ။

Thursday, February 4, 2010

internet sharing ဘယ်လို ခွဲသုံးမလဲ…။



• အင်တာနက် ခွဲယူသုံးစွဲဖို့ရာ နှစ်လုံးစလုံးမှာ Lan card ရှိဖို့လိုပါတယ်။ ဒါက အလွယ်ကူဆုံး နည်းပါ…။ မူရင်းအလုံးက PC ဖြစ်ပြီး ခွဲယူသုံးမယ့်တစ်လုံးက notebook ဆိုလဲ ရပါတယ်။ notebook မှာ wireless ပါထားပြီးသားပါ။ ခွဲပုံခွဲနည်းလေးကို အောက်မှာ ပြထားပါတယ်…။

ခွဲပေးမည့် မူရင်းအလုံး ကို ဘယ်လို setting ချမလဲ…။

_ Start >> Setting >> Network Connections ကို သွားလိုက်ပါ။ မိမိလက်ရှိသုံးနေသည့် wireless icon လေးကို တွေရမှာပါ…။ ခွဲပေးမယ့် အလုံးကနေ wireless ကို ဖွင့်လိုက်ပါ…။ ပြီးလျှင် Right click >> properties ကို ၀င်လိုက်ပါ…။


Advance ကို ကလစ်လိုက်ပြီး ပုံထဲကအတိုင်း Allow other network user to connect through this computer's internet connection ဆိုတာကို အမှန်ခြစ်ကလေး ပေးလိုက်ပါ…။



အဲ့လို အမှန်ခြစ်ပေးပြီးတာနဲ့ ပထမ wireless icon လေးဟာ အခုလို ပုံလေးပြောင်းသွားမှာပါ။ ပထမ တစ်လုံးက အင်တာနက် သုံးစွဲလို့ ရနေပြီဖြစ်တဲ့အတွက် ကျွန်တော်တို့အနေဖြင့် ပထမအလုံးရဲ့ DNS ကို သိဖို့လိုအပ်ပါတယ်။ အဲ့ဒါက ဒုတိယအလုံးမှာ ဖြည့်ရမှာမို့ပါ…။ wireless to wireless (notebook) မှာတော့ Notebook တော်တော်များများဟာ dns ကို auto config လုပ်ပေးပါတယ်။ မလုပ်ပေးတော့လဲ လက်နဲ့ ရိုက်ထည့်ပေါ့။
တစ်ကယ်လို့ ဒုတိယတစ်လုံးက PC ဖြစ်နေပြီး lan card ဖြင့် ချိတ်လို့ DNS server address ကို မသိဘူး ဖြစ်နေတယ်…။ ဖြည့်မတတ်ဘူးဖြစ်နေရင် မခက်ပါဘူး . အောက်ကအတိုင်း ပထမတစ်လုံးရဲ့ dns address ကို ယူလိုက်ပါ…။





ပထမတစ်လုံးကနေ Dns server address ဘယ်လိုယူမလဲ ။
• start>>>> run>>>cmd လို့ ရိုက်ထည့်ပြီး ipconfig /all လို့ ရိုက်ထည့်ပေးပါ
• ပြီးရင် enter ခေါက်လိုက်ပါ။
• အဲ့ဒီ့မှာ ယခုလက်ရှိ သုံးနေတဲ့ Ip ရဲ့ DNS လိပ်စာကို တွေ့ရမှာပါ။ အဲ့ဒီ့တွေ့ရတာဟာ ကျွန်တော်တို့ ဒုတိယအလုံးမှာ ဖြည့်ထည့်ရမယ့် dns ပါ။ ip address မတူပေမယ့် dns ကတော့ တူမှ ရပါမယ်။ ဒါလေးတစ်ချက်ကို သတိထားမိဖို့ပဲ လိုတာပါ။ ကျန်တာကတော့ သိပ်အရေးမကြီးပါဘူး…။ အခု ပထမအလုံးရဲ့ dns ကိုလဲသိပြီဆိုရင် ဒုတိယအလုံးမှာ သွားဖြည့်မယ်ဗျာ . သွားဖြည့်တဲ့နေရာမှ တစ်ချက်ကလေး သတိထားပေးပါ။



ဒုတိယတစ်လုံးမှာ ဖြည့်ရမှာက
• IP address = "192.168.0.1" (ကဲဒီနေရာမှာ ပြောပြစရာရှိတာက . 192.168.0.1 ဆိုတာနဲ့ အဲ့ဒီ့ Private ip ကိုပဲ အသေ မတွက်ထားပါနဲ့ IP Address = "192.168.0.0" ကနေ "192.168.255.255" အထိ ဖြည့်ထည့်လို့ရပါတယ် . နောက်ဆုံးကဂဏန်းမှာ "0.0" ကနေ "255.255" အထိ ထည့်နိုင်ပါတယ်)
• Subnet mask = "255.255.255.0" ဆြိုပီးထည့်ပါ မထည့်ချင်လဲ TAB ခုန်လိုက်တာနဲ့ auto ဖြည့်ပေးပါလိမ့်မယ် . မဖြည့်ပေးတော့လဲ ဖြည့်ထည့်လိုက်ပေါ့…။
• Dns : --. -- . -- . -- ကတော့ အပေါ်မှာ ပြထားတဲ့အတိုင်း ပထမတစ်လုံး ip ရဲ့ dns ကို ဖြည့်ပေးရမှာပါ ဘယ်လို dns ကို ရယူမလဲဆိုတာကိုလဲ ပြောပြထားပြီးပါပြီ။
• အားလုံးပြီးရင်တော့ Ok ပေးလိုက်ပါ။

Monday, February 1, 2010

flash drive ကို format ချမရရင်...။ ( DOWNLOAD )

မိမိတို့ flash drive များကို format ချမရတဲ့ အခါမျိုးမှာ အခုတင်ပေးတဲ့ hp usb disk storage format tool ကို သုံးပြီး စမ်းကြည့်လိုက်ပါ။ အသုံးပြုနည်းကတော့ လွယ်ပါတယ်... software ကို install လုပ်ပြီးတာနဲ့ ဖွင့်လိုက်ပါ။ ပြီးတာနဲ့ မိမိ format ချမရတဲ့ storage device ရဲ့ Port ကို ရွေးပြီး type မှာ NTSC ကို ရွေးပြီးတော့ start ကို နှိပ်ပေးလိုက်ပါ...။ လွယ်ပါတယ်...လိုချင်ရင် Download လုပ်လိုက်ပါ...။
(မှတ်ချက်။ ။pc တစ်လုံးတွင် format ချမရပါက တစ်ခြား pc တွင် အဆိုပါ program ကို install လုပ်ပြီး တစ်ခြား pc ဖြင့် format ချကြည့်ပါ။ )