Autoplay ဖြုတ်နည်း
Virus ဆိုတာကိုယ်ကွန်ပြူတာထဲကို တနည်းမဟုတ်တနည်းဝင်တတ်ပါတယ်။ ကွန်ပြူတာကို internet ကမဟုတ်ရင်။ USB ကပဲ ဖြစဖြစ် MP4,MP3 ကနေလည်းဝင်ရောက်တက်ပါတယ်။ အဲဒီလို မဖြစ်ရအောင် ကြိုတင်ကာကွယ်နည်းတစ်ခုပါ။
USBကိုကွန်ပြူတာမှာတပ်လိုက်ရင် autoplay ဆိုပြီးတော့box တခုတတ်လာတယ်နော်။ အဲဒါကို သတိမထားမိပဲ တခါတည်း Open လိုက်ရင် ကိုယ်ကွန်ပြူတာထဲကို USB ထဲမှာ Virus သာရှိခဲ့မယ်ဆိုရင် တခါတည်းဝင်ရောက်တက်ပါတယ်။ မ၀င်ရအောင် ကြိုတင်ပိတ်ထားတဲ့နည်းကတော့...
Run >>gpedit.msc လို့ရိုက်ထည့်လိုက်ပါ။ Group Policy box ကျလာပါ့လိမ်မယ်။
Cmputer configuration နှင့်
User configuration ဆိုပြီးတွေ့လိမ့်မယ်။
(၁) Computer configuration >>administrative templates >>system ကိုသွား။
System ကို click ပေးလိုက်။
ညာဖက်မှာ turn off autoplay ဆိုတာကို Double click ပေးလိုက်ပါ။enable >>apply>> ok.
(၂) user configuration >> administrative templates >>system သွားပါ။
System ကို click ပေးလိုက်။ ညာဖက်မှာ turn off autoplay ဆိုတာကိုDouble click ပေးလိုက်ပါ။ enable >>apply>> ok.
အဲလိုဆိုရင် USB ကနေ Virus မ၀င်နိုင်တော့ပါ။
“စိတ္တေန နိယတိ လောကေ” လောကော - လောကကြီးတွင် စိတ္တေန - စိတ်သည် နိယတိ - ဦးဆောင်သည်။ {လောကကြီးတစ်ခုလုံးကို စိတ်ကသာလျှင် ဦးဆောင်သည်။ “မြတ်ဗုဒ္ဓ”} ဒီ Blog လေးကို August1,2009(Sat) ကစတင်တည်ဆောက်ခဲ့တယ်။
Friday, June 10, 2011
“ နားလည်မှူ ”
“ နားလည်မှူ ”
…..မြင်ပါရက်နှင့်
မျက်နှာလွဲသွားတဲ့....
……ရက်စက်သူလို့
စွဲချက်မတင်ပါနဲ့နော်...။
အပြုံးချိုချိုလေးတွေနှင့်
ဆုံလိုက်တိုင်း မသိသလိုနေတတ်ခဲ့လို့ 
ဥပေက္ခာ ပြုရက်သူလို့
မယူဆလိုက်ပါနဲ့နော်...။
…ပုံရိပ်လေးနဲ့ တွေ့လိုက်တိုင်း
တမင် သွေဖယ်သွားခဲ့တဲ့
…..မာနရှင်လို့
အပြစ်မဖွဲ့လိုက်ပါနဲ့နော်...။
တကယ်ဆို…………
ဖွင့်ဆိုခွင့် မရှိတဲ့
လူတစ်ယောက်ရဲ့
သိက္ခာ နဲ့ စည်းကို
လည်နိုင်မယ်ဆိုရင်
ဟန်ဆောင်မှုတွေကို…..ခ၀ါချပြီး
ပျော်ရွှင်မှု…နေ့ရက်တွေကိုလက်တွဲ
နားလည်မှု ရလဒ်တွေနှင့်
ရှေ့ဆက်ရမယ့်……အနာဂတ်ခရီးဟာ
သာယာလှပလာမှာပါ…………။
…..မြင်ပါရက်နှင့်
မျက်နှာလွဲသွားတဲ့....
……ရက်စက်သူလို့
စွဲချက်မတင်ပါနဲ့နော်...။
အပြုံးချိုချိုလေးတွေနှင့်
ဆုံလိုက်တိုင်း မသိသလိုနေတတ်ခဲ့လို့ 
ဥပေက္ခာ ပြုရက်သူလို့
မယူဆလိုက်ပါနဲ့နော်...။
…ပုံရိပ်လေးနဲ့ တွေ့လိုက်တိုင်း
တမင် သွေဖယ်သွားခဲ့တဲ့
…..မာနရှင်လို့
အပြစ်မဖွဲ့လိုက်ပါနဲ့နော်...။
တကယ်ဆို…………
ဖွင့်ဆိုခွင့် မရှိတဲ့
လူတစ်ယောက်ရဲ့
သိက္ခာ နဲ့ စည်းကို
လည်နိုင်မယ်ဆိုရင်
ဟန်ဆောင်မှုတွေကို…..ခ၀ါချပြီး
ပျော်ရွှင်မှု…နေ့ရက်တွေကိုလက်တွဲ
နားလည်မှု ရလဒ်တွေနှင့်
ရှေ့ဆက်ရမယ့်……အနာဂတ်ခရီးဟာ
သာယာလှပလာမှာပါ…………။
How to fix System Restore?
How to fix System Restore?
Windows XP နဲ့ Vista မှာ System Restore ဟာ Registry နဲ့ အရေးကြီးတဲ့ System file တွေကို အလိုလျောက် မကြာခဏ ထိန်းသိမ်းထားပေးပါတယ်။
ဒါပေမယ့် System Restore က Back up တွေ Restore Point တွေကို ဖန်တီး မပေးနိုင်တော့တဲ့ အခြေအနေတွေ ရှိလာတတ်ပါတယ်။
Free Space အလုံအလောက် မရှိတဲ့အခါ။ Restore Point တစ်ခုကို create လုပ်ဖို့ System Partition (သို့) System Drive မှာ အနည်းဆုံး Free Space 200 MB လိုပါတယ်။
တကယ်လို့ Free Space လုံလုံလောက်လောက် မရှိခဲ့ရင် PC ဟာ Restore Point အသစ်တွေကို ဆက်လက် Create လုပ်ပေးတော့မှာမဟုတ်ပါဘူး။
ပြီးတော့ ရှိပြီးသား Restore Point တွေကိုလည်း ဖျက်ပစ်နိုင်ပါတယ်။ Task Scheduler အလုပ် မလုပ်တဲ့အခါ။
System Restore ဟာ Restore Point တွေကို နေ့စဉ်အလိုလျောက် Create လုပ်ပေးနိုင်ဖို့ Windows ရဲ့ Task Scheduler ကို အသုံးပြုပါတယ်။
Task Scheduler အလုပ် လုပ်/မလုပ် စစ်ဆေးဖို့ Start ကိုနှိပ်၊ Run မှာ services.msc ကို ရိုက်ပြီး ၀င်ပါ။
Services Dialog Box ပေါ်လာရင် Scroll Bar နဲ့ အောက်ကိုဆင်း၊ Task Scheduler မှာ Right Click နှိပ်ပြီး Properties ကို ရွေးပါ။
Service Status မှာ Start လုပ်မထားသေးရင် Start ကို နှိပ်ပါ။
ပြီးရင် Startup Type မှာ Automatic ကို ရွေးပြီး OK ကို နှိပ်ပါ။
Operating System မရပ်မနား အမြဲအလုပ်လုပ်နေရတဲ့အခါ System Restore ဟာ PC ဖွင့်ထားပေမယ့် အလုပ်မလုပ်ဘဲ နားနေတဲ့အချိန် (Idle State) Restore Point တွေကို အလိုလျောက် အမြဲ ဖန်တီးပေးပါတယ်။
PC ကို အမြဲ ပိတ်ထားရင် ဒါမှမဟုတ် အမြဲအလုပ်လုပ်နေရင် System Restore ဟာ အလုပ်လုပ်မှာ မဟုတ်ပါဘူး။
System Restore ဟာ ပုံမှန် အလုပ်လုပ်နေရင်တောင်မှ Restore Point တိုင်းကို အသုံးပြုလို့မရပါဘူး။
Restore Point တိုင်းဟာ ပြည့်စုံတဲ့ Back up တွေ မဟုတ်ပါဘူး။
Restore Point တစ်ခုစီဟာ ယခင် Restore Point နောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ပြောင်းလဲမှုတွေကိုသာ ထိန်းသိမ်းထားပါတယ်။
မူလအခြေနေကောင်းတစ်ခုခုကို ပြန်လည်ရယူနိုင်ဖို့ System Restore ဟာ Restore Point တွေအားလုံးကို အသုံးပြုရတဲ့ အခြေနေတွေကြုံလာတတ်ပါ တယ်။ အဲဒီလိုကြုံလာရတဲ့ အခြေအနေမျိုးမှာ Restore Point တစ်ခုခု ပျက်စီးသွားခဲ့မယ်ဆိုရင် တခြား Restore Point တွေကိုလည်း သုံးလို့ရတော့မှာမဟုတ်ပါဘူး။
တကယ်လို့ အလုပ်ဆက်လုပ်ဖို့ Restore Point တစ်ခုမှ မရနိုင်တော့ဘူးဆိုရင် Restore Point အားလုံးကို ဖျက်ပစ်ပါ။
System Restore ကို Off လုပ်ပြီး ပြန် On ပါ။ Window XP မှာ Start ကို နှိပ်ပြီး Run မှာ sysdm.cpl ကို ရေးပြီး ၀င်ပါ။
System Restore Properties Dialog Box မှာ System Restore Tab ကို နှိပ်ပြီး Turn off System Restore on all drives ဘေးမှာ အမှန်ခြစ်ကလေး ပေးလိုက်ပါ။
Apply ကို နှိပ်ပါ။ ပြီးရင် စောစောက အမှန်ခြစ်ထားတာ လေးကို ပြန်ဖြုတ်ပြီး OK ကို နှိပ်ပါ။ Window Vista မှာဆိုရင် Start ကို နှိပ်ပြီး sysdm.cpl ကိုရေးပြီး Enter ကို နှိပ်ပါ။ System Protection tab ကို နှိပ်ပြီး ဒါမှမဟုတ် open System Protection ကို ရွေးချယ်ပြီး Local Disk (C:) ဘေးက အမှန်ခြစ်လေးကို ဖြုတ်ပါ။
System Restore Pop-up မှာ Turn off System Restore ကို ရွေးချယ်ပါ။
Apply ကို နှိပ်ပါ။
ပြီးရင် Local Disk (C:) ကို ပြန်စစ်ဆေးပြီး OK ကို နှိပ်ပါ။

window မတက်နိုင်ဘဲ hal.dll is missing or corrupt ဖြစ်နေရင်..

မိမိ computer ကို စဖွင့်တဲ့အချိန်မှာ windows တက်မလာဘဲ " windows root\system32\hal.dll is missing or corrupt ..." ဆြိုပီးစာတမ်းဘဲတက်တယ် ဘာမှဆက်လုပ်လို့ မရတော့ရင်.... မစိုးရိမ်ပါနဲ့ .။ ပြေလည်အောင် ဖြေရှင်းလို့ရပါတယ်...။
- ပထမဦးဆုံးမိမိ computer က harddisk ကို ဖြုတ်
- အခြား computer တစ်လုံးမှာ ပေါင်းပေးပြီး windows တက်လိုက်
- ပြီးရင် full scan စစ်လိုက်(KIS 7 နဲ့ စစ်ရင် ပိုကောင်းတယ်လို့ ထင်ပါတယ်။)
- မူလက my computer ထဲမှာ parititon 2 ပိုင်း( C /D ) ရှိတယ်ဆိုရင်...
အခု နောက် harddisk တစ်လုံးလာပေါင်းထားတာဆိုတော့ (E / F) ဆြိုပီးထပ်တိုးလာမယ် အားလုံး Partition ၄ ပိုင်း ဖြစ်နေလိမ့်မယ်...။
- ဒါဆိုရင် C:/Windows/ System 32/ hal.dll ဆိုတဲ့ဖိုင်ကို copy လုပ်
- ပြီးရင် E:/ Windows/ System 32 ထဲမှာ paste လုပ်
ဒါဆိုအားလုံးပြီးသွားပြီး..။
ဒီ့ထပ်ပိုသေချာချင်ရင် ဒီဖိုင် ကိုဒေါင်းပြီး E:/ Windows/ System 32 ထဲမှာသွားထည့်ပါပြီးရင် အဲဒီဖိုင်ကို double click လုပ်ပြီး install လုပ်ပေးခြင်းဖြင့် ပျက်စီးနေတဲ့ .dll ဖိုင်တွေကိုပါ repair လုပ်ပေးပါလိမ့်မယ်
အားလုံးပြီးသွားရင် သူ့ harddisk နဲ့ သူ့ System Unit ကို ပြန်တြွဲပီး windows တက်လိုက်ပါ ။

Window password ကိုသူများပြောင်းလို့ မရအောင်လုပ်နည်း...

ကွန်ပျူတာကို password ခံထားတတ်ကြပါတယ်...။
passwordခံထားရုံနဲ့ မလုံလောက်သေးဘူးထင်ရင်တော့ ဒီနည်းလေးကိုသုံးကြည့်လိုက်ပါ..။.
၁၊ window+R နှိပ်ပြီRun box ခေါ်လိုက်ပါ။
၂၊ gpedit.msc ကိုရိုက်ထည့်ပြီ ok(or)Enter နှိပ်လိုက်ပါ။
၃၊ Group Policy Object Editor ဆိုတဲ့ box လေးကျလာပါလိမ့်မယ်။
၎၊ အဲဒီ box ရဲ့ Local Computer Policy အောက်က User Configuration
ကိုသွားလိုက်ပါ။
၅၊ User Configuration ရဲ့အောက်မှ Administrative Template ဆိုတာလေးကို double
click ပေးပြီသူ့ရဲ့အောက်က system ဆိုတာလေးကို double click ထပ်ပေးလိုက်ပါ။
၆၊ ပြီးရင်တော့ ညာဘက်မှာရှိနေတဲ့ setting ရဲ့အောက်က Ctrl +Alt +Del ဆိုတာလေးကို
double click ပေးပြီဝင်လိုက်ပါ။
၇၊ အပေါ်ဆုံးမှာမြင်နေရတဲ့ Remove change password ကို double click လုပ်ပြီး
ဝင်လိုက်ပါ။
၈၊ အဲဒီမှာ Remove Change Password Properties ဆိုတဲ့ box လေး
ထပ်ပေါ်လာပါလိမ့်မယ်။
၉၊ အဲဒီ box ရဲ့ setting ထဲက Enable ဆိုတာလေးကိုအမှန်ခြစ်လေးပေးပြီး apply , ok
ပေးလိုက်ရင် သူငယ်ချင်းကွန်ပျူတာ ပိုပြီးတော့စိတ်ချရပါလိမ့်မယ်..။

blue screen errors..
blue screen errors..
windows တွင် blue screen error တက်ရင်ပေါ်သောစာသားများကိုမှတ်ပြီး၊ ဘယ် complement က errors တက်တယ်ဆိုတာကိုသိနိုင်ပါတယ်။ errosတက်ရင်ပေါ်သောcode များဖြစ်ပါတယ်။
1xxxxx-----Motherboard errors
2xxxxx-----main memory errors
3xxxxx-----keyboard errors
5xxxxx-----color graphic adapter errors
6xxxxx-----Floppy disk controller errors
14xxxx-----Printer errors
17xxxxx---hard drive controller errors
86xxxxx----Mouse errors
ကျွန်တော်ဖတ်သောစာအုပ်ထဲမှ reference လုပ်ထားတာပါ။
အကယ်လို့သင်တို့ကွန်ပျူတာတွင် blue-screen တက်လာရင်ဒါလေးကို သတိထားပြီးကြည့်ပေးပါ။

Subscribe to:
Posts (Atom)