Saturday, October 13, 2012

C8812 နဲ့ U8818 အတွက် Root လုပ်နည်း



Unlockbootloader.exe ကို run လိုက်ပါ။

Root ရဖို့အတွက် အောက်ပါအတိုင်း လုပ်ဆောင်ပါ။

unlockbootloader.exe ကို download ဆွဲထားလိုက်ပါ။

ဖုန်းကို ပါဝါဖွင့်ထားပါ။
USB Debugging on ထားပါ။ ကွန်ပျူတာနဲ့ချိတ်လိုက်ပါ။
ဒေါင်းထားတဲ့ unlockbootloader.exe ကိုrun လိုက်ပါ။
program တခု ပေါ်လာပါလိမ့်မယ်။
Root ကိုနှိပ်လိုက်ပါ။
ဘာမှထပ်မနှိပ်ပဲ စောင့်နေပါ။
နောက်ဆုံး unlockbootloader.exe ကသူ့မှာသူ ပိတ်သွားလိမ့်မယ်။
ပြီးရင်ဖုန်းကို restart ချလိုက်။
တခါတလေ ဖုန်း boot မှာရပ်နေတတ်တယ်။
ဘာမှမဖြစ်ပါဘူး မစိုးရိမ်ပါနဲ့။
Baterry ဖြူတ်လိုက်။ ပြီးရင် ပြန်တပ်ပြီး power ဖွင့်လိုက် ရသွားလိမ့်မယ်။

Huawei U8850 (ONE CLICK ROOT)


U8850root.rar ဖိုင်ကို ဒေါင်းလုပ်ဆွဲပါ။


ပြီးပါက ကွန်ပျုတာ destop ပေါ်တွင် ထိုဖိုင်အား ဖြည်ထားပါ။
root လုပ်လိုသော U8850 ဖုန်းအား usb debugging on ၍ ကွန်ပျူတာနဲ့ ချိတ်ပေးပါ။
ပြီးလျှင် Destop ပေါ်တွင် ဖြည်ထားသော ဖိုဒါ ထဲမှ root.bat ဖိုင်အား run ပေးလိုက်ပါ။
ဖုန်း reboot ဖြစ်တဲ့ချိန်ထိ ခေတ္တစောင့်ပေးပါ။ ဖုန်း reboot ဖြစ်ပြီး ပြန်တက်လာပါက root ရပြီးသော ဖုန်းတလုံးကို ပိုင်ဆိုင်ခွင့်ရရှိသွားပါပြီ။

 

Huawei U8661 Root


အရင်ဆုံး 20120724huawei8661sonic + + U8661.zip  လေးကို ဒေါင်းလုပ်ဆွဲလိုက်ပါ။
ပြီးရင် zip ဖိုင်လေးကို extract ဖြေလိုက်ပါ။ install-superrecovery-windows.bat လေးကို Run ပေးထားပါ သူကတော့ Waiting For Device လိုပြောပါလိမ့်မယ်။ ကိစ္စမရှိပါဘူး Phone ကိုမှ ကြိုးမထိုးရသေးတာ...
Phbone ကို Setting ထဲ ၀င်ပါ System Settings — Applications – Development –  ထဲက USB debugging ကို အမှန်ခြစ်ပေးပါ။
ပြီးရင် System Settings — Applications – ထဲက Unknown Sources ကို အမှန်ခြစ်ပေးပါအားလုံးပြီးရင်တော့ ဖုန်းကို ကွန်ပြုတာဖြင့် အရင်ချိတ်ပါ Driver သိအောင်လုပ်ပြီး Driver အားလုံး အိုကေတယ် ဆိုရင် ကြိုးပြန်ဖြုတ်ပါ… ဘတ်ထရီဖြုတ်ပြီး ငါးစက္ကန့်ထားပါ။ ပြီးရင်တော့ ဘတ်ထရီပြန်ထည့်ကာ Vol Down Key + Power Key ကို တွဲနှိပ်ပြီး Huawei Logo မှာ ရပ်နေသည့် အထိ ဆက်နှိပ်ထားပါ။ Huawei Logo မှာ ရပ်နေတယ်ဆိုတာ သေချာရင်တော့ Key တွေကိုလွှတ်ပြီးတော့ ကွန်ပြုတာဖြင့် ဖုန်းအား စတင် ချိတ်ဆက်ပါ။ ပထမပိုင်းက Run ထားတဲ့ install-superrecovery-windows.bat လေးဟာ သူ့အလိုလို စာတွေရေးသွားပါလိမ့်မယ်။ ပြီးရင် Box လေးပျောက်သွားရင် ဖုန်းကို ကြိုးဖြုတ် ဘတ်ထရီဖြုတ်ပါ။ ငါးစက္ကန့်ကြာမြင့်လျင် ဘတ်ထရီပြန်ထည့်ပါ။ Vol Up Key + Power Key ကို တွဲနှိပ်ထားပါ။ စက်ရုပ်လိုဂိုလေး ပေါ်လာရင် လက်ကိုလွှတ်လိုက်ပါ။ Reboot System Now ကို နှိပ်ပါ။ (Boot Menu တွင် တစ်ခုနှင့် တစ်ခု ရွှေလိုလျင် Vol Up + Vol Down Key တိုဖြင့် အပေါ်အောက်သွားနိုင်ပြီး Enter လုပ်လိုလျင် Power Key ဖြင့် ပြုလုပ်နိုင်သည်။) ဖုန်း Reset ကျသွားပြီး ပြန်တက်လာလျင် Super Su ပုံလေး ပေါ်လာပါမည်။
လွယ်ကူ အဆင်ပြေနိုင်ကြပါစေ…