gmail မှာ free phone call ထည့်ကြမယ်။ တချို့ gmail တွေမှာမရကြဘူး။
မရတဲ့သူတွေအတွက်ပေါ့၊ ဒီ phone call လေးကတော့ USA နဲ့ Canada ကတော့ free ပေါ့ ။
တခြားနိုင်ငံတွေကြတော့ 1 minuate ကို US $ ငွေ ပေးဆောင်ရမှာပါ။ USA နဲ့ Canada မှာနေတဲ့လူတွေကြတော့ကောင်းတာပေါ့။
free ဆိုတော့ ဘယ်နိုင်ငံကိုဘယ်လောက်ပေးဆောင်ရမယ်ဆိုတာကိုသိချင်ရင်တော့ (https://www.google.com/voice/rates#)မှာသွားကြည့်လို့ရပါတယ်။
အလွန်ကိုကောင်းပါတယ်။ Install လုပ်ပေးရမှာဖြစ်ပါတယ်။
အသေးစိတ်ကိုသိချင်ရင်တော့ http://forverfriends.ning.com/profiles/blogs/font-stylefontweight-bold မှာသွားကြည့်လိုက်ပါ။
“စိတ္တေန နိယတိ လောကေ” လောကော - လောကကြီးတွင် စိတ္တေန - စိတ်သည် နိယတိ - ဦးဆောင်သည်။ {လောကကြီးတစ်ခုလုံးကို စိတ်ကသာလျှင် ဦးဆောင်သည်။ “မြတ်ဗုဒ္ဓ”} ဒီ Blog လေးကို August1,2009(Sat) ကစတင်တည်ဆောက်ခဲ့တယ်။
Tuesday, August 31, 2010
Vista Transformation Pack 9.01 <<< Download Now
Vista Transformation Pack 9.01
Windows XP မှာ Windows Vista ပုံစံ လုပ်ချင်တယ်ဆိုရင်....။
Vista Transformation Pack 9.01 ကို ဒေါင်းပြီးတော့... Run ပေးလိုက်ပါ။
အလှကြိုက်သူများ..... အဆင်ပြေပါစေ။

ကွန်ပျုတာဖွင့်တာနဲ့သီချင်းသံကြားအောင်လုပ်ကြမယ်...
computer စဖွင့်တာနဲ့ သီးချင်းလေးနားထောင်ပြီးအလုပ်လုပ်တတ်တယ်ဆိုရင်....
အကြံပေးပါရစေ။ လုပ်လို့ရတဲ့နည်းကတော့ အများကြီးရှိမှာပါ ။
လုပ်မယ်နည်းလေးကတော့....
JetAudio (Media Player) ကို ဖွင့်မယ် ပြီးရင်၊
Ctrl + T or PLAYLIST ကို click လုပ်ပါ။
jetAudio Playlist box ပေါ်လာပါမည်....။
Playlist ထဲကိုမိမိ ကြိုက်တဲ့သီချင်းလေးတွေရွေးထည့်ပါ။(အမြဲတမ်းနားထောင်တတ်တဲ့သီးချင်းလေးတွေပေါ့။)
ရွေးပြီးသွားရင် play list ပေါ်မှာ right click နှိပ်လိုက်ပါ ။ Export ကိုclick နှိပ်ပါ file ကိုပြန်ရှာရလွယ်အောင်ပေါ့။
save in မှာ Desktop ကိုရွေးလိုက်ပေါ့။ File name ကို မိမိကြိုက်နက်သက်ရာပေးနိုင်ပါတယ်။ ပြီးရင် save ကို click နိုပ်ပါ။
ဒါဆိုရင် Desktop ပေါမှာ မိမိ ပေးလိုက်တဲ့ file name နဲ့တွေပါလိပ်မယ်..... အဲဒီ file ကို copy ကူးပါ ၊
start ---> All Program -->Startup ကို right click ---> open နှိပ်ပါ။
ပေါ်လာသော startup folder ထဲသို့ ခုနက file ကို past ပေးလိုက်ပါ ။
ဒါဆိုရင် computer ဖွင့်လိုက်တာနဲ့သီချင်းကဖွင်စရာမလိုတော့ပါဘူး ...အားလုံးဆင်ပြေပါစေ.... ။
(မှတ်ချက်) Media player တိုင်းမှာလုပ်နိုင်ပါတယ်။

Wednesday, August 25, 2010
G-mail အကောင့်လုံခြုံအောင်….။
ဂျီမေးလ်ကိုအသုံးပြုနေတာတော့ အတော်ကြာပါပြီ။ မရှိမဖြစ်လောက်ကို သုံးနေရတာပါ။ ဒီတော့ ဂျီမေးလ် အကောင့်လေးနှင့် ပါတ်သက်လာရင် တော်တော်လေး လန့်ပါတယ် ။ Hack တယ်လို့ ကြားရင် ကိုယ့်မေးလ်လေး စိတ်မချဖြစ်ရပါတယ်။ ဒါ့ကြောင့်လည်း G-Mail Account လုံခြုံအောင် အမြဲတမ်း ရှာ ဖွေနေမိပါတယ်။
ကျနော်လိုပဲ G-Mail Account အတွက် စိုးရိမ်နေရသူများအတွက် အကြံကောင်းတစ်ခု တော့ပေးလိုက်ပါ ရစေ…။
ဘာပညာမှတော့ထူးထူးဆန်းဆန်းမပါ ပါဘူး။ ပညာရှင်များအတွက်တော့ ဟာသတစ်ခုလို ဖြစ်နေမှာပါ။
ဒါပေမယ့်လည်း….. မသိသေးသူများအတွက် ရည်ရွယ်ပြီး ရှင်းပြလိုက်တာပါ ။
ပထမအဆင့် (Protocol Secure)
မိမိ G-Mail Account ကို HTTPS setting သို့ပြောင်းပါ။ HTTP Protocol ထက် ပိုပြီး လုံခြုံတဲ့ အဆင့် တစ်ခုပါတယ်။ သူက HTTPS Protocol (secure protocol) ပါ။
ပြု့လုပ်ရတာလွယ်ပါတယ်….။
(၁) မိမိ G-Mail Account ကို Sign up ၀င်လိုက်ပါ။
(၂) yourmail@gmail.com ဘေးနားမှ Settings ထဲကို ၀င်လိုက်ပါ။
(၃) General မှာ Browser connection မှ Always use https ကို Select မှတ်ပေးလိုက် ပါ။
(၄) အောက်ဆုံးမှာသွားပြီး Save Changes လုပ်လိုက်ရင်ရပါပြီ။
G-mail ကို ၀င်လိုက်တိုင်း http:// မဟုတ်တော့ပါဘူး https://ဖြစ်နေတာကိုတွေ့ရမှာပါ။
ဒုတိယအဆင့် Password
G-mail Account password ကို ရိုးရိုမပေးထားပါနဲ့ ။ ဥပမာ( password) ဆိုတာမျိုးထက်
(pAssWord123SeCurE ) လို့ complex ဖြစ်အောင်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။
Account password ကို တနှစ်မှာ အနည်းဆုံး နှစ်ကြိမ်ပြောင်းရန် Google တိုက်တွန်း ထားပါတယ်။ Microsoft အဆိုအရ password တစ်ခုဟာ (၇၂) ရက်ထက်ပိုပြီး မလုံခြုံပါ ဘူးလို့ ပြောထားတာလည်း ရှိပါတယ်။
တတိယအဆင့် Password recovery options
အရေးအကြောင်းရှိလို့ ကိုယ့်Account password မေ့သွားရင် ဖြစ်ဖြစ၊် ဒါမှမဟုတ်…… အခြားသူတစ်ယောက်က မိမိအကောင့်ကို password recovery လုပ်ပြီးအခိုးမခံရအောင်
မိမိ G-mail Account စဖွင့်တဲ့အချိန်က ပေးထားသော recovery အကောင့်ကိုများသောအားဖြင့် တစ်ယောက် ယောက်ရဲ့ Accouny ကိုပေးထားလေ့ရှိပါတယ်။
အဲဒီလို ပေးထားရင် အကောင်းဆုံးက အမြန်ဆုံးပြောင်းလိုက်ပါ။ မိမိရဲ့ Account Recovery ကိုလည်း စိတ်တိုင်းကျ ပြောင်းရအောင်….
(၁) မိမိအကောင့်ကို Sign up လုပ်ဝင်လိုက်ပါ။

(၃) Account and Import မှ အောက်ဆုံးမှာရှိသော Google Account setting မှ
Visit your Google Account setting ကလစ်နှိပ်ဝင်ပါ
(၄) Personal Settings အောက်မှ Change password recovery options ကို
ဝင်ပြီး မိမိစိတ်တိုင်းကျ လုံခြုံစိတ်ချရအောင်ပြောင်းနိုင်ပါသည်။
ဒီလောက်လုပ်ပြီးရင်တော့ တော်တော်လေးစိတ်ချရပါပြီ Google နှင့် အဆင့်မြင့်နည်းပညာ သုံး မသာမာသော .......ပညာရှင်များသာလျှင် မိမိအကောင့်ကိုခိုးနိုင် ဖတ်နိုင်ပါလိမ့်မည်။

Labels:
ဆောင်းပါး။ ကွန်ပျူတာနည်းပညာ ကဏ္ဍ
Subscribe to:
Posts (Atom)